![]()
တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးရုံးက မြန်မာနိုင်ငံရှိ KK Park ကျားဖြန့်လုပ်ငန်းများဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူ နိုင်ငံခြားသား စုစုပေါင်း ၁,၅၉၈ ဦး၏ စာရင်းသွင်းမှုကို ယနေ့ တွင် ပိတ်သိမ်းလိုက်ပြီဟု အတည်ပြုထုတ်ပြန်လိုက်သည်။
ထိုင်းအထူးတပ်ဖွဲ့ ရာဇမန်နူ တပ်မှူး ဗိုလ်မှူးကြီး ချောနာကန် ဆိုင်ဆောင်န်က ယခုအချိန်မှစ၍ KK Park မှ ထွက်ပြေးလာသူများအတွက် တာ့ခ် လူဝင်မှုကြီးကြပ်ရေးရုံးမှ စာရင်းသွင်းခြင်းကို ရပ်ဆိုင်းလိုက်ပြီဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့နောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ မည်သူကိုမဆို ဒေသခံရဲစခန်းများတွင် အမှုဖွင့် တရားစွဲဆိုသွားမည်ဟုလည်း ပြောဆိုခဲ့သည်။
တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသူများကို တာ့ခ်ခရိုင် နယ်စပ်မြို့ ၅ ခုဖြစ်သော ထာ့ဆောင်ယန်း၊ မယ်ရမတ်၊ မဲဆောက်၊ ဖုပ်ဖရနှင့် အုန်းဖန်တို့ရှိ ရဲစခန်းများတွင် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
မြန်မာစစ်တပ်က ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းကာ တရုတ်အထူးစီးပွားရေးဇုန်စီမံကိန်း KK Park ရုံးအဆောက်အအုံများကို ဖျက်ဆီးနေရာ ယနေ့တွင်လည်း ၂၁ ကြိမ်မြောက် ဗုံးခွဲဖျက်ဆီးမှုကို ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် အဆိုပါဗုံးခွဲဖျက်ဆီးမှုသည် ထိုင်းဘက်ခြမ်းကို သက်ရောက်မှုမရှိဘဲ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ထိုင်းနိုင်ငံဘက်မှလည်း နယ်စပ်တစ်လျှောက်တွင် စစ်တပ်အင်အားဖြည့်တင်းထားပြီး လုံခြုံရေးအတွက် အနီးကပ် စောင့်ကြည့်နေသည်ဟု သိရသည်။
#KKPark #ထွက်ပြေးလာသူ #ထိုင်းလဝက #စာရင်းသွင်းမှုပိတ်သိမ်း #ThanLwinKhetNews
