မောင်တောတွင် စစ်တပ်နှင့် မူဆလင်တို့ပူးပေါင်းပြီး လူနေအိမ်များမီးရှို့
*******
ခင်သရဖီဦး
မေ ၇ ၊၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီကျေးရွာအား စစ်တပ်နှင့် မူဆလင်တချို့က ယနေ့ နံနက် ၁ နာရီခန့် တွင် ကျေးရွာတွင်းဝင်ရောက်လာပြီး လူနေအိမ်များအားမီးရှို့၍ အမျိုးသမီး ၁ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်း သိရသည်။
လူအများညအိပ်နေချိန်တွင် ဝင်ရောက်လာခြင်းဖြစ်ပြီး လူနေအိမ် ၁၆ လုံးနှင့် မမေကြီး အမည်ရ အမျိုးသမီးအားပစ်သတ်ခဲ့သည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက ” ရွာထဲကို ညဥ့်နက်အချိန် ၁ နာရီလောက်ကနေ မူဆလင်တွေနဲ့ စစ်သားတွေ သေနတ်ပစ်ပြီး ဝင်လာတယ်။ လူနေအိမ် ၁၆ ဆောင်ကို မီးတိုက်ပြီးတော့ အမျိုးသမီး ၁ ယောက်ကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်” ဟု ပြောသည်။
သေနတ်ဖြင့်ပစ်ခံရသဖြင့် မမေကြီး – ၃၅ နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သား သမီးများဖြစ်ကြသည့် မခိုင်ဇာဦး – ၉ နှစ်၊ ထွန်းအေးသိန်း – ၅ နှစ် တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်တပ်နှင့် မူဆလင်များသည် နေအိမ်များအားမီးတိုက်ပြီး နံနက် ၄ နာရီ ကျော်တွင် နခခ – ၅ ကို ပြန်သွားသည်ဟုလည်း ၎င်းကဆိုသည်။
” စကစစစ်သားတွေနဲ့ မူဆလင်စစ်သားတွေက နံနက် ၄ နာရီခွဲလောက်မှာ ဝေသာလီကနေ နခခ ၅ ကို ပြန်သွား တယ်” ဟု ပြောသည်။
စစ်တပ်အနေဖြင့် ဘူးသီးတောင် ၊ မောင်တောတို့တွင် မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA ၊ ARA၊ RSO တို့နှင့် ပူးပေါင်းပြီး နေအိမ်များဖျက် ဆီးခြင်း၊ မီးရှို့ခြင်းများ မကြာခဏပြုလုပ်လာနေသည်။
ပြီးခဲ့သည့် ဧပြီလတွင်လည်း ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများ၏ လူနေအိမ် ၂,၀၀၀ ခန့်အား စစ်တပ်နှင့် အဆိုပါအဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့ကြသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4544
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9814