သြဂုတ် ၂၀၊ ၂၀၂၄။
ဘုန်းမောင်
Z ၏ပြောဆိုချက်များနှင့်ပတ်သက်ပြီး သီးခြားမှတ်ချက်တစ်စုံတစ်ရာမပေးနိုင်သေးသော်လည်း Tea မိသား စုသည် ကမ္ဘောဒီးယား – ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် လက်နက်ငယ်မှောင်ခိုရောင်းဝယ်လေ့ရှိသော အုပ်စုအများအပြားကို ထိန်းချုပ်ထားနိုင်သူများဖြစ်ကြသည်ဟု Z ကဆိုသည်။
Tea Banh နှင့် ၎င်း၏သားဖြစ်သူ (လက်ရှိ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး) တို့သည် နယ်စပ်ဖြတ် ကျော်လက်နက် ရောင်းဝယ်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ကြသည်ဟု ထိုင်းသတင်းဌာနများက လည်း ကာလရှည်ကြာကတည်းကပင် စွပ်စွဲခဲ့ကြပါသည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်မှာတော့ လေတပ်အရာရှိနှင့် ဒုရဲအုပ်အပါအဝင် ထိုင်းနိုင်ငံသား ၃ ဦးနှင့် ကမ္ဘောဒီး ယားလူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ ဦးတို့ နယ်စပ်ဖြတ်ကျော်လက်နက်ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ Koh Kong ပြည်နယ်က AK – 47 များ၊ စက်သေနတ်များနှင့် အခြားလက် နက်ခဲယမ်းများအား ထိုင်းနိုင်ငံသို့ပို့ဆောင်ချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါလက်နက်ခဲယမ်းများ သည် မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားလက်နက်ကိုင်များထံ ပို့ဆောင်ခြင်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာ ပိုင်များကခန့်မှန်းထားကြသည်။
နောက်တစ်နှစ်မှာတော့ ယင်းလမ်းကြောင်းကပင်သယ်ယူနေသော တရုတ်လုပ်လက်နက်များဖြစ်ကြသည့် Type – 95 ချေမှုန်းရေးရိုင်ဖယ်များ၊ M – 16 နှင့် M – 16 အစိတ်အပိုင်းအများအပြားနှင့်အတူ နောက်ထပ် မှောင်ခိုလက်နက်ရောင်းသမားတစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ပြန်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ထိုအချိန်က Tea Banh ခေါင်းဆောင်သော ကမ္ဘောဒီးယားကာကွယ်ရေး ဝန် ကြီးဌာနက “ ဒီ လက်နက်တွေက ကမ္ဘောဒီးယားနိုင်ငံမှာ မရှိခဲ့ဖူးတဲ့လက်နက်တွေဖြစ်တာကြောင့် ဒီလက် နက်တွေ ကမ္ဘောဒီးယားနိုင်ငံကလာတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောင်ပြောင်တင်းတင်းပင်ပြောဆိုတုံ့ ပြန်ခဲ့သည်။ တိုက် ဆိုင်စွာပဲ ထိုနှစ်မှာပင် ကမ္ဘောဒီးယားအစိုးရက နိုင်ငံတွင်းရှိသေနတ်ပစ်ကွင်းများတွင် အရပ်သားများ M -16 ပစ်ခတ်နိုင်ရန် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်၏ဘော်ဒီဂတ်ဖြစ်သူ သည်လည်း Type -95s ကိုင်ဆောင်ကာသွားလာနေကြသည်မှာ အများအသိပင်ဖြစ်ခဲ့ပါသည်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း မူဆလင်လက်နက်ကိုင်များက လွတ်လပ်သောနိုင်ငံထူ ထောင်ခွင့်အတွက် ထိုင်းအာဏာပိုင်များကို လက်နက်ကိုင်တိုက်ခိုက်လျက်ရှိနေပါသည်။ အဆိုပါမူဆလင် လက်နက်ကိုင်များသည်လည်း ကမ္ဘောဒီးယားစစ်တပ်၏လက်နက်ငယ်များအပေါ် အားထားနေရပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလက်နက်ငယ်များသည် ကမ္ဘောဒီးယားစစ်တပ်၏ တစ်ခုတည်းသောလက် နက်ရင်းမြစ်ဖြစ်နေသောကြောင့်တည်း။
“ကျွန်တော်တို့ကိုင်တဲ့ လက်နက်အများစုက AK – 47 တွေပါ။ တကယ်လို့များ ခင်များအနေနဲ့ AK – 47 တစ်လက်ကိုတွေ့လိုက်တယ်ဆိုရင် ဘာမှ ရှည်ရှည်ဝေးဝေးစဥ်းစားမနေနဲ့။ အဲဒါတွေက ကမ္ဘောဒီးယားက လာတာတွေချည်းပဲ” ဟု Pattani United Liberation Organization အဖွဲ့ကအကြီးတန်းခေါင်း ဆောင် တစ်ဦးဖြစ်သူ Ayu ကပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်တိုက်ပွဲဝင်နေကြ သည့် လက်နက်ကိုင်အဖွဲ့များစွာရှိသည့်အနက်က Pattani United Liberation Organization သည်လည်း တစ်ဖွဲ့ ဖြစ်သည်။
မိမိတို့သည် Ayu နှင့် ဟော့ပေါ့ဆိုင်တစ်ဆိုင်တွင်တွေ့ဆုံပြီး စကားပြောခဲ့ကြပါသည်။ Ayu က သူသည် ကမ္ဘောဒီးယားရှိ ဒေသတွင်းဆိုင်ရာတပ်မှူးတစ်ဦးနှင့် “အလွန်ကောင်းမွန်နက်ရှိုင်းသော”ဆက်ဆံရေးရှိသူဖြစ် သည်ဟု ပြောပါသည်။ ထို့ပြင် အဆိုပါတပ်မှူးသည် Ayu နှင့်လက်နက်ရောင်းဝယ်မှုများတွင် ကြားဝင်ညှိ နှိုင်းပေးသူတစ်ယောက်အဖြစ် ကူညီခဲ့သည်ဟုလည်း ပြောသည်။
Ayu သည် ၎င်း၏ချိတ်ဖြစ်သော တပ်မမှူးဆိုသည်နှင့် တွေ့ဆုံခွင့်မပေးခဲ့သော်လည်း AK – 47 နှင့်ပတ်သက် သော ၎င်း၏ပြောဆိုချက်များကတော့ အမှန်များသာဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဘတ်တမ်ဘန်းပြည်နယ်တွင် ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ ဦးသည် ထိုင်းနိုင်ငံတွင်းသို့ လက်နက်များတရားမဝင် ခိုးသွင်းရန်ကြိုးပမ်း နေချိန် ဖမ်းဆီးခံခဲ့ရသည်။
ယင်းလက်နက်များအနက်က AK – 47 အလက် ၅၀ သည် နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ ရောက် ရှိလာခဲ့သည်။ သို့သော် ကမ္ဘောဒီးယားအရာရှိများနှင့် “ပင်လယ်တွင်းကွန်ရက်” တည်ဆောက်ထားနိုင်ခဲ့သော Ayu ၏ အပြောအရဆိုလျှင်မှု ထိုင်းနိုင်ငံတောင်ပိုင်းသို့ ဦးတည်သွားနေသော လက်နက်အများစုအား ပင်လယ်ပြင်ကို ဖြတ်ကာ ငါးဖမ်းလှေများဖြင့်သယ်ဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။
