Browsing: နယ်စပ်သတင်း

Loading

မင်းလက်ပံဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်သဖြင့် ထိုင်းနိုင်ငံသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက်ခြမ်း မင်းလက်ပံရွာနှင့် ကြို့ပင်စစ်ရှောင်စခန်းကြားတွင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး မဲ့ကိုကင်းကျေးရွာနေ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ “စာသင်ကျောင်းနောက်ဘမ်းခြမ်းက ရပ်ကွက် ၉ ထဲကို လက်နက်ကြီးကျတာ၊ ထိုင်းတစ်ယောက်ရဲ့ ပခုံးကို…

Read More

Loading

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယနေ့နေ့လယ် တစ်နာရီခန့်တွင် သစ်သားနှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းခဲ့ရသော အိမ်မှာ မြန်မာဈေးဟု လူသိများသော မဲဆောက်ဈေး၊ လပ်ကီးလက်ဖက်ရည်ဆိုင်ရှေ့လမ်းကြားတွင်ရှိပြီး လျှပ်စစ်ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ရသည်ဟု ကြုံတွေ့ခဲ့ရသူများက ပြောသည်။ “မီးကြိုးက ရှော့ဖြစ်ပြီး မီးထတောက်တော့ အဲဒီအိမ်ရှင်တစ်ယောက်က မိန်းသွားချတယ်။ အဲဒီအချိန်ပဲ မီးထဟပ်တော့ မျက်နှာတစ်ခြမ်းတောင် နည်းနည်းထိသွားတယ်”ဟု…

Read More

Loading

မိုးဦး မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၁) မှအပ ကျန်နယ်စပ်ဖြတ်ကျော်ဂိတ်များကို ထိုင်းဘက်အခြမ်းမှ ၇ ရက်တာ ပိတ်လိုက်ကြောင်း ထိုင်းစစ်တပ်က ကြေညာသည်။ လက်ရှိတိုက်ပွဲများကြောင့် အရပ်သားများနှင့် လက်နက်ကိုင်အဖွဲ့များ ဖြတ်သန်းသွားလာမှုကို တားဆီးရန်အတွက်ဟုဆိုကာ ထိုင်းတော်ဝန်စစ်တပ်က နယ်စပ်ဖြတ်ကျော်ဂိတ်များကို ၇…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း သောင်းရင်းမြစ်ကမ်းတဖက်တချက်တွင် မြန်မာဘက်ခြမ်း၌ မင်းလက်ပံရွာနှင့် ထိုင်းဘက်ခြမ်းတွင် မဲ့ကိုကင်းရွာတည်ရှိသည်။ နိုဝင်ဘာလ နံနက်ပိုင်းတွင် မင်းလက်ပံဒေသအတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြားမှ လက်နက်ကြီးကျည်မှာ ထိုင်းဘက်ခြမ်းသို့ကျရောက်ခဲ့သည်။ အဆိုပါကျည်သည် မဲ့ကိုကင်းရွာရှိ နေအိမ်နှစ်လုံးနှင့် ကားတစ်စီးတို့အား ထိမှန်ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲခဲ့သောကျည်စများမှာ ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊…

Read More

Loading

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းရွာ(မင်းလက်ပံတစ်ဖက်ကမ်း)အတွင်းသို့ လက်နက်ကြီးကျရောက်စဉ် ကျည်ထိမှန်ခံခဲ့ရသော စစ်ဘေးရှောင်မြန်မာကလေးငယ်ကို နရဲစွမ်တပ်ဖွဲ့မှူး (Naresuan Force) ဗိုလ်ချုပ် မိုင်တလီ ချူ့လီချာက မဲဆောက်ဆေးရုံကြီးတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ အသက် ၆ နှစ်အရွယ်ကလေးငယ်မှာယနေ့နံနက်ပိုင်းတွင် မြန်မာဘက်ခြမ်းရှိ မင်းလက်ပံဒေသ၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လာခဲ့ပြီးနောက် လက်နက်ကြီးကျည် အချို့…

