ခင်သရဖီဦး
စက်တင်ဘာ ၁၈၊ ၂၀၂၄။
ရခိုင်ပြည်၊ အမ်းကားလမ်းပိုင်းတွင် စစ်ကာင်စီတပ်မှ ယာယီတပ်စခန်းများချ၍ စစ်ဆေးရေးတင်းကြပ်ထားသဖြင့် တောင်သူများ အခက်တွေ့နေသည်ဟု ဒေသခံများထံမှ သိရသည်
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်မှစတင်ကာ မဲတောင်နှင့် အမ်းကားလမ်းကြားရှိ စိုက်ခင်းများတွင် အင်းအား ၁၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းမှနေရာယူ၍ တောင်ယာနှင် စိုက်ခင်းသို့သွားလာသူများအား စစ်ဆေးနေခြင်း ဖြစ်သည်။
“ဥယျာဉ်ခြံမြေနဲ့ တခြားလက်လုပ်လက်စားပြည်သူတွေကိုလမ်းသွားလမ်းလာမလုပ်ရဘူး။ လယ်တွေတဲတွေမှာ မနေရ ဘူးဆိုပြီး နှင်ထုတ်ထားတယ်။ လမ်းသွားလမ်းလာ လုပ်တဲ့လူတွေ ကိုဖမ်းပြီးစစ်ဆေးတယ်။ မိန်းမတွေကိုလည်း မဖွေ မရာရှာဖွေတာတွေရှိတယ်။ ဖမ်းသွားတဲ့လူတွေနဲ့လည်း အဆက်အသွယ်မရဘူး” ဟု အမ်းဒေသခံတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ဥယျာဥ်စိုက်ခင်းများအား သွားလာခွင့် ကန့်သတ်ထားသည့်အတွက် ယင်းအနီးအနားမှ တောင်သူများမှာ စားဝတ်နေရေးကျပ်တည်းနေသည်ဟု သိရသည်။
“လက်လုပ်လက်စားက အခု စိုက်ခင်းတွေကို မသွားရတော့ အခက်အခဲဖြစ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ မိုးရာသီမှာ အသီးအနှံကဟင်းခြင်းဥယျာဉ်တွေမှာသာရှိတယ်။ အဲဒီဟင်းတွေကို ခူးလို့မရောင်းစားရတော့ တခြားဝင်ငွေမရှိဘူး။ အဲဒီစိုက်ခင်းတွေကိုအားကိုးပြီးတော့ စားနေကြရတာကို” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ၏ ဂျင်တောင်ထိပ်လက်နက်ကြီးစခန်းနှင့် နပခဌာနချုပ်တွင် အထိုင်ချထားသည့် လက်နက်ကြီးစခန်းများမှ ယင်းအနီးအနားရှိ တောင်တန်းများအား နေ့