“ဒီကောင်တွေအားလုံး (ကမ္ဘောဒီးယားအာဏာပိုင်တွေအားလုံး) တရားမဝင်မှောင်ခိုလုပ်ငန်းတွေမှာ ပတ် သက်နေကြတယ်”ဟု တော်ဝင်ထိုင်းဘုရင့်မရိန်းတပ်မတော်က ဒုတိယဗိုလ်မှူးကြီးဟောင်းဖြစ်သူ Boonsak Butnean ကပြောသည်။ ၎င်းသည် ရေတပ်အထူးစစ်ဆင်ရေးကွပ်ကဲမှု၏အစိတ်အပိုင်းတစ်ခုဖြစ်သော ရေအောက်ချေမှုန်းရေးတွင် ချေမှုန်းရေးတပ်ဖွဲ့၏စစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ် သည်။
သို့သော် ကမ္ဘောဒီးယားနိုင်ငံကနေတဆင့် လက်နက်ငယ်များစီးဆင်းမှုသည် ရှုပ်ထွေးသောနိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်ပြီး တစ်ခုတည်းသောကြိုးမျှင်တစ်ချောင်းလည်းဖြစ်နေပေသည်။
“ကျွန်တော်တို့လက်နက်တွေက တောင်ပိုင်းကနေ ထိုင်း ဒါမှမဟုတ် ကမ္ဘောဒီးယားကိုပတ်ပြီး စီးဆင်းနေ တယ်။ ဒီလက်နက်တွေက မြန်မာနိုင်ငံကိုလည်း ရွေ့လျားနေကြတယ်”ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်းအတွက် နောက်ထပ်ပြဿနာတစ်ခုက မလေးစစ်သားများကလည်း တောင်ပိုင်းနယ် စပ်များသို့ လက်နက်ခဲယမ်းများမှောင်ခိုတင်သွင်းနေခြင်းဖြစ်သည်ဟု ပတ္တနီပြည်နယ်၏ရဲမှူးဖြစ်သူ ဗိုလ် ချုပ် Narim Busaman ကပြောသည်။
“ကျည်ဆံကြည့်ရုံနဲ့ မလေးရှားကလာတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်”ဟု ပတ္တနီရဲဌာနချုပ်တွင်တွေ့ဆုံ စဥ် ၎င်းကရှင်းပြသည်။ ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ပင် မိမိတို့နှင့်မိတ်ဖက်နိုင်ငံများဖြစ်ကြသော မလေးရှား စစ်တပ်ကတာဝန်ရှိသူများသည်လည်း စခန်းတွင်းကျန်ရှိသောကျည်ဆံအရေအတွက်များကို အစီရင်ခံတင် ပြခြင်းမျိုးမရှိဘဲ ခိုးထုတ်နေကြသူများဖြစ်သည်ဟု Narim ကအခိုင်အမာဆိုသည်။
“သူတို့က သူတို့ရောင်းမယ့်ကျည်ဆံတွေကို အိတ်ကပ်ထဲ ထည့်သွားကြတယ်။ ဒါက ဘာမှခက်ခဲတာတော့ လည်း မဟုတ်ပါဘူး”ဟု ပြောသည်။
သို့သော် ထိုင်းအာဏာပိုင်များကတော့ အပြစ်လွတ်သည်ပေါ့ဟု ဆိုလာခဲ့သည်ရှိသော် ထိုင်းအာဏာပိုင်များ သည်လည်း ထိုနည်းလည်းကောင်းသာဖြစ်သည်ဟု Narim ကပြောသည်။ ထိုင်းလူမျိုးများသည် သေနတ်ကို တရားဝင်ကိုင်ဆောင်ခွင့်ရှိပြီး ရဲနှင့် စစ်တပ်ကတော့ ပိုမိုကောင်းမွန်သောလက်နက်များကို အသုံးပြုနေကြ ပါသည်။ အဆင့်မြင့်လက်နက်များသုံးစွဲခွင့်ပြုခြင်းက ရာဇဝတ်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ရန် လည်းတွန်းအားပေးနေပါသည်။