Read More

Loading

မြန်မာဘက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိုင်းနိုင်ငံထဲ ကျရောက်ပေါက်ကွဲ၍ ထိုင်းဘက်ခြမ်းတွင် ရောက်ရှိနေရသော ရွှေ့ပြောင်းမြန်မာနှစ်ဦး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၉ နာရီကျော်တွင် ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းရွာနှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း မင်းလက်ပံကျေးရွာတိုက်ပွဲမှ ၆၀ မမ ကျည် တစ်လုံးစီပါသည့်…

Read More

Loading

ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်၊ မင်းလက်ပံရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဦးဆောင်နှိမ်နင်းနေသော်လည်း လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသာ ပူးပေါင်းကူညီမှု ရှိနေသေးသည်ဟု KNU က  (နိုဝင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် မြဝတီမြို့တောင်ဘက်…

Read More

Loading

ထိုင်းနိုင်ငံသို့ ကူးရန် သောင်ရင်းမြစ်သောင်ပြင်တွင် စောင့်ဆိုင်းနေသော မင်းလက်ပံရှိ ကျားဖြန့်လုပ်ငန်းခွင်များမှ ရာနှင့်ချီအရေအတွက်ရှိသော လုပ်သားများသည် ယနေ့ညပိုင်းတွင် အအေးဒဏ်ကြောင့် မီးများဖိုကာ စုရုန်းနေကြသည်ဟု ရောက်ရှိနေသော သတင်းရင်းမြစ်များထံမှ သိရသည်။ ၎င်းတို့တွင် မင်းလက်ပံကျေးရွာရှိ ကျားဖြန့်လုပ်ငန်းခွင်သို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဝင်ရောက်စစ်ဆေးစဉ် လုပ်ငန်းသုံးပစ္စည်းများနှင့်တကွ ဖမ်းမိခဲ့သူများဖြစ်သည်။ နိုင်ငံအားဖြင့်ဆိုရာတွင် အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဖလူးလေးမှ စုကလိအထိ အတွင်းဒေသများကို မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ဖြတ်သန်းသွားလာခွင့်မပြုဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ အရေးပေါ်သွားလာရန်လိုအပ်ပါကလည်း ကြိုတင်သတင်းပေးရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ၎င်းဒေသသည် ကရင်အမျိုးသားအစည်းအရုံးသတ်မှတ်ချက်၊ တပ်မဟာ ၆ နယ်မြေအတွင်းဖြစ်ပြီး ကရင်လက်နက်ကိုင်များ ခွဲထွက်လာသည့်နောက်ပိုင်းတွင် DKBA ထိန်းချုပ်နယ်မြေအဖြစ် တည်ရှိနေခဲ့သည်။ စစ်တပ်၏…

Read More

Loading

ကရင်ပြည်နယ်၊ ထိုင်းမြန်မာနယ်စပ်၊ မင်းလက်ပံရှိ ကာစီနိုဝင်းများတွင် ကျားဖြန့်အလုပ်များ လုပ်ကိုင်ခဲ့သည်ဟု ယူဆရသော လုပ်သားများသည် သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲ့ကိုကင်းရွာသို့ ကူးရန် စောင့်ဆိုင်းနေသည်ဟု သံလွင်ခက်၏ နယ်မြေခံသတင်းထောက်က သတင်းပေးပို့သည်။ DKBA ၏ အကာအကွယ်အောက်တွင်ရှိသော အဆိုပါ ကျားဖြန့်လုပ်ငန်းခွင်များကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ဝင်ရောက်စိစစ်နိုင်ခဲ့ပြီးနောက် အဆောက်အဦးများပေါ်တွင် အွန်လိုင်ငွေလိမ်(ကျားဖြန့်)လုပ်သားများကို လုပ်ငန်းခွင်သုံးပစ္စည်းများနှင့်အတူ…

Read More