တန်ခူးလေသံချပ်ပြိုင်ပွဲ ဒေါင်းတို့မျိုးဆက်ပထမရ
*****
စကားမောင်
ဧပြီ ၁၉၊ ၂၀၂၄။
တန်ခူးလေတော်လှန်သံချပ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွင်းကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဒေါင်းတို့မျိုးဆက်သံချပ်အသင်းက ပထမဆုရရှိခဲ့သည်။
ယမန်နှစ်ကစတင်ပြုလုပ်ခဲ့သော တန်ခူးလေသံချပ်ပြိုင်ပွဲကို အညာဒေသ၊ တိုင်းရင်းသားဒေသ၊ ထိုင်း – မြန်မာ နယ်စပ်နှင့် အွန်လိုင်းပလက်ဖောင်းများတွင်ကျင်းပခဲ့သည်။
“ စဖွဲ့စည်းတဲ့နှစ်ကနေ ဒီနှစ်ထိ ၁ နှစ်မှကျွန်တော်တို့မပျက်ကွက်ခဲ့ဘူး။ သံချပ်ကို တကယ် professional ကျ ကျ၊ ပညာသားပါပါဝေဖန်နိုင်ဖို့ နှစ်တိုင်းနှစ်တိုင်းကြိုးစားလာရင်းနဲ့ တဖြည်းဖြည်းတော့ ပြောင်းလဲလာပြီပေါ့နော်။ အဲတော့ ပြည်သူကိုကတိပေးချင်တာတစ်ခုက နှစ်တိုင်းနှစ်တိုင်း ၁ နှစ်မှမပျက်ကွက်ဘဲနဲ့ သံချပ်တွေနှစ်တိုင်းဖြစ် အောင် စဉ်ဆက်မပြတ် ပြည်သူတွေအတွက်ရှိနေတယ်ဆိုတဲ့ဟာလေးဖြစ်အောင် နှစ်တိုင်းကြိုးစားပါမယ်”ဟု ဒေါင်းတို့မျိုးဆက်အဖွဲ့က ကိုဖိုးသားက ဆိုသည်။
ဒေါင်းတို့မျိုးဆက်အဖွဲ့ကို ၂၀၁၃ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ်အထိဖျော်ဖြေတင်ဆက်မှု ၁၀ ကြိမ်ရှိခဲ့ပြီဟု သိရသည်။
“အိုးဝေသံသံချပ်ဆိုပြီး ရန်ကုန်မှာ ကျွန်တော်တို့တလျှောက်လုံးဖျော်ဖြေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျွန်တော် တို့သံချပ်လည်း ခဏခဏတရားစွဲခံရသလို တားဆီးပိတ်ပင်ခံရတာတွေလည်း ရှိတယ်။ ထောက်လှမ်းရေးက
နောက်ကနေ သင်္ကြန်တစ်တွင်းလုံး သံချပ်ကားနောက်ကတောက်လျှောက်လိုက်ပြီး မဏ္ဍပ်တွေပိတ်တာ၊ မိုက် ပလပ်တွေဆွဲဖြုတ်ခံရတာ ဒါမျိုး အများကြီးကြုံခဲ့ရတယ်။ ဒါဘာကြောင့်လဲဆိုတော့ ပြည်သူ့ဘက်ကနေ ကျွန် တော်တို့ကကြည့်ပြီးတော့ ပြင်းပြင်းထန်ထန်အစိုးရကို ဝေဖန်တာဖြစ်တဲ့အတွက် ဒါမျိုးတွေကြုံခဲ့ရတယ်” ဟု သွေးပိတောက်သံချပ်အဖွဲ့က ကိုမင်းသွေးသစ် ကဆိုသည်။
သွေးပိတောက်သံချပ်အဖွဲ့ကို ယခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင် မတရားမှုချုပ်ငြိမ်းသည်အထိ မည်သည့်ကဏ္ဍမျိုးကိုမဆို ကျရာကဏ္ဍများက တာဝန်ကျေအောင်ကြိုးစားတော်လှန်သွားမည်ဟု ၎င်းက ဆက် လက်ပြောဆိုသည်။
“ကျွန်တော်ကတော့ဗျာ ဒီလိုတော်လှန်သံချပ်ပြိုင်ပွဲလေးပေါ့နော်။ ကျွန်တော်တို့တော်လှန်ရေးကြီးမပြီးမချင်းက တော့ သင်္ကြန်ရောက်ရင် သံချပ်သံတွေကို ကျွန်တော်တို့က ကြားချင်ကြတာပဲလေ။ သံချပ်ဆိုတာတော့ လူထုရဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်ပြောလို့ရတဲ့ လူထုဟစ်တိုင်ပဲ။ ဓလေ့ရိုးရာလူထုဟစ်တိုင်ပဲ”ဟု တန်ခူးလေ သံချပ်ကျင်းပရေးကော်မတီဝင် ကဗျာဆရာ ကိုAမွန် ကပြောသည်။
ယခုနှစ်သံချပ်အသင်းများတွင် ကျောင်းသားများ၊ People Defense Force – PDFများ၊ CDMများ၊ အနုပညာရှင် များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်ခဲ့ကြသည်။