ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံကြီး ပြန်လည် လည်ပတ်နေပြီဖြစ်သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA ၏ သတင်းဌာနဖြစ်သည့် The Kokang က ယနေ့တွင်ထုတ်ပြန်သည်။
လားရှိုးဆေးရုံကြီးတွင် ဆေးရုံလုပ်ငန်းများပြန်လည်စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
အထူးဒေသ ၁ ကျန်းမာရေးတာဝန်ခံက ဒေါက်တာဘသက် “လက်ရှိတွင် ဆေးရုံရှိ ဆေးဘက်ဆိုင်ရာလုပ်ငန်းများအား လုံးပုံမှန်နှင့်တည်ငြိမ်သော လည်ပတ်မှုလမ်းကြောင်းသို့ ရောက်ရှိနေပြီး လက်ရှိဆေးဘက်ဆိုင်ရာအဖွဲ့တွင် လုံလောက်သောအရင်းအမြစ်များနှင့် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များရှိသည်” ဟု ဆိုထားသည်။
ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့စည်းပြီး ပြည်သူများ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စေလွှတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် လားရှိုးမြို့ကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တစ်လအကြာတွင် သိမ်းပိုက်ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေသည်။
ဓာတ်ပုံ – The Kokang ယူကျု့စခရင်ရှော့