







အဆိုပါ နိုင်ငံသားများသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (kk Park )နှင့် ကျောက်ခတ်နယ်မြေများရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။
ပြီးခဲ့သည် ဇွန် ၆ ရက်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နိုင်ငံသားများနှင့် ကွန်ဂိုနိုင်ငံသားတစ်ဦး အပါအဝင် စုစုပေါင်း ၉ ဦးအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု စုံစမ်းသိရသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင်နှိမ်နင်းသည့် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၆ ရက်အထိ ၎င်းလုပ်ငန်း များတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၀၀ ကျော်အား ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၈၇၀၀ ကျော်အား မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ထိန်းသိမ်းထားသူ ရာဂဏာန်းခန့်သာ ကျန်တော့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။