Month: October 2022

Loading

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဗိုလ်မှူးချုပ်တာဘုန်းကျော်နှင့်ဆက်သွယ်မေးမြန်းချက်။ မေး။ နွေဉီးတော်လှန်ရေးနဲ့ပတ်သက်ပြီး TNLA ရဲ့နိုင်ငံရေးဉီးတည်ချက်ကဘာလဲ? ဖြေ။ ။နွေဦးတော်လှန်ရေးဟာ လက်ရှိရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အရေးကြီးတဲ့ တော်လှန်ရေးတရပ်ဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့သူတွေ အင်အားစုအသီးသီးရဲ့ မတူထူးခြားတဲ့လုပ်နိုင်စွမ်းအားကို စုစည်းရယူပြီး တကယ့်အဆုံးဖြတ်ပေးနိုင်တဲ့ တော်လှန်ရေးတိုက်ပွဲဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းရပါမယ်။ နွေဦးတော်လှန်ရေးကို တိုင်းရင်းသားအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ဟန်ချက်ညီပေါင်းစပ်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။ နွေဦးတော်လှန်ရေးဟာ…

Read More

Loading

စစ်ကောင်စီတပ် နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်း၏ နောက်ချန်အဖွဲ့မှ ၃၀ဦး ကျော်အထိ ထိခိုက် သေဆုံးအောင် လက်ဦးမှုရယူ၍ အသာစီးပစ်ခတ် တိုက်ခိုက်ထားနိုင်သည့် အခြေအနေမှ ကျည်မလုံလောက်မှု ပြဿနာကြောင့် တပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခဲ့ရကာ ကြီးမားသော ဆုံးရှုံးမှု နှင့် ကြုံခဲ့ရခြင်း ဖြစ်သည်ဟု ထီးလင်း YDF တာဝန်ရှိသူက ပြောသည်။…

Read More

Loading

၏ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စစ်ကောင်စီဂိတ်စခန်းတစ်ခုတွင် ဆိုင်ကယ် မရပ်ပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သားအပါအဝင် လူငယ် သုဲးဦး မှားယွင်း ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကွတ်ခိုင်ဆေးရုံအရှေ့၌ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေစဉ်…

Read More

Loading

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်သည့် အသံကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး အမောဖောက် သတိလစ်သွားရာ ဆေးကုသမှု ခံယူခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။ ယမန်နေ့က စစ်ကောင်စီ ၉၇ တပ်မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောကရိတ်မြို့ခံ အသက် ၇…

Read More

Loading

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ ဒေသခံ တစ်ရာကျော်ကို တစ်ပတ်ကျော်ကြာအထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက် ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။ အောက်တိုဘာ ၁၆ ရက်တွင် အဆိုပါ ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ငါးလက်ရရှိခဲ့ပြီး…

Read More

Loading

ရှမ်းပြည်‌နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ယခုလကုန်အပြီး ဖျက်သိမ်းပေးရန် စစ်ကောင်စီကထပ်မံ ဖိအား‌ပေး ပြောဆိုလာသည်ဟု ဒေသခံများထံမှ သိရသည်။ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားမှု မရှိသော်လည်း မုံးကိုးစစ်ဘေးရှောင်များ၏ မူလနေရပ်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တို့ တပ်စခန်းချထားသည့်အတွက် ဒေသခံများ နေရပ်သို့ ပြန်ရန် အခက်အခဲ ရှိနေကြရသည်ဟု…

Read More

Loading

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ယနေ့ အောက်တိုဘာ ၂၆ရက် နေ့လည် ၁နာရီဝန်းကျင်တွင် ဗန်းဗော်မြို့နှင့် ၅ မိုင်ခန့်အကွာ မံခွန်ရွာနားအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။…

Read More

Loading

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး KIA ကော်မတီက အရေးပေါ်အစည်းအဝေးပြုလုပ်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။ ၎င်းက “လူကြီးပိုင်းတွေ အရေးပေါ် ဆွေး‌နွေးတာ ရှိတယ်။ ဘယ်လိုဆုံးဖြတ်လာမှာလဲတော့ မသိသေးဘူး။ စောင့်ကြည့်နေတယ်။ ဘာမှ ညွှန်ကြားထားတာမရှိသေးဘူး” ဟုဆိုသည်။ စစ်ကောင်စီ ဗုံးကြဲသည့် Anang Pa…

Read More