Month: May 2024

Loading

ခေါင်းမငုံ့၊ ဒူးမထောက်ခဲ့ကြသည့် ကျောင်းသားထု ***** သံလွင်ခက် မေ ၉၊ ၂၀၂၄။ ခေါင်းစွပ်အမည်းများဝတ်ဆင်ထားသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၁၀ ဦးကျော်သည် ရန်ကုန်မြို့၏ လမ်းမထက်တစ်နေရာတွင် လက်သီးလက်မောင်းတန်းကာ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့. . . ညီတယ်ဟေ့ ညီတယ်ဟေ့…

Read More

Loading

Mi-17 ရဟတ်ယာဉ်ပစ်ချခံရမှု ၈ ဦးသေဆုံး ******* သဇင် မေ ၉၊၂၀၂၄။ ပြီးခဲ့သောမေလ ၆ ရက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီ၏ Mi-17 သယ် ယူပို့ဆောင်ရေးရဟတ်ယာဉ်ပျက်ကျမှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၈ သေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က သံလွင်ခက်ကိုပြောသည်။…

Read More

Loading

အလောင်းတော်ကဿပနယ်မြေတွင်း သစ်ခိုးထုတ်မှုပြဿနာ ပူးပေါင်းဖြေရှင်းဖို့လို **** ယမင်းဖူးပွင့်အောင် မေ ၉၊ ၂၀၂၄။ မြန်မာနိုင်ငံ၏ အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်သည့် အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းအခြေအနေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်းစသည့် မြို့နယ် ၄…

Read More

Loading

မြဝတီတွင် UID ယာယီကတ်ပြုလုပ်မှု ရပ်ဆိုင်းထားပြန် ******** စကားမောင် မေ ၈ ၊ ၂၀၂၄။ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးတွင် သီးသန့် အထောက်အထား(UID) ကတ်ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ယာယီရပ်ဆိုင်းထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက မေလ ၁ ရက်ကစ၍…

Read More

Loading

ယင်းမာပင်ဒေသခံများ သောက်သုံးရေရှားပါးနေ ****** စကားမောင် မေ ၈ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကျေးရွာများတွင် ရာ သီဥတုပူပြင်းလာသဖြင့် မြစ်ချောင်းများခြောက်ခမ်းလာသောကြောင့် သောက်သုံးရေရှားပါးနေသည်ဟု ဒေသခံများထံက သိရသည်။ ဧပြီလတွင် မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ အပူချိန်အလွန်အမင်းမြင့်တက်ခဲ့ပြီး ကျေးရွာများရှိ သက်ကြီးရွယ်အိုများ သေဆုံးမှုရှိခဲ့ကာ ရာသီဥတုပူ​ပြင်းလွန်းလာ ခြင်းကိုကြိုဆင်ရန်ကလည်း…

Read More

Loading

KNDF က တပ်ရင်းအမှတ်၂၇ ဖွဲ့စည်း ****** ယမင်းဖူးပွင့်အောင် မေ ၈၊ ၂၀၂၄။ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ရေးအားဖြည့်နိုင်ရန် ရည်ရွယ်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် -၂၇ ကို မေလ ၁ ရက်က ဖွဲ့စည်းလိုက်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သည်။ တပ်ရင်းအမှတ်…

Read More

Loading

စနဲမြို့ဈေးကို စစ်တပ်ကဒရုန်းဗုံးကြဲသဖြင့် အရပ်သားသေဆုံး ******* ခင်သရဖီဦး မေ ၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့စျေးအား ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့သောကြောင့် ၁ ဦးသေဆုံး ၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။…

Read More

Loading

တနင်္သာရီတိုင်းရှိ ပဲဒက်စခန်းအား KNLA၊PDF ပူးပေါင်းတပ်များသိမ်းပိုက် ***** သဇင် မေ ၈၊၂၀၂၄။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ ရှိ ပဲဒက်စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ မေလ ၈ ရက် မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်ရင်း ၂၇ တပ်ရင်းမှူး…

Read More

Loading

ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ဒေသခံ ၉ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီး ***** ယမင်းဖူးပွင့်အောင် မေ ၇၊ ၂၀၂၄။ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာရှိ ဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု ဒေသခံများထံက သိရသည်။ ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထီဗွာကျေးရွာသို့…

Read More

Loading

မောင်တောတွင် စစ်တပ်နှင့် မူဆလင်တို့ပူးပေါင်းပြီး လူနေအိမ်များမီးရှို့ ******* ခင်သရဖီဦး မေ ၇ ၊၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီကျေးရွာအား စစ်တပ်နှင့် မူဆလင်တချို့က ယနေ့ နံနက် ၁ နာရီခန့် တွင် ကျေးရွာတွင်းဝင်ရောက်လာပြီး လူနေအိမ်များအားမီးရှို့၍ အမျိုးသမီး ၁ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့…

Read More