Month: September 2023

Loading

ဘုန်းမောင် စက်တင်ဘာ ၂၇၊ ၂၀၂၃။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းရန်အတွက် ပအိုဝ်းအမျိုးသားအခြေခံဥပဒေကိုရေးဆွဲသွားမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းရာတွင် ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တစ်ဆက်တစ်စပ် တည်းသောနယ်မြေများပေါ်အခြေခံပြီးဖော်ထုတ်သွားမည်ဟု သိရသည်။ အဆိုပါ ပအိုဝ်းပြည်နယ်နှင့် ပအိုဝ်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဥ်နှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၂၇ ၊ ၂၀၂၃။ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မန်နိမ့်အွန်အုပ်စု၊ ငေါ့ငါးကျေးရွာကို  ယမန်နေ့က စစ်ကောင်စီက လေကြောင်းဖြင့်  ဗုံးကြဲခဲ့ပြီး  ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။ လေယာဥ်ဖြင့်ဗုံးကြဲပြီးနောက် နမ့်ဖတ်ကာရွာအခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၁၂၃ က ငေါ့ငါးကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု…

Read More

Loading

ယမင်းဖူးပွင့်အောင် စက်တင်ဘာ ၂၆၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ တပ်မဟာ၁ တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်း လေကြောင်းတိုက်ခံခဲ့ရသည်ဟု PSLF/TNLA က ထုတ်ပြန်လိုက်သည်။ TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က “ တိုက်ပွဲရပ်တာတော့မဟုတ်ဘူး။ တိုက်ပွဲမဖြစ်တာပေါ့နော်။ အခုတိုက်ပွဲဖြစ်တဲ့နေရာမှာတော့ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တောက်…

Read More

Loading

Saw Smith စက်တင်ဘာ ၂၅၊ ၂၀၂၃။ စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာမှုကြောင့် ယနေ့ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပြည်သူများညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေကြရသည်။ ညောင်လှ လက်ယက်ကုန်းကျေးရွာများအပါအဝင် ဒီပဲယင်းနယ် အရှေ့ခြမ်းနှင့် ရေဦးတောင်ခြမ်းကျေးရွာများရှိပြည်သူ ၁၀၀၀၀ ကျော်တို့သည် ယနေ့မနက်က ကြိုတင် စစ်ဘေးတိမ်းရှောင်နေကြရာမှ စစ်ကြောင်းဆက်လက်ထိုးလာမှုကြောင့် ညတွင်းချင်း ထပ်မံ ရှောင်တိမ်းနေရခြင်းဖြစ်သည်။ “ညဘက်က…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၂၅ ၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် နမ့်ဖတ်ကာ ရပ်ကွက်…

Read More

Loading

ဘုန်းမောင် စက်တင်ဘာ ၂၅၊ ၂၀၂၃။ ၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ရှမ်းနိုင်ငံရေးအပြောင်းအလဲ နအဖ အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ၂၀၀၈ အခြေခံဥပဒေကိုအပြီးသတ်ရေးဆွဲနိုင်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ ဦးသိန်းစိန်ခေါင်းဆောင်သောစစ်ယူနီဖောင်းချွတ်ဗိုလ်ချုပ်ကြီးများ၏ အရပ်ဘက် -စစ်ဘက်အုပ်ချုပ်ရေးစနစ်သစ်ပေါ်ပေါက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်အပြိုင် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်တစ်ရပ်ကိုကြေညာခဲ့ပြီး SSPP၊ RCSS ၊…

Read More

Loading

Saw Smith စက်တင်ဘာ ၂၄၊ ၂၀၂၃။ ယခုရက်ပိုင်းအတွင်း ပူပူနွေးနွေးဖြစ်ပွားခဲ့သည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့(PDF) ၂၅ ဦး သတ်ခံလိုက်သည့် ဖြစ်စဥ်သည် ပြည်သူအားလုံး၏ စိတ်ထဲတွင် ဝမ်းနည်း၊ စိတ်မကောင်းဖြစ်မှုနှင့်အတူ ဂရုဏာဒေါသောတို့ဖြင့် ပြည့်နှက်ခဲ့ရသည်။ သေဆုံး PDF အလောင်းများ၏ ခြေရင်း၌ ကူကယ်ရာမဲ့ ငိုကြွေးနေသည့် ကလေးငယ်၊ လဲလျောင်းငိုရှုက်နေသည့်…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၂၄ ၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မိုင်းယုလေး‌ေကျးအုပ်စု ဖာပျဥ်‌ကျးရွာမှာ နေ့ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြားတိုက်ပွဲ…

Read More

Loading

ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး ***************** စက်တင်ဘာ ၂၃၊ ၂၀၂၃။ ကောင်းချစ်အောင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးတွင် ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦး ကျဆုံးခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ ယမန်နေ့ ည ၈နာရီခန့်တွင် မြင်းမူမြို့နယ် ကြော့မင်းရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသောကြောင့်…

Read More

Loading

ဘုန်းမောင်၊ အေကေ စက်တင်ဘာ ၂၃၊ ၂၀၂၃။ “တပ်မတော်နည်းပညာကောလိပ်အရေးအခင်းက မြန်မာနိုင်ငံမှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအရေးအခင်းလို့ ပြောလို့ရတယ်” အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးက မာန်ပါပါဟန်ဖြင့် ပြန်လည် ပြောပြနေသည်။ ထိုသူမှာ ကိုစိုးဝင်းဆွေ ဖြစ်၏။ သူသည် လွန်ခဲ့သော ၂၀၀၂ ခုနှစ် တပ်မတော်နည်းပညာကောလိပ်တက်ရောက်နေစဥ်တုန်းကလည်း ”ကြွေးကြော်သံ”အမည်ရှိ ကဗျာတစ်ပုဒ်ကို ဆွေး…

Read More