![]()
ဆောင်းလေအေးအေးက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်သို့ ဖြတ်သန်းတိုက်ခတ်နေ၏။ မြစ်အစပ် မိုးကာတဲများအတွင်းရှိ လေးကေ့ကော်ဒေသခံများ ရင်ထဲတွင် အိမ်လွမ်းစိတ်ဖြင့် ပူလောင်နေခဲ့သည်မှာ ၄ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ၄ နှစ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမတိုင်မီအထိ “လေးကေ့ကော်” ဆိုသော အမည်နာမကို ငြိမ်းချမ်းရေးသင်္ကေတ၊ ငြိမ်းချမ်းရေးမြို့တော်အဖြစ် လူသိများခဲ့၏။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)…