သံလွင်ခက် စက်တင်ဘာ ၄၊ ၂၀၂၄။ ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ပေါင် ၃၀၀ ဗုံးသုံးကြိမ်အပါအဝင် ဗုံးလေးကြိမ်ကြဲခဲ့သဖြင့် လက်ဖက်ခြောက်စက်ရုံ ၁ ရုံ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအောင်းအမျိုးသမီးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်တွင် မန်တုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်…