![]()

ဒီဇင်ဘာ ၆၊ ၂၀၂ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားရာ ဒေသများတွင် ဒီဇင်ဘာ ၇ ရက်၌ ကျရောက်သော ၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူးနေ့ကြိုဆိုသည့် လှုပ်ရှားမှုများဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ TNLA ဦးဆောင်သူများပါဝင်တက်ရောက်ခဲ့ကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များ ထည့်သွင်းကျင်းပခဲ့သည်။


ဒေသတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း တအာင်းတပ်မတော်ဘက်က ပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာတွင် ပြည်သူများကို သတိပေးနှိုးဆော်ချက်များ ထည့်သွင်းဖော်ပြထားသည်။ TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲဖြစ်စဉ်နည်းပါးနေသော်လည်း အခြားဒေသများတွင် စစ်အုပ်စု၏ ရက်စက်မှုများကို ပြည်သူများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရဆဲဖြစ်သောကြောင့် လူထုအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး အသိ၊ သတိ အမြဲရှိကြရန် သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်းထားသည်။
ဓါတ်ပုံ – မောင်ချေ

#၂၇၁၇နှစ်မြောက် #တအာင်းနှစ်သစ်ကူး #စစ်ရေးသတိရှိရန်တိုက်တွန်း #ThanLwinKhetNews
