• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းက မိုးဗြဲက ပြည်သူ့နေအိမ်အချို့ မီးရှို့
  • ဆိုင်ခန်း ၂ ရာကျော် ပြာကျပြီးနောက် ပျဉ်းမနား အဟာရသုခဈေး မီးလောင်မှုအခြေအနေ ညိုစော နှင့် အောင်လင်းဒွေးတို့ လာကြည့်
  • ယိုးငူရွာဈေး လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်၊ အရွယ်မရောက်သေးသူများ အပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိလာ
  • အရှေ့တောင်အာရှ၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး “Cobra Gold 2026”
  • မြန်မာဘက်သို့ တရားမဝင်လွှင့်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖျက်သိမ်း
  • ကမ္ဘာ့ဖလားကျင်းပရန် ရက် ၁၀၀ သာလိုတော့သော်လည်း လုံခြုံရေးနှင့် ရန်ပုံငွေအခက်အခဲကြောင့် အမေရိကန်အိမ်ရှင်မြို့များ စိုးရိမ်နေ
  • မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
  • ခင်ဦးနယ်တွင် “မီးရှို့ကိုကို” ဟု အမည်ထွက်နေသည့် ဗိုလ်တစ်ဦး တိုက်ပွဲတွင် သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»အားကစား»ကမ္ဘာ့ဖလားကျင်းပရန် ရက် ၁၀၀ သာလိုတော့သော်လည်း လုံခြုံရေးနှင့် ရန်ပုံငွေအခက်အခဲကြောင့် အမေရိကန်အိမ်ရှင်မြို့များ စိုးရိမ်နေ
အားကစား

ကမ္ဘာ့ဖလားကျင်းပရန် ရက် ၁၀၀ သာလိုတော့သော်လည်း လုံခြုံရေးနှင့် ရန်ပုံငွေအခက်အခဲကြောင့် အမေရိကန်အိမ်ရှင်မြို့များ စိုးရိမ်နေ

