သံလွင်ခက်
ဩဂုတ် ၁၈ ၊ ၂၀၂၃။
မန္တလေးဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီထောက်ပို့ကုန်တင်ရထားတစ်စင်း မိုင်းဆွဲ အတိုက်ခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ တောကျွဲအင်းမြို့နှင့် ကညွတ်ကွင်းမြို့ကြား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။
၎င်းက ” ဟုတ်ပါတယ်။ မနက်က တောကျွဲအင်းနဲ့ ကညွတ်ကွင်းကြားက သပိတ်လှန်ချောင်းတံတားအနီးမှာ မိုင်းဆွဲခံလိုက်ရတာ ” ဟု သံလွင်ခက်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ရထားတွဲ ၅ တွဲတိမ်းမှောက်ခဲ့ပြီး လူထိခိုက်မှုရှိ ၊ မရှိကိုတော့ အသေးစိတ်မသိရသေးဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအပါအဝင် တောကျွဲအင်းမြို့တွင် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက် ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးရှိရထားလမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မန္တလေးမှရန်ကုန်သို့ ထွက်ခွာလာသည့် အစုန်ရထားတစ်စီး တွဲချော်တိမ်းစောင်းမှုဖြစ်ခဲ့ဖူးသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရထားသံလမ်းကို မိုင်းထောင်ဖောက်ခွဲရာတွင်ပါဝင်ခဲ့သူများဟုစွပ်စွဲကာ ကညွတ်ကွင်းမြို့က ဒေသခံ ၈ ဦးကို ဖမ်းဆီးထောင်ချခဲ့သည်။
ပုံစာ – မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက်မြင်တွေ့ရသည့် ထောက်ပို့ကုန်တင်ရထား။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1800
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5306
Website ->https://eng.thanlwinkhet.net
1 Comment
Pingback: မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media