ပြည်သူလူထုကိုယ်စားလှယ်များပါဝင်သော တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ၂၀၂၅ ခုနှစ်အတွင်းတွင် ဖွဲ့စည်းသွားမည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်မတီ(TPPC) က ဇွန် ၉ ရက်မှာ ထုတ်ပြန်လိုက်သည်။ တအာင်းအမျိုးသားပါတီ(TNP)၊ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) နှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော TPCC အစုဖွဲ့ သုံးဖွဲ့၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိပြုလုပ်ခဲ့သည်။…