![]()
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ဒွန်ချိုင်း ကျေးရွာအနီးတစ်ဝိုက်တွင် ကင်းလှည့်နေသည့် အထူးတပ်ဖွဲ့က မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ထိုင်းတော်ဝင်စစ်တပ်က သတင်းထုတ်ပြန်သည်။
ဖမ်းဆီးမိသူများတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံဘက်မှ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါ ဖမ်းဆီးခံရသူများအားလုံးကို ထိန်းသိမ်းပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းထားသည်ဟု သိရသည်။