thanlwinkhetBy thanlwinkhetFebruary 25, 2026Updated:February 26, 2026No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကမ္ဘာ့ဖလားအိမ်ရှင်မြို့များကိုယ်စားပြုသည့် ဒေသန္တရအရာရှိများက ပြီးခဲ့သည့် အင်္ဂါနေ့တွင် လွှတ်တော်သို့ တင်ပြရာ၌ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် ရန်ပုံငွေ မလုံလောက်မှုတို့ကြောင့် ပြိုင်ပွဲကျင်းပချိန်တွင် ဆိုးရွားသော ဖြစ်ရပ်များ ဖြစ်ပွားနိုင်ခြေရှိကြောင်း သတိပေးခဲ့ကြသည်။
အထူးသဖြင့် ပြည်တွင်းလုံခြုံရေးကော်မတီဝင်များက အိမ်ရှင်မြို့များအတွက် သတ်မှတ်ထားသော FEMA ( ပြည်ထောင်စု အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ) ရန်ပုံငွေများကို အမြန်ဆုံးပြန်လည် ထုတ်ပေးရန် လိုအပ်နေကြောင်း ထောက်ပြခဲ့ကြသည်။
လွှတ်တော်တွင် ထွက်ဆိုချက်ပေးခဲ့သည့် အရာရှိများ၏ အဆိုအရ ဒေသန္တရအေဂျင်စီများသည် သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်များ၊ ပရိသတ်ဖျော်ဖြေပွဲများနှင့် လေ့ကျင့်ရေးကွင်းများအတွက် ရှုပ်ထွေးလှသော လုံခြုံရေးအသေးစိတ်အချက်အလက်များကို ဖက်ဒရယ်အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းရာတွင် ပျက်ကွက်မှုများရှိနေကြောင်း သိရသည်။
ထို့ပြင် ဒရုန်း (Drone) ခြိမ်းခြောက်မှုများ၊ လူကုန်ကူးမှု ပြဿနာများနှင့် မက္ကဆီကိုနိုင်ငံအတွင်း ဖြစ်ပွားနေသည့် မူးယစ်ဂိုဏ်းများ၏ အကြမ်းဖက်မှုများကလည်း လုံခြုံရေးအတွက် စိုးရိမ်စရာ အချက်များ ဖြစ်လာနေသည်။
မင်နီယာပိုလစ်မြို့တွင် ICE အရာရှိများ၏ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသားများ သေဆုံးခဲ့ရပြီးနောက် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၏ ရန်ပုံငွေများကို ၁၁ ရက်ကြာ ပိတ်ဆို့ထားခြင်းကြောင့် ယခုကဲ့သို့ အခက်အခဲဖြစ်နေရခြင်းဖြစ်သည်။
အစိုးရအနေဖြင့် အမေရိကန်အိမ်ရှင် ၁၁ မြို့အတွက် လုံခြုံရေးအဆင့်မြှင့်တင်ရန် ဒေါ်လာ ၆၂၅ သန်းနှင့် ဒရုန်းကာကွယ်ရေးအတွက် ဒေါ်လာ ၂၅၀ သန်း လျာထားသော်လည်း ရန်ပုံငွေများ ထိန်းသိမ်းခံထားရမှုကြောင့် စီမံချက်များမှာ ရှေ့မတိုးနိုင်ဖြစ်နေသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် မက္ကဆီကိုစီးတီး၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ပထမဆုံးပွဲစဉ်ကို ဇွန်လ ၁၂ ရက်တွင် လော့စ်အိန်ဂျလိစ်၌ ကျင်းပကာ ဗိုလ်လုပွဲကို ဇူလိုင် ၁၉ ရက်တွင် နယူးယောက်မြို့၌ ကျင်းပရန် စီစဉ်ထားသည်။
သို့သော်လည်း အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် မက္ကဆီကိုနိုင်ငံ ဂွါဒါလာဟာရာမြို့အနီးတွင် ဖြစ်ပွားနေသော ဂိုဏ်းစတားအကြမ်းဖက်မှုများကြောင့် မက္ကဆီကိုဘက်တွင်လည်း လုံခြုံရေးပေးနိုင်စွမ်းအပေါ် သံသယများ မြင့်တက်လာနေသည်။
အမျိုးသားပေါင်းစပ်ညှိနှိုင်းရေးဗဟိုဌာန (National Fusion Center Association) ၏ ဥက္ကဋ္ဌ မိုက်ခ်ဆီနာက ယခုကဲ့သို့ ဆွေးနွေးမှုမျိုးကို လွန်ခဲ့သည့် နှစ်နှစ်ကတည်းက လုပ်ဆောင်ခဲ့ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် လိုအပ်သည့် လုံခြုံရေးစွမ်းဆောင်ရည်နှင့် အလှမ်းဝေးနေသေးကြောင်း ထွက်ဆိုခဲ့သည်။
၎င်းက ယခုပြိုင်ပွဲသည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်ပြည်တွင်းလုံခြုံရေးအတွက် အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်လာမည်ဟု ဆိုသည်။
မိုင်ယာမီမြို့ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီမှ ရေးမာတီနက်ဇ်က အစိုးရထံမှ ရန်ပုံငွေ ဒေါ်လာ ၇၀ သန်းခန့် မရရှိပါက မတ်လကုန်တွင် လုံခြုံရေးမလုံလောက်မှုကြောင့် ပရိသတ်ဖျော်ဖြေပွဲများကို စတင်ဖျက်သိမ်းရတော့မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
“ပြိုင်ပွဲကျင်းပဖို့ ၁၀၇ ရက်ပဲ လိုတော့ပေမဲ့ ပွဲပြင်ဆင်မှုတွေအတွက်ကတော့ ရက် ၇၀ ကျော်ပဲ လိုပါတော့တယ်၊ ရန်ပုံငွေမရရင် စီမံကိန်းတခုလုံး ပျက်စီးသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကင်းဆက်စီးတီးနှင့် မေရီလန်းပြည်နယ်တို့မှ လုံခြုံရေးအရာရှိများကလည်း လုံခြုံရေးဝန်ထမ်းအသစ်များ ခန့်အပ်ရန်နှင့် လက်ရှိဝန်ထမ်းများ၏ လစာပေးရန်အတွက် ထိုရန်ပုံငွေများမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မေရီလန်းပြည်နယ် လုံခြုံရေးအကြံပေး ထရာဗစ်နယ်လ်ဆင်က ယခုအခြေအနေကို “ဂျန်ဂါ (Jenga)” ကစားနည်းနှင့် နှိုင်းယှဉ်ကာ အမှားတချက်တည်းနှင့် စီမံချက်တခုလုံး ပြိုလဲသွားနိုင်ကြောင်း တင်စားပြောဆိုခဲ့သည်။
Ref: ESPN News
World Cup host cities warn Congress over security concerns by Shwetha Surendran
#ကမ္ဘားဖလား #ရက်၁၀၀လို #လုံခြုံရေး #ရန်ပုံငွေအခက်အခဲ #အမေရိကန်အိမ်ရှင်မြို့ #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
Next Article မြန်မာဘက်သို့ တရားမဝင်လွှင့်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖျက်သိမ်း
thanlwinkhet
  • Website

