• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဆွာမြို့အရှေ့ဘက်တွင် စစ်ရေးပြင်းထန်နေ
တိုက်ပွဲသတင်း

ဆွာမြို့အရှေ့ဘက်တွင် စစ်ရေးပြင်းထန်နေ

thanlwinkhetBy thanlwinkhetApril 19, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဆွာမြို့အရှေ့ဘက်တွင် စစ်ရေးပြင်းထန်နေ
******

သဇင်
ဧပြီ ၁၉၊ ၂၀၂၄။

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ် ၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်အရှေ့ခြမ်းရှိကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းသုံးတိုက်ခိုက်မှုများပါပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် မနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ဝန်းကျင်ဖြင့် ဆွာမြို့ အရှေ့ဘက်ရှိ ဂွေးပျောက်ကုန်းကျေးရွာကို စတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဂွေးပျောက်ကုန်းကျေးရွာ ထိပ်တွင် တေ်လှန်ရေးပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲစတင်ခဲ့သည်။

ဧပြီလ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်ကနေ ညနေ ၃ နာရီအထိ တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည့်အပြင် ယင်းနေ့မနက် ၁၀ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးဖြင့် ဆွာမြို့အရှေ့ခြမ်းရှိ ကျေးရွာ တဝိုက်အား ပစ်ခတ်ခဲ့သည့်အတွက် ရွာသစ်ကျေးရွာရှိနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူ ၁ ဦးကဆိုသည်။

၄င်းက “ဂျက်ဖိုက်တာ ၁ စီးနဲ့ မိနစ် ၄၀ လောက်ပတ်ပြီးတော့ ၄ ကြိမ်လောက်လာပစ်သွားတာ။ ပေါင် ၂၅၀ ဗုံး ၆ လုံးချသွားတာ ရွာသစ်ရွာ အရှေ့ပိုင်းကို နေအိမ် ၃ လုံးထိသွားတယ်။ မနက်အစာပိုင်းတိုက်ပွဲစတာနဲ့ ဒရုန်း ၃ စီး လောက်သုံးပြီး ပစ်သေးတယ်” ဟုဆိုသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကာ တော်လှန်ပူးပေါင်းအဖွဲ့များဘက်ကလည်း ကျဆုံးထိခိုက်မှုရှိခဲ့သည်ဟု စစ်ရေးနီးစပ်သူ ၁ ဦးက ဆိုသည်။

၄င်းက “တိုက်ပွဲကပြင်းထန်တော့ သူတို့ဘက်က ၂၀ လောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲ ဖြစ်နေတဲ့အချိန်အတွင်းမှာ သူတို့ဘက်က ၁၂၀ မမ လက်နက်ကြီးပစ်ကူတွေလည်းသုံးတော့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့က ၄ ယောက်ကျပြီး ဒဏ်ရာရတာ ၈ ဦးရှိတယ်” ဟု ဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့်အတွက်ကြောင့် သေဆုံးရဲဘော် ရုပ်အလောင်း ၃ လောင်းကိုသာရရှိခဲ့ပြီး ကျန် ၁ ဦး ၏ ရုပ်အလောင်းမှာမူ စစ်မြေပြင်တွင်ကျန်ရစ်နေခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ယင်းနောက် ဧပြီလ ၁၇ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း ရွာသစ်ကျေးရွာနှင့် ၁ မိုင် ခန့်ဝေးသည့် ဂွေးဗောက်ကုန်းကျေးရွာရှိနေအိမ် ၃ လုံးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သေး သည်။

လက်ရှိတွင် ဆွာမြို့အရှေ့ခြမ်းရှိ ဆွာရွာမကျေးရွာနှင့် ကျိပ်ပတီး၊ ခင်တန်းကြီးကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အား ထပ်မံဖြည့်တင်းထားပြီး စစ်ရေးတင်းမာနေသည်ဟု ရေတာရှည်ပကဖ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်တွင်လည်း စစ်ကောင်စီတပ်က ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ပေးပို့။

ပုံစာ – စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့သည့် ရွာသစ်ကျေးရွာ နေအိမ်မြင်ကွင်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleချင်းကာကွယ်ရေးတပ်များထံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လာ
Next Article မင်္ဂလာဒုံရှိ လေတပ်အရာရှိအဆောင်အပါအဝင် ရုံးဌာနများ တိုက်ခိုက်ခံရ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.