• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်
  • ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
  • ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
  • ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ပြန်ရွေးချယ်ခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
တိုက်ပွဲသတင်း

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

thanlwinkhetBy thanlwinkhetMarch 21, 2026No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၂၁ ။                                                                                                         ဓာတ်ပုံ – ပြည်သူ့ညီနောင် (စလင်း)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းဒေသတို့တွင် စစ်ရေးအရှိန်မြှင့်တင်ရန် ရှိနေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်သားများရှိရာ နေရာများနှင့် ဝေးဝေးနေထိုင်ကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ သတိပေးထားသည်။
လက်ရှိတွင် စလင်းမြို့ပေါ်နှင့် ဆင်ဖြူကျွန်းဒေသရှိ အချို့သော ပြည်သူများသည် စစ်ကော်မရှင်တပ်သားများနှင့် နီးကပ်စွာ သွားလာလှုပ်ရှားနေထိုင်မှုများ ရှိနေခြင်းကြောင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် စစ်ဆင်ရေးဖော်ဆောင်ရာတွင် အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု ဆိုသည်။
ပြည်သူ့ညီနောင် (စလင်း) ၏ သတင်းတာဝန်ခံ ကိုပြည်သူက “လက်ရှိ ဆင်ဖြူကျွန်းနဲ့ စလင်းမြို့ပေါ်တွေမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တချို့ပြည်သူတွေ နီးကပ်စွာ နေထိုင်တာတွေ၊ သွားလာလှုပ်ရှားနေတာတွေ ရှိနေတော့ ကျွန်တော်တို့အနေနဲ့ အလုပ်လုပ်ရတာ ခက်တယ်ဗျ ’’ ဟု သံလွင်ခက်ကို ပြောသည်။
၎င်းက ဆက်လက်၍ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရှိနေသည့် မည်သည့်နေရာဒေသမဆို အန္တရာယ်ရှိနိုင်ကြောင်းနှင့် အထူးသဖြင့် မြို့ပေါ်နှင့် မြို့နှင့်နီးစပ်သည့် ကျေးရွာများတွင် ပိုမိုအန္တရာယ်ကြီးမားကြောင်း ထောက်ပြထားသည်။
မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များဖြစ်ကြသော စလင်းမြို့ မြို့ပြကျားပေါက်အဖွဲ့၊ ပြည်သူ့ညီနောင် (စလင်း) တို့က မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်သားများ၊ ပျူစောထီးများနှင့် အနီးကပ်သွားလာခြင်း သို့မဟုတ် အတူတကွ နေထိုင်ခြင်းများကို အထူးရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
ယခုကဲ့သို့ အသိပေးနှိုးဆော်ရခြင်းမှာ ရှေ့ဆက်ဖြစ်ပွားလာမည့် တိုက်ခိုက်မှုများအတွင်း ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ မရှိစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်း၌ စစ်ကော်မရှင်က အတင်းအဓမ္မ ပေါ်တာဆွဲခြင်းနှင့် ငွေညှစ်ခြင်းများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေသည်ဟု ပြည်သူ့ညီနောင် စလင်းက အသိပေးထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ကြရန်နှင့် မိမိတို့သွားမည့် လမ်းကြောင်းများတွင် စစ်ကော်မရှင်တပ်သားများ၏ လှုပ်ရှားမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းမေးမြန်းပြီးမှသာ သွားလာကြရန် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက တိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ယန္တရားများ လည်ပတ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများအပေါ် မူတည်၍ တော်လှန်ရေးအင်အားစုများက စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာဖွယ် ရှိသည်ဟု သိရသည်။
#ဆင်ဖြူကျွန်း #မကွေး #စလင်း #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
Next Article မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

March 21, 2026

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

March 21, 2026

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

March 21, 2026

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

March 21, 2026

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

March 21, 2026

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

March 21, 2026

ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

March 20, 2026

ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

March 20, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.