ဘုန်းမောင် ဇူလိုင် ၁၅၊ ၂၀၂၄။ ဝေါလေကျေးရွာသည် ထိုင်း – မြန်မာနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာဖြစ်သည်။ ၎င်းကျေးရွာတွင် ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသော သစ်သားတံတားငယ်လေးတစ်စင်းတည်ရှိ၏။ တံတားအောက်မှာတော့ သေးငယ်ကျဥ်းမြောင်းသည့် မြစ်ကလေးတစ်စင်းက နှစ်နိုင်ငံနယ်စပ်ကြား စီးဆင်းနေသည်။ မြစ်ကမ်းတစ်ဖက်တစ်ချက်တွင်ရှိနေကြသည့် ကျေးရွာနှစ်ရွာကလည်း နာမည်တူကျေးရွာများဖြစ်ကြပြီး ၎င်းတို့၏ဘဝများကလည်း နီးကပ်စွာဆက်စပ်တည်ရှိနေသည်။ ဒေသခံများသည် ထိုတံတားငယ်ကလေးကိုဖြတ်သန်းပြီး…