Month: April 2024

Loading

မြစ်ကြီးနားထောင်တွင်းပစ်ခတ်မှု အကျဉ်းသားသေဆုံးမှုရှိ ***** ထွယ် ဧပြီ ၁၉၊ ၂၀၂၄။ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် ယမန်နေ့ညက ထောင်ဆူပူဖြစ်ပွားခဲ့သဖြင့် ထောင်တွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထောင်ဝန်ထမ်းနှင့်နီးစပ်သူ ၁ ဦးထံကသိရသည်။ အဆိုပါ ထောင်တွင်းပစ်ခတ်မှုတွင် ထောင်တွင်းအကျဉ်းသား ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည် ဟု ၎င်းက သံလွင်ခက်ကို…

Read More

Loading

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့အားပြန်လွှတ်ပေးရန်အပါအဝင် အချက် ၄ ချက် ထိုင်းအောက်လွှတ်တော် တောင်းဆို ***** သံလွင်ခက် ဧပြီ ၁၉၊ ၂၀၂၄။ မြန်မာစစ်တပ်ကဖမ်းဆီးထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံ ၏အောက်လွှတ်တော်နိုင်ငံခြားရေးကော်မရှင်ဥက္ကဋ္ဌ နော့ပဒွန် ပတ္တမ က ဧပြီလ ၁၈ ရက်တွင်…

Read More

Loading

တန်ခူးလေသံချပ်ပြိုင်ပွဲ ဒေါင်းတို့မျိုးဆက်ပထမရ ***** စကားမောင် ဧပြီ ၁၉၊ ၂၀၂၄။ တန်ခူးလေတော်လှန်သံချပ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွင်းကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဒေါင်းတို့မျိုးဆက်သံချပ်အသင်းက ပထမဆုရရှိခဲ့သည်။ ယမန်နှစ်ကစတင်ပြုလုပ်ခဲ့သော တန်ခူးလေသံချပ်ပြိုင်ပွဲကို အညာဒေသ၊ တိုင်းရင်းသားဒေသ၊ ထိုင်း – မြန်မာ နယ်စပ်နှင့်…

Read More

Loading

ရေးမြို့နယ်ရှိကျေးရွာများအား စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ် ***** သဇင် ဧပြီ ၁၉၊ ၂၀၂၄။ မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေးမြို့အခြေစိုက် အာယုတောင် စစ်ကောင်စီတပ်စခန်း က ရေးမြောက်ပိုင်းကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းတွင် အာယုတောင်စစ်ကောင်စီစခန်းက ရေးတောင်စွန်းရှိ…

Read More

Loading

မြန်မာနယ်စပ်ပဋိပက္ခများရပ်တန့်ရန် အာဆီယံကြေညာချက်ထုတ် ***** သံလွင်ခက် ဧပြီ ၁၉၊ ၂၀၂၄။ ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မြဝတီနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး အာဆီယံ က အလွန်အမင်းပူပန်စိုးရိမ်ကြောင့်ကြလျက်ရှိနေသဖြင့် ယင်းပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ကြေညာချက်တစ်စောင်ကို ယမန်နေ့ ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ရခိုင်ပြည်နယ်နှင့်…

Read More

Loading

မြစ်ကြီးနားလေတပ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရ ***** သံလွင်ခက် ဧပြီ ၁၉၊ ၂၀၂၄။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းဌာနချုပ်အား ယနေ့ နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးဖြင့်တိုက် ခိုက်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်ကာကွယ်ရေးအဖွဲ့ – NBPDF က ထုတ်ပြန်ထားသည်။ အဆိုပါ နမ့်ပေါင်လေတပ်စခန်းစစ်ဌာနချုပ်သည် မြစ်ကြီးနားမြို့အပြင်ဘက် ရွှေဘို – မြစ်ကြီးနား ကားလမ်းဘေး…

Read More

Loading

မင်္ဂလာဒုံရှိ လေတပ်အရာရှိအဆောင်အပါအဝင် ရုံးဌာနများ တိုက်ခိုက်ခံရ ***** ယမင်းဖူးပွင့်အောင် ဧပြီ ၁၉၊ ၂၀၂၄။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီရုံးဌာနများကို ယမန်နေ့ညတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ မင်္ဂလာဒုံလေတပ်အရာရှိလူပျိုဆောင်အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးကို ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်ခန့်တွင်…

Read More

Loading

ဆွာမြို့အရှေ့ဘက်တွင် စစ်ရေးပြင်းထန်နေ ****** သဇင် ဧပြီ ၁၉၊ ၂၀၂၄။ ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ် ၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်အရှေ့ခြမ်းရှိကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းသုံးတိုက်ခိုက်မှုများပါပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က…

Read More

Loading

ချင်းကာကွယ်ရေးတပ်များထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လာ ******* ထွယ် ဧပြီ ၁၈၊ ၂၀၂၄။ ချင်းပြည်နယ်၏ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chinland Defense Forece, Kalay – Kabaw – Gangaw (CDF – KKG) ထံသို့ ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲများ လက်နက်ချအလင်းဝင်၊ CDM…

Read More

Loading

မာန်အောင်တွင် တပ်စွဲရန် စစ်ကောင်စီပြင်ဆင် *** ခင်သရဖီဦး ဧပြီ ၁၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များတွင် နေရာယူ တပ်စွဲရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့နံနက်ပိုင်းတွင် မာန်အောင်ရှိ အနောက်ပါးရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်ကဒေသခံများအား စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့က ဒေသခံများအား အတင်းပြောင်းရွှေ့…

Read More