ဒေသခံရာဇဝတ်ဂိုဏ်းများသည် အများအားဖြင့် သေနတ်ကိုအသုံးပြုနေကြသည်ဟုလည်း Narim ကပြော သည်။ “လူအများသိရအောင် လူသိရှင်ကြားပြောရမယ်ဆိုရင်တော့ လူတော်တော်များများက ရဲနဲ့စစ်သား တွေဖြစ်ကြပေမယ့် သူတို့က မာဖီးယားသီးသန့်တွေပါ”ဟုလည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
“သူတို့က ရိုင်ဖယ်တွေကိုင်ထားတဲ့ မာဖီးယားတွေပါ”
အစုလိုက်အပြုံလိုက်လာဘ်စားကြခြင်း
*********
Boonsak Butnean အတွက်တော့ ယခုကဲ့သို့သော တရားမဝင်မှောင်ခိုကွန်ရက်များအား နှိမ်နင်းဖို့ကြိုးစား ရင်း အသက်ဆုံးရှုံးလုနီးနီးဖြစ်ခဲ့ဖူးပါသည်။
“လူဆိုးတွေက နေရာတိုင်းမှာရှိကြသလို ကျွန်တော်တို့ ရဲဌာနတွေ စစ်တပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေမှာ လည်း ရဲဆိုး၊ စစ်သားဆိုးတွေရှိနေကြပါတယ်” ဟု၎င်းကပြောသည်။ တဆက်တည်းမှာပဲ၎င်းက အကျင့် ပျက်သူများ၊ အကျင့်ဆိုးရှိသူများသည် ၎င်းတို့အားအရေးယူနိုင်ရန် ဒီဇိုင်းထုတ်ဖန်တီးထားသော အစိုးရယူ နစ်များအတွင်း ၎င်းတို့၏ဘဝကိုမြုပ်နှံထားခဲ့ကြသည်ဟုလည်း ပြောသည်။
Boonsak သည် ထိုင်းရေတပ်တွင်လည်း ဒုဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သောကြောင့် ကမ္ဘာ့မှောင်ခိုလုပ်ငန်းများ အကြီးအကျယ်ဖြစ်ထွန်းရာဒေသများအနက်ကတစ်ခုဖြစ်သည့် ထိုင်း- မြန်မာ- လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံအပါအဝင် မဲခေါင်မြစ်ပေါ်တပ်စွဲကာ အချိန်အကြာကြီးနေထိုင်ခဲ့ဖူးသူ လည်းဖြစ်သည်။
အဆိုပါဒေသများသည် အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများပေါများရာ အရပ်ဖြစ်သော်လည်း ၎င်းအားဝယ်ယူရန်ကမ်းလှမ်းမှုများကိုတော့ ငြင်းဆိုနိုင်ခဲ့သည်ဟု Boonsak ကပြောသည်။
ကနဦးမှာတော့ ၎င်း၏အပြုအမူများက ရဲတပ်ဖွဲ့တွင်ရှိနေကြသော ၎င်း၏လုပ်ဖော်ကိုင်ဖက်များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေရုံမျှသာရှိခဲ့သော်လည်း တရားမဝင်တင်ပို့မှုတစ်ခုကိုဖမ်းဆီးနိုင်ရန် Boonsak တစ်ယောက်ကြိုးစားခဲ့ချိန်မှာတော့ အခြေအနေများက အရုပ်ဆိုးအကျည်းတန်သွားခဲ့ရလေတော့သည်။
ဇာတ်သိမ်းပိုင်း ဆက်လက်ဖော်ပြပါမည်။
‘The Diplomat’ တွင်ဖော်ပြထားသော ဆောင်းပါးရှင် ‘Lindsey Kennedy’ နှင့် Nathan Paul Southern’ တို့၏ ‘In Southeast Asia, the Authorities Are the Biggest Gun Dealers in Town’ ကို ဆီလျော် အောင်ရေးသားသည်။