Month: August 2024

Loading

သံလွင်ခက် ဩဂုတ် ၂၁၊ ၂၀၂၄။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလား)တည်ထောင်သူ ဥက္ကဌ ဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ်လ ၂၃ ရက်တွင်ကျင်းပမည်ဟု ဈာပနစီမံရေးကော်မတီက ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကင်ဆာရောဂါဖြစ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို မိုင်းလားမြို့တွင်ကျင်းပမည်ဖြစ်သည်။ မိုင်းလားအဖွဲ့(NDAA)ကို ဦးဆောင်သည့်…

Read More

Loading

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်အကျဉ်းထောင်တွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ ၇ ဦး အသက်အန္တရာယ်နှင့် လုံခြုံရေးအထူးစိုးရိမ်နေရသည်ဟု မြန်မာနိုင်ငံလုံဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ ညနေပိုင်းတွင် ယင်းအကျဉ်းထောင်မှ နှစ်ပွင့်အရာရှိ ဒေါ်စန်းနွယ်ဦးသည် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးအား တရားမဝင်ထောင်ဝင်စာယူဆောင်သည်ဟု အကြောင်းပြချက်ဖြင့် ဆံပင်ဆွဲရိုက်နှက်ခဲ့ရာ ဝိုင်းဝန်းဟန့်တားခဲ့ကြသည့် တခြား…

Read More

Loading

ဩဂုတ် ၂၀၊ သံလွင်ခက် ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လူမျိုးများစွာ အခြေချနေထိုင်လာသည်ဟု ဒေသခံများက ပြောဆိုကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိသော ဘုရားသုံးဆူမြို့သည် ကရင်လက်နက်ကိုင်အစုအဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)လှုပ်ရှားမှုနယ်မြေဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်လက်နက်ကိုင်အဖွဲ့အချို့သွားလာလေ့ရှိသော ဒေသဖြစ်သည်။ “များလာတာကတော့ ဘယ်နေရာသွားသွား တရုတ်တွေ…

Read More

Loading

သံလွင်ခက် ဩဂုတ် ၂၀၊၂၀၂၄။ တအာင်းပြည်နှင့် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁)ကြိမ်ခန့် ပြုလုပ်ခဲ့သည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာ၊မြို့နယ်များအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ (၇)ဦးသေဆုံးပြီး၊(၃၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

Read More

Loading

သြဂုတ် ၂၀၊ ၂၀၂၄။ ဘုန်းမောင် Z ၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး သီးခြားမှတ်ချက်တစ်စုံတစ်ရာမပေးနိုင်သေးသော်လည်း Tea မိသား စုသည် ကမ္ဘောဒီးယား – ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် လက်နက်ငယ်မှောင်ခိုရောင်းဝယ်လေ့ရှိသော အုပ်စုအများအပြားကို ထိန်းချုပ်ထားနိုင်သူများဖြစ်ကြသည်ဟု Z ကဆိုသည်။ Tea Banh နှင့် ၎င်း၏သားဖြစ်သူ (လက်ရှိ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး) တို့သည် နယ်စပ်ဖြတ်…

Read More

Loading

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၉၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီး ပြန်လည် လည်ပတ်နေပြီဖြစ်သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA ၏ သတင်းဌာနဖြစ်သည့် The Kokang က ယနေ့တွင်ထုတ်ပြန်သည်။ လားရှိုးဆေးရုံကြီးတွင် ဆေးရုံလုပ်ငန်းများပြန်လည်စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။ အထူးဒေသ ၁ ကျန်းမာရေးတာဝန်ခံက ဒေါက်တာဘသက် “လက်ရှိတွင်…

Read More

Loading

ကောင်းချစ်အောင် သြဂုတ် ၁၉၊ ၂၀၂၄။ ကုန်းဘောင်ခေတ်၊ မြန်မာမင်းဆက် နောက်ဆုံးထီးနန်းစိုက်ရာ မန္တလေးမြို့ကို ဦးတည်ချဉ်းကပ်လာနေတဲ့ တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်တွေဟာ အခုဆိုလက်တစ်ကမ်းအကွာအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မင်းနေပြည်တော်ဟောင်းဖြစ်တဲ့ မန္တလေးမြို့ဟာ သမိုင်းတလျှောက် တိုင်းတစ်ပါးရဲ့ နှစ်ကြိမ် သိမ်းပိုက်ခံခဲ့ရဖူးပါတယ်။ ၁၈၈၅ ခုနှစ် ဗြိတိသျှတပ်တွေက သိမ်းပိုက်ခဲ့ပြီး ကုန်းဘောင်ခေတ်မင်းဆက်ပြုတ်ကျခဲ့သလို…

Read More

Loading

(KIA သိမ်းပိုက်သည့် ဒုတိယမြောက်မြို့နယ်ဖြစ်လာ) ထွယ် ဩဂုတ် ၁၉၊ ၂၀၂၄။ ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို ကချင်လွပ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေရှင်းလင်းရေးတွေ…

Read More

Loading

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ဒေသခံထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ချို့ထံက သိရသည်။ ဒီပဲယင်းမြို့နှင့် နှစ်မိုင်ကျော်အကွာရှိ အောင်ချမ်းသာကျေးရွာ၊ မစိုးရိမ်ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ…

Read More

Loading

ယမင်းဖူးပွင့်အောင် ဩဂုတ် ၁၉၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီထိုးစစ်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု 96 soldiers ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၈ တွင် တော်လှန်ရေးတပ်ဖွဲ့မှ မြို့ကိုသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် လေကြောင်းစစ်ကူပို့ခြင်းများ လုပ်ဆောင်ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု…

Read More