![]()
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း စစ်ကူလာသော အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့်အတွက် တိုက်ပွဲနှင့်မသက်ဆိုင်သော ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၄ ရက်တွင် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အတွင်းရှိ ကျောက်မဲတောင်တပ်စခန်းသို့ ထားဝယ်မြို့မှ စစ်ကြောင်းချိန်းရန် တက်လာသော အင်အား…