Month: February 2023

Loading

ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်ကို ကြိုဆိုသည်ဟု ကမ္ဘာတစ်ဝှမ်းရှိကရင်လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နော်ဆဲဆဲက သံလွင်ခက်ကိုပြောသည်။ ကမ္ဘာတစ်ဝှမ်းရှိ ကရင် လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာဖြင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်အပေါ်နော်ဆဲဆဲက ယခုကဲ့သို့…

Read More

Loading

“မြို့ပေါ်က ဆန္ဒပြပွဲတွေတင်မဟုတ်ဘဲ တောတွင်းက လှုပ်ရှားမှုအခြေအနေတွေကို မှတ်တမ်းတင်ချင်တယ်။ ကျနော်တို့ တစ်ချိန် ဒီအကြောင်းတွေ ပြန်ပြောချိန်မှာ ဒီဓာတ်ပုံတွေ၊ ဒီအထောက်အထားတွေနဲ့ ပြန်ပြောနိုင်တဲ့အခြေအနေတစ်ခုကို ကျနော် သွားချင်တယ်’’ ဟု စစ်မြေပြင်တွင် သတင်းဓာတ်ပုံများ ရိုက်ကူးနေသည့် ဓာတ်ပုံသတင်းထောက် မျိုးဆက်လှသော်က ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်…

Read More

Loading

ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့်စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ကြောင်အား ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်တစ်နေရာတွင် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ၂၇ရက်၊မွန်းလွဲ၂နာရီအချိန်ခန့်တွင် KA၊ KNDFနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ် နှင့်ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ပူးပေါင်းစစ်ကြောင်းကို  ဖယ်ခုံမြို့နယ် တစ်နေရာတွင်တိုက်ခိုက်ခဲ့သည်။ အဆိုပါထိတွေ့ဆုံတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်မှ ၉ဦးသေဆုံး၍ ဒဏ်ရာရသူတချို့ရှိခဲ့သည်။ ထို့ပြင် M.16 (၃)လက်၊ AK(၁)လက်၊…

Read More

Loading

ရေစကြိုမြို့နယ်အတွင်းရှိ ဂွက်ကြီးရွာမှ ပျူစောထီးခေါင်းဆောင်ငါးဦးကို  ညတိုက်ပွဲဖော်ဆောင်ပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ အလယ်သောင်ကျေးရွာအုပ်စုရှိ ဂွက်ကြီးရွာသည် ပျူစောထီးတပ်ဖွဲ့များ စခန်းချနေသည့်ရွာတစ်ခုဖြစ်ပြီး ပျူခေါင်းဆောင်များက ယခုလကုန်ပိုင်းတွင် စစ်ကောင်စီတပ်များ လာရောက်စခန်းချရန် အကူအညီတောင်းထားသည်ကို ကြားသိရသောကြောင့် ယခုလ ဖေဖော်ဝါရီ ၂၅ရက်ညတွင် သွားရောက်သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု Myingyan Black Tiger(MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက‌ သံလွင်ခက်ကို…

Read More

Loading

အွန်လိုင်းမှတစ်ဆင့်ပတ်စ်ပို့စ်လျှောက်ရာတွင် ကွန်ပျူတာနှင့်Wifi တို့ကိုသာအဓိကအသုံးပြုလုပ်ဆောင်နေရသည့်အတွက် မီးမမှန်မှုကလည်း အခက်အခဲတစ်ခုအဖြစ်ရှိနေသည်ဟု လျှောက်ထားသူများက ပြောသည်။ လိုင်းကြပ်မှုများကြောင့် ကွန်ပျူတာဖြင့်သာ အသုံးပြုနေကြသည့်တိုင်   Website ထဲဝင်ရသည်မှာ နာရီနှင့်ချီအချိန်ကြာသည့်အပြင် မီးပျက်နေမှုကြောင့် ခဏခဏပြန်ဝင်ရသည့် ပြဿနာများလည်း ရှိနေသည်ဟု သိရသည်။ ” ဖုန်းနဲ့က လျှောက်ရတာအဆင်မပြေပါဘူး။ လိုင်းကြပ်လို့ လပ်တော့တို့ကွန်ပျူတာတို့နဲ့ပဲ အဆင်ပြေတယ်။ မီးခဏခဏပျက်ရင်တော့…

Read More

Loading

မကွေးတိုင်းဒေသကြီး ၊ရေစကြိုမြို့၊အမှတ် (၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်ချာများဖြင့် Myingyan Black Tiger (MBT)အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည် ။ ဖေဖော်ဝါရီလ ၂၆ရက် ည (၉) နာရီခွဲခန့် တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ဦးဝန်းကျင်သည်  စုပေါင်းရုံးကွင်းအတွင်း တန်းစီနေချိန်တွင်  အဝေးပစ်…

Read More

Loading

စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် အမျိုးသမီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ် ၁၀၂၊ ၄၂၇ တပ်ရင်းများကပစ်သည့်…

Read More

Loading

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေ​သော စစ်ရှောင်များနှင့် CDM ဝန်ထမ်း မိသားစုများအား ထိုင်းရောက်မြန်မာအလုပ် သမားများက စုပေါင်းကူညီထောက်ပံ့ပေးခဲ့သည်ဟုသိရသည်။ အဆိုပါလှူဒါန်းမှုကို ကိုရဲမင်း(AAC) မဟာမိတ်အဖွဲ့မှ ဦး​ဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်”မှကော်မတီဝင်များနှင့်အနုပညာရှင်တချို့တို့ပူးပေါင်းပြီး နေရာသုံး​​နေရာခွဲ၍ လှူဒါန်း​ထောက်ပံ့​ခဲ့သည်ဟု သိရသည်။ ယခုလ ဖေဖော်ဝါရီ ၂၅ရက်တွင် ကရင်ပြည်နယ် အစွန်အဖျား နယ်စပ်​ဒေသများတွင်…

Read More

Loading

စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် အခြားဆက်စပ်ပစ္စည်းများ အမေရိကန်ဒေါ်လာ သန်း၉၆၆သန်းခန့် ဖမ်းဆီးရခဲ့မိသည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ရေးသားဖော်ပြထားသည်။ ဖမ်းဆီးရမိသည့် ဘိန်းနှင့်ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေအားဖြင့် ဘီလီယံနှစ်ထောင်ကျော်ခန့်ရှိနေခြင်းဖြစ်သည်။ နှစ်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် ၃၆၀သန်းကျော်နှင့် ဘိန်းဖြူ ကီလို ၃၇၀၀နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဆေးခြောက်…

Read More

Loading

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ် လေကြောင်းပစ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာသို့ ပျံဝဲပြီး ရွှေမော် တော်များရှိရာသို့ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “ရွှေမော်တော်ရဲ့နောက်မှာ မိသားစု လေးယောက်ရွှေမျောသွားလောင်းနေတာ။…

Read More