အမီးလေး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးမှ ၅၀ ဦးအထိ လွတ်ရက်စေ့ပြီးသော်လည်း စစ်ကောင်စီက မလွှတ်ပေးဘဲ ဖမ်းဆီးထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။ “ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ကလေးအကျဉ်းထောင်နဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ…