သဇင်
ဇူလိုင် ၁၃၊၂၀၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆီဘောက်ဆာကားနှင့် ကုန်တင်ကားများကို စစ်ကောင်စီက မြစ်ကြီးနား- မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် ကုန်စည်စီးဆင်းရန်ခက်ခဲနေသည်ဟု ကုန်စည်ဒိုင်များထံ ကသိ ရသည်။
ယမန်နေ့ ဇူလိုင်လ ၁၂ ရက်မနက်ပိုင်းမှ မြစ်ကြီးနား- မန္တလေးကားလမ်း၊ ကချင်-စစ်ကိုင်းအစပ် နန့်စီအောင်စစ်ကောင် စီဂိတ်တွင် စစ်ကိုင်းတိုင်းအတွင်းဖြတ်ဝင်လာသည့် ယာဉ်များကို အဆိုပါဂိတ်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် မြစ်ကြီးနားသို့ ကုန်စည်နှင့် စက်သုံးဆီဝင်ရောက်ခြင်းမရှိသည့်အတွက် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“စက်သုံးဆီဆိုရင်လည်း တော်တော်ဝယ်ရခက်တယ် ။ ရေသန့်ဗူးတစ်ဗူး တစ်လီတာကို ကျပ်နှစ်သောင်း၊ တစ်သောင်းခွဲ အဲ့တာတောင်မှ ပုံးနဲ့ မရောင်းပေးဘူး” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ တင်ပို့မည့်ကုန်ပစ္စည်းများကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှတစ်ဆင့် ဝယ်ယူရပြီး မန္တလေး- မြစ်ကြီးနားကားလမ်းတစ်ခုထဲကသာ တင်ပို့နေသည်ဟု သိရသည်။
ကားလမ်းပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်းကြောင့် မြစ်ကြီးနားမြို့နယ်ရှိ အဝယ်ဒိုင်များတွင်လည်း အခက် အခဲများကြုံတွေ့နေရသည်ဟု မြစ်ကြီးနားမြို့နယ် ကုန်စည်အဝယ်ဒိုင်တစ်ဦးက ဆိုသည်။
“လမ်းခဏခဏပိတ်တာ ဒီနှစ်ထဲမှာ ။ အလျင်မမီဘူးပေါ့ ရောင်းရတာ။ ဒီဘက်မှာ ကုန်က ပျက်သွားတာနဲ့ ကားက မရောက်လာတာနဲ့ အဲ့လိုတွေဖြစ်တယ်။ တစ်ဖက်မှာတော့ ကုန်ကပျက်စီးတာတို့ဆိုရင် ဒီဘက်ရောက်ရင် ပြန်ခွဲရတာ တို့ အဲ့လိုမျိုးတော့ အခက်အခဲကြုံရတာပေါ့။အဓိကကတော့ အချိန်မီမရောက်တာလေ”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်ကလည်း မြစ်ကြီးနား- မန္တလေးကားလမ်းပေါ်ရှိ စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးတွင် တိုက်ပွဲအခြေအနေများကြောင့် ၂ ရက် အကြာကားလမ်းများမိနေခဲ့သည်။
ပုံစာ-မြစ်ကြီးနား-မန္တလေးကားလမ်းနန့်စီအောင်ဂိတ်တွင် ပိတ်မိနေသည့် မြင်ကွင်း။ ဓာတ်ပုံ-Indaw Revolution-IR