Year: 2025

Loading

ထိုင်းနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော ရေကြီးမှုများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီ၏ စားဝတ်နေရေး ထိခိုက်လျက်ရှိပြီး အလုပ်ရှင်များ သိမ်းဆည်းထားသည့် အထောက်အထား စာရွက်စာတမ်း ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု သိရသည်။ “ည ၁ နာရီကြီး ရေတက်လာလို့ ရုံးခန်းထဲ ရေဝင်တာ သွားဝိုင်းကူလုပ်မယ်ဆိုပြီး အစ်မတို့ အလုပ်သမားခေါင်းဆောင်က သွားတော့…

Read More

Loading

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့အား စစ်ဆေးအရေးယူပေးရန် တိုင်ကြားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ NUG က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ တိုင်ကြားခံရသူများကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။ အရေးယူပေးရန် တိုင်ကြားခံရသူများအား နိုဝင်ဘာလ ၂၂ ရက်မှ စတင်၍…

Read More

Loading

ရခိုင်ပြည်၊ ဂွပင်လယ်ပြင်တွင်ရှိသည့် ရေတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်ခတ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်နေပြီး တိမ်းရှောင်နေကြသူများလည်းရှိသည်ဟု သိရသည်။ ရေတပ်မှ ဂွမြို့အပြင် ကျိန္တလီမြို့များအား ရမ်းသမ်းပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်းတွင် ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”၂၂ ရက်နေ့၊ ၂၃ ရက်နေ့တွေမှာလည်း…

Read More

Loading

ကရင်ပြည်နယ်ရှိ DKBA ထိန်းချုပ်ထားသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများရှိရာ ဇုန်အနီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ခံစစ်ပိုင်းဆိုင်ရာ အစီအမံများကို မြှင့်တင်ရန် အသင့်ပြင်ဆင်ထားသည်ဟု ထိုင်းဘုရင့်တပ်မတော်က ပြောဆိုလိုက်သည်။ ထိုင်းပိုင်နက်နှင့် တစ်ကီလိုမီတာခန့်သာ ကွာဝေးသည့်နေရာတွင် နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်ဒေသခံများအကြား…

Read More

Loading

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကော်ရှင်တပ်က နိုဝင်ဘာ ၂၄ နံနက်အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ခုနစ်ဦးသေပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လူနေအိပ်ချိန် နံနက်စောစော ၁ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကံထူးမဆေးရုံ ဓာတ်မှန်ဆောင်တစ်ခုလုံး ပျက်စီးပြီး ကားဘော်ဒီရုံတစ်လုံးလည်း ထိခိုက်ခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို…

Read More

Loading

နှစ်ဦးဝေ သမံတလင်းပေါ်က မိုးကာစပြာတွေထက်မှာ မြက်ဖြာတစ်ထပ် ထပ်ခင်းထားပေးမယ့် မနီလာအတွက်တော့ အနွေးဓာတ်ကို မခံစားရသေးပါဘူး။ ကြုံ့နေအောင် ဒူးပိုက် ထိုင်နေတဲ့ သူ့ခန္ဓာပေါ်မှာ စောင်တစ်ထည် ရှိနေပေမယ့် အအေးဒဏ်က ကျောစိမ့်အောင် ခံစားနေရဆဲပါ။ ဒါတောင် နေဝင်စ မှောင်ရီမသန်းခင်အချိန်ပဲ ရှိပါသေးတယ်။ “ညကဆို အိပ်လို့တောင် မရဘူး။ ကျောတွေ အောင့်တာ၊…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၌ အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်းအလုံးရေ နှစ်သောင်းကျော်နှင့် ကွန်ပျူတာအလုံးရေ သုံးထောင်ခန့်ကို ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် စစ်ကော်မရှင်တာဝန်ရှိသူများ ပူးပေါင်းကာ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖျက်ဆီးခဲ့သည်ဟု သိရသည်။ အဆိုပါ ဖမ်းဆီးရမိထားသော ဆက်သွယ်ရေးပစ္စည်းများသည် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုထားသည့်…

Read More

Loading

နန်းဆုပန်ခန့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးမြို့ရှိ စစ်ကော်မရှင်တပ်၏ စခန်းဟောင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ ယမန်နေ့ နံနက်မှစတင်ကာ မေတ္တာလင်းမြိုင်မှတဆင့် ထိုးစစ်ဆင်လာပြီး အင်ကြင်းမြိုင်နှင့် မင်းလက်ပံကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။ ၎င်းက “ကိုယ့်ဘက်က သူတို့ကို လက်နက်ကြီး၊…

Read More

Loading

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ဘက်ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေစဉ် လက်နက်ကြီးကျည်စများ ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်၍ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။   ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်ခန့်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းကျေးရွာ လူနေအိမ်ခြေများပေါ်သို့ မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့်…

Read More

Loading

မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းဝင်ရောက်ရှင်းလင်းလျက်ရှိရာ နိုင်ငံခြားသားများ အထုပ်အပိုးများဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် ၎င်းတို့ ထိုင်းနိုင်ငံဖက်သို့ ဝင်ရောက်ခိုလှုံကာ အခြေစိုက်စခန်းသစ်များ ထူထောင်လာနိုင်သည့်အရေး ထိုင်းလုံခြုံရေးတပ်ဖွဲ့များက အထူးစောင့်ကြည့်ပြင်ဆင်လျက်ရှိသည်ဟု Thai PBS သတင်းက ဖော်ပြသည်။ ထိုင်းထောက်လှမ်းရေးအချက်အလက်များအရ ကျားဖြန့်ကွန်ရက်နှင့်…

Read More