ပန်ပန်
ဇူလိုင် ၁၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီအမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီး ဖြင့် နီးစပ်ရာကျေးရွာများကို ယမန့်နေ့ည ၁၀ နာရီဝန်းကျင်ပစ်ခတ်ခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်- DKBA ခြံဝင်းထဲကို ရောက်ပေါက်ကွဲခဲ့သည်ဟု တာဝန်ရှိသူထံက သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံးသည် မင်းလက်ပံကျေးရွာအတွင်းရှိ DKBA တပ်ဖွဲ့ဝင်မိသားစုခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“DKBA ရဲ့ခြံထဲသွားကျတယ်။ ဘာမှထိခိုက်တာမရှိဘူးနော်။ သုံးလုံးတိတိကျတယ်။ ဘာမှတော့မဖြစ်သွားဘူး” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
DKBA သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည်။
ပုံစာ – ယမန်နေ့ည စစ်ကောင်စီပစ်လိုက်သည့် ၁၂၀ မမ။ ဓါတ်ပုံ – ပေးပို့။