Related Posts

၇ ပွဲဆက်တိုက်နိုင်ထားတဲ့ ထိုင်းလက်ဝှေ့မယ်ကို ဒိုင်ပွဲရပ်ဖြင့် ဘရော်နီကာအနိုင်ရ

May 9, 2025

One Championship မှာ ရုရှားဖိုက်တာကို စိုးလင်းဦး ရှုံးနိမ့်

March 8, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းက မိုးဗြဲက ပြည်သူ့နေအိမ်အချို့ မီးရှို့
  • ဆိုင်ခန်း ၂ ရာကျော် ပြာကျပြီးနောက် ပျဉ်းမနား အဟာရသုခဈေး မီးလောင်မှုအခြေအနေ ညိုစော နှင့် အောင်လင်းဒွေးတို့ လာကြည့်
  • ယိုးငူရွာဈေး လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်၊ အရွယ်မရောက်သေးသူများ အပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိလာ
  • အရှေ့တောင်အာရှ၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး “Cobra Gold 2026”
  • မြန်မာဘက်သို့ တရားမဝင်လွှင့်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖျက်သိမ်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းက မိုးဗြဲက ပြည်သူ့နေအိမ်အချို့ မီးရှို့

ဆိုင်ခန်း ၂ ရာကျော် ပြာကျပြီးနောက် ပျဉ်းမနား အဟာရသုခဈေး မီးလောင်မှုအခြေအနေ ညိုစော နှင့် အောင်လင်းဒွေးတို့ လာကြည့်

ယိုးငူရွာဈေး လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်၊ အရွယ်မရောက်သေးသူများ အပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိလာ

အရှေ့တောင်အာရှ၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး “Cobra Gold 2026”

ယခင်သတင်းများ

  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းက မိုးဗြဲက ပြည်သူ့နေအိမ်အချို့ မီးရှို့

February 26, 2026

ဆိုင်ခန်း ၂ ရာကျော် ပြာကျပြီးနောက် ပျဉ်းမနား အဟာရသုခဈေး မီးလောင်မှုအခြေအနေ ညိုစော နှင့် အောင်လင်းဒွေးတို့ လာကြည့်

February 26, 2026

ယိုးငူရွာဈေး လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်၊ အရွယ်မရောက်သေးသူများ အပါအဝင် ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိလာ

February 26, 2026

အရှေ့တောင်အာရှ၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီး “Cobra Gold 2026”

February 26, 2026

မြန်မာဘက်သို့ တရားမဝင်လွှင့်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖျက်သိမ်း

February 26, 2026

ကမ္ဘာ့ဖလားကျင်းပရန် ရက် ၁၀၀ သာလိုတော့သော်လည်း လုံခြုံရေးနှင့် ရန်ပုံငွေအခက်အခဲကြောင့် အမေရိကန်အိမ်ရှင်မြို့များ စိုးရိမ်နေ

February 25, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.