အာဏာရှင်တွေ စနစ်ဆိုးကြားက အင်တာနက်လွတ်လပ်ခွင့် (ရေဒီယို)
****************
သံလွင်ခက်
ဇွန် ၁၄၊ ၂၀၂၄။
နိုင်ငံကို အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ချင်တဲ့ စစ်တပ်အများစုဟာ ပြည်သူတွေရဲ့ နား၊ မျက်စိကို ပိတ်ပင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တနည်းအားဖြင့်ဆိုရရင် ပြည်သူတွေရဲ့ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို သိသိရက်နဲ့ ချိုးဖောက်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတာပါ။ မြန်မာစစ်တပ်ရဲ့ နိုင်ငံကို အမှောင်ဖုံးတဲ့ လုပ်ရပ်ဟာ လက်ရှိ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေရပြီလို့ ဆိုကြပါတယ်။
ဓါတ်ပုံ – စစ်အာဏာသိမ်းစ ရန်ကုန်မြို့မြင်ကွင်း(သံလွင်ခက်)