မိုးဗြဲက စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်ပြီး သုံ့ပန်းနှင့် လက်နက်အချို့ သိမ်းဆည်း

မိုးဗြဲမြို့အနီးတွင် အခြေစိုက်ထားသော တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့အနီး လွယ်ယင်းမင်္ဂလာတောင်ကုန်းရှိ စစ်ကော်မရှင် အခြေကုပ်စခန်းကို တန်ပြန်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ချေမှုန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ရုံမျှမက ပြည်သူ့စစ် စစ်သုံ့ပန်းတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။ ” စစ်တပ်အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ကင်းစခန်းအရှေ့ဘက်မှာ တစ်ရက် နှစ်ရက်လောက် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ မနေ့ကမှ သူတို့ကို ပြန်ပြီး ချေမှုန်းရေးဝင်တိုက်တာပါ။ စစ်ကောင်စီဘက်က ဆယ်ယောက်ထက်မနည်း သေဆုံးနိုင်ပြီး သူတို့ မသယ်ဆောင်နိုင်ဘဲ ထားရစ်ခဲ့တဲ့ ရုပ်အလောင်းတစ်ခုကိုလည်း မျက်မြင်တွေ့ရှိခဲ့ပါတယ်။ အရှင်တစ်ယောက်လည်း ဖမ်းဆီးရမိထားပါတယ်” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

Read More

ခလရ ၂၆၄ ရန် နှင့် လေကြောင်းရန်ကြောင့် ကျောက်ကြီးဒေသခံ ကလေးငယ်များ ပုန်းလျှိုးကွယ်လျှိုး ပညာသင်ကြားရ

ကေအန်ယူ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံကလေးငယ်များသည် ပုံမှန်စာသင်ကျောင်းများတွင် မသင်ကြားရဲဘဲ တောတောင်များအတွင်းရှိ ဗုံးခိုကျင်းများ၌ ပုန်းလျှိုးကွယ်လျှိုး ပညာသင်ကြားနေရကြောင်း သိရသည်။ စစ်ကော်မရှင်၏ ခလရ (၂၆၄) တပ်ရင်းသည် ကျောက်ကြီးမြို့နယ်အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် နေ့ညမပြတ် ပစ်ခတ်နေသည့်အပြင် ကျေးရွာများကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံများသည် နေအိမ်များတွင် မနေရဲတော့ဘဲ တောတောင်များအတွင်း စစ်ဘေးရှောင်နေကြရသည်။ “ကျွန်တော်တို့ ရွာတွေထဲမှာ လေကြောင်းအန္တရာယ်က နေ့တိုင်းလိုလို ပျံသန်းသွားလာနေတာ။ နီးစပ်ရာတွေကိုလည်း ပစ်ချတော့ နေလို့ထိုင်လို့ မရဘူး။ အဲဒါကြောင့် ဒီလိုဗုံးခိုကျင်းလေးတွေ လုပ်ပြီး ခိုကပ်နေရတယ်။ ဟိုဘက်ကပစ်ရင် ဒီဘက်ပြေး၊ ဒီဘက်ကပစ်ရင် ဟိုဘက်ပြေးရတာပဲ” ဟု…

Read More

မဲဆောက်တွင် “ Pride of Top 10 % Event ” အခမ်းအနား ကျင်းပ

ကမ္ဘာလုံးဆိုင်ရာ Pride Month ကို ဂုဏ်ပြုသောအားဖြင့် လိင်စိတ်ကွဲပြားသူ (LGBTQ+) အသိုက်အဝန်း၏ ဖြစ်တည်မှုကို ထုတ်ဖော်ပြသပြီး ပျော်ရွှင်မှု၊ အသိပညာနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ကုစားမှုများ ရရှိစေမည့် “Pride of Top Ten Percent Event” အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို Jue Jue’s Safe Space၊ Kings N Queens နှင့် Myanmar Rainbow Political Community (MRPC) တို့ ပူးပေါင်းကာ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ #မဲဆောက် #PrideofTop10%Event #ThanLwinKhetNews

Read More

သေဒဏ်စီရင်ချက်ကို ဂရုမစိုက်ဘဲ ဘင်္ဂလားဒေ့ရှ်သို့ ရှိတ်ဟာဆီနာပြန်လာမည်

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ၎င်းအပေါ် မျက်ကွယ်သေဒဏ်ချမှတ်ထားမှုကို ပယ်ချလိုက်ပြီး ယခုနှစ်အတွင်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဟု ပြောကြားလိုက်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက်ပိုင်း ၎င်းအနေဖြင့် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်မည့် အချိန်ဇယားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက အဆိုပါ စီရင်ချက်မှာ “တရားမဝင်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီဘဲ နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားခြင်း” ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။ အသက် ၇၈ နှစ်အရွယ် ရှိတ်ဟာဆီနာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လက ကျောင်းသားများဦးဆောင်သည့် လူထုအုံကြွမှုကြောင့် အာဏာလက်လွှတ်ခဲ့ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဟာဆီနာက အိန္ဒိယရုပ်သံလိုင်းတစ်ခုဖြစ်သော NDTV နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မိမိအနေဖြင့် မည်သည့်အန္တရာယ်ကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ…

Read More