ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၉၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီထိုးစစ်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု 96 soldiers ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ တွင် တော်လှန်ရေးတပ်ဖွဲ့မှ မြို့ကိုသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် လေကြောင်းစစ်ကူပို့ခြင်းများ လုပ်ဆောင်ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု 96 soldiers အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က သံလွင်ခက်ကိုပြောသည်။
“လေယာဉ်နဲ့လူချတယ်ပေါ့။ အဲ့အတွက် ကျွန်တော်တို့က ပြန်ဆုတ်ထားတယ်ဗျ” ဟု ပြောသည်။
မြို့သိမ်းတိုက်ပွဲ နှစ်ရက်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်ဟု ဒီပဲယင်းညီနောင်များအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပုံစာ-ဒီပဲယင်းမြို့ကိုသိမ်းပိုက်ရရှိပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- ဦးပြည့်