• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မြစ်ကြီးနားထောင်တွင်းပစ်ခတ်မှု အကျဉ်းသားသေဆုံးမှုရှိ
နေ့စဉ်သတင်း

မြစ်ကြီးနားထောင်တွင်းပစ်ခတ်မှု အကျဉ်းသားသေဆုံးမှုရှိ

thanlwinkhetBy thanlwinkhetApril 19, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြစ်ကြီးနားထောင်တွင်းပစ်ခတ်မှု အကျဉ်းသားသေဆုံးမှုရှိ

*****

ထွယ်

ဧပြီ ၁၉၊ ၂၀၂၄။

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် ယမန်နေ့ညက ထောင်ဆူပူဖြစ်ပွားခဲ့သဖြင့် ထောင်တွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထောင်ဝန်ထမ်းနှင့်နီးစပ်သူ ၁ ဦးထံကသိရသည်။

အဆိုပါ ထောင်တွင်းပစ်ခတ်မှုတွင် ထောင်တွင်းအကျဉ်းသား ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည် ဟု ၎င်းက သံလွင်ခက်ကို ပြောသည်။

“နှစ်ကြီးသမားတွေကို မလွှတ်ပေးတဲ့ကိစ္စကြောင့် ထောင်အတွင်းမှာ ဆူပူမှုဖြစ်လို့ ဟန့်တားရင်းပစ်တာ။ ဘောက် ဆွဲခြောက်လန့်တာပေါ့။ တကယ်လည်း ပစ်တာထိသွားပါတယ်” ဟုပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အကျဉ်းသား ၄ ဦးအနက် ၂ ဦးက မြစ်ကြီးမြို့နယ်ကဖြစ်ပြီး ကျန် ၂ ဦးက ဗန်းမော်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ကဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သံလွင်ခက်က ဆက် လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် အကျဥ်းသားများသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ခဲ့ကာ ယခုအချိန်၌ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားသည်ဟု ထောင်ဝန်ထမ်းနှင့် နီးစပ်သူက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင် ယမန်နေ့ညနေ ၄ နာရီခန့်ကတည်းက ထောင်တွင်းဆူပူမှုဖြစ် ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း လုံခြုံရေးတင်းကြပ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ဒေသခံ ၁ ဦးက “မနေ့ညလည်း တစ်ညလုံး စစ်သားတွေ၊ စစ်ကားတွေ ထောင်မှာ အပြည့်ပဲ။ ဘယ်သူမှ ကပ်လို့ မရဘူး။ မနက်အစောပိုင်းလည်း စစ်သားတွေ လုံခြုံရေးယူထားသေးတယ်။ အခုတော့ မရှိနေဘူး။ ညပြန်လာ မလား မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်း ၁ ရက်တွင် မြစ်ကြီးနားအကျဥ်းထောင်က အကျဉ်းသား ၄၂ ဦးလွှတ်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ဝန်ကြီးများဖြစ်သည့် ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဇော်ဝင်းနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်း တို့ လွတ်မြောက်ခဲ့သည်။

ထို့အပြင် ကချင်ဘာသာရေးဆရာ သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန် ကိုလည်း လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ သော်လည်း ယင်းညတွင်ပင် ပြန်လည်ဖမ်းဆီးခဲ့သည်။

လက်ရှိမှာတော့ ဆရာတော်၏ဇနီးနှင့်အတူ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ – PCG ၏ တာဝန်ရှိသူလည်း အတူရှိ နေကာ နေအိမ်ပြန်ရောက်ခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ကညှိနှိုင်းဆွေးနွေးရန် ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်အရ ဧပြီ ၁၇ ရက် စစ်ကောင်စီက လွှတ်ပေးသည့် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းသား ၃,၀၀၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးပါဝင်ပြီး မြစ်ကြီးနားက နိုင်ငံရေးအကျဉ်းသား ၃ ဦးသာ ပါဝင်သည်ဟု သိရသည်။

************

Telegram – >  https://t.me/ThanLwinKhetNews/4345

YouTube -> https://youtu.be/DEtRcu9PBI4

Website -> https://thanlwinkhet.net/?p=9378

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့အားပြန်လွှတ်ပေးရန်အပါအဝင် အချက် ၄ ချက် ထိုင်းအောက်လွှတ်တော် တောင်းဆို
Next Article အမှတ် ၂ တံတားအောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းနိုင်
thanlwinkhet
  • Website

Related Posts

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး

August 15, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

August 17, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.