Month: June 2024

Loading

ထားဝယ်-အထူးစီးပွားရေးဇုန်ဒေသကို အင်အားရာချီဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေ ************************* သဇင် ဇွန် ၂၅၊၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်-အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားအစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဟု စစ်ကောင်စီကကြေငြာခဲ့ပြီးနောက် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ “သူတို့စုပေါင်းအင်အားက ၆၀၀ နဲ့အထက်ရှိနေပြီ ထပ်ပြီးတိုး လာဖို့ရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်…

Read More

Loading

စစ်သင်တန်းဆင်း ကျောက်တံခါးပျူစောထီးများ ကားမှောက် ******* မေသံလွင်။ ဇွန် ၂၅ ၊ ၂၀၂၄ ပဲခူးတိုင်း၊ တောင်ငူမြို့မှ စစ်သင်တန်းဆင်းပြီး ပြန်လာသည့် ကျောက်တံခါးပျူစောထီးအဖွဲ့ဝင်များ ကားတိမ်း‌မှောက်ကာ သုံးဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နံနက်…

Read More

Loading

မြဝတီလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများတက် ************* စကားမောင် ဇွန် ၁၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့ကို သွားလာရန် ဒေါနတောင်လမ်းဟောင်းကိုသာ အသုံးပြုနေရသောကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများ တက်နေသည်ဟု ‌ဒေသခံများထံက သိရသည်။ ယခင်အသုံးပြုနေသော ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းများသည် မိုးတွင်းကာလတွင် အသုံးပြု၍မရတော့သည့်အတွက် ယခင်လမ်းဟောင်း…

Read More

Loading

ပြောင်းရွှေ့ခံ ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား ၁၅၀ ကျော်တွင် နိုင်ကျဉ်းအမျိုးသမီး (၆၀) ကျော်ပါ **************** သဇင် ဇွန် ၁၅၊၂၀၂၄ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ ယနေ့နံနက်အစောပိုင်းတွင် ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၁၅၀ ကျော်တွင် အမျိုးသမီးနိုင်ငံရေး အကျဉ်းသူအယောက် ၆၀ ကျော်ပါရှိသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)…

Read More

Loading

လော့ခေါ်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ အကူအညီလိုအပ် *********************** ပန်ပန် ဇွန် ၁၅၊ ၂၀၂၄ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ခံနှင့် ကိုယ်ဝန်ဆောင်မိခင်များထံက သိရသည်။ လော့ခေါ်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် လေးဦးရှိပြီး မီးဖွားရန်အတွက် အခက်အခဲရှိနေသည် စစ်ရှောင်စခန်းတာဝန်ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက “…

Read More

Loading

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်၏ လမ်းဖျက်ဆီးထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက် ********** ယမင်းဖူးပွင့်အောင် ဇွန် ၁၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ အဝင်လမ်းတချို့ကို စစ်ကောင်စီက ဖြတ်တောက်ထား မှုကြောင့် ကုန်စည်စီးဆင်းမှုများပြတ်တောက်လျက်ရှိသည်ဟု ရှမ်းမြောက်ဒေသခံများထံက သိရသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်တွင် လားရှိုးမြို့အဝင် ကားလမ်းမနေရာ သုံးခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက…

Read More

Loading

https://youtu.be/OefYr1nyazI အာဏာရှင်တွေ စနစ်ဆိုးကြားက အင်တာနက်လွတ်လပ်ခွင့် (ရေဒီယို) **************** သံလွင်ခက် ဇွန် ၁၄၊ ၂၀၂၄။ နိုင်ငံကို အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ချင်တဲ့ စစ်တပ်အများစုဟာ ပြည်သူတွေရဲ့ နား၊ မျက်စိကို ပိတ်ပင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တနည်းအားဖြင့်ဆိုရရင် ပြည်သူတွေရဲ့ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို သိသိရက်နဲ့ ချိုးဖောက်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတာပါ။…

Read More

Loading

သံတွဲမြို့ကို စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထား ******** ခင်သရဖီဦး ဇွန် ၁၄၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက သံတွဲမြို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ထားပြီး ကုန်ပစ္စည်းများ အား သယ်ယူခွင့်ပိတ်ပင်ထားသည်ဟု ဒေသခံများထံက သိရသည်။ သံတွဲမြို့တွင်းသို့ လူဝင်ခွင့်ပြုပေး​ထားသော်လည်း မည်သည့်ကုန်ပစ္စည်းမှ သယ်ယူခွင့်မရှိသည့်အတွက် ကုန်စည်ပြတ် လပ်မှုများဖြစ်နေသည်ဟု ဆင်ခေါင်းကျေးရွာသားတစ်ဦးက…

Read More

Loading

ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသားတစ်ဦး ပေ ၂၀ကျော်အမြင့်မှ ပြုတ်ကျ၊ အသက်အန္တရာယ်စိုးရိမ်ရ ********************* သဇင် ဇွန် ၁၃၊၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ အကျဉ်းသား ၁ ဦးသည် တန်းပိတ်ချိန်တွင် ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကြောင့် အမြင့်ပေ၂၀ကျော်တွင် ဝရိန်ဆော်ရာမှ ဓာတ်လိုက်ကာ ပြုတ်ကျခဲ့ပြီး ဆေးကုသမှုခံယူနေရသည် ဟု အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။…

Read More

Loading

ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ************* သံလွင်ခက် ဇွန် ၁၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာက ဒေသခံပြည်သူ ၅၉ ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်…

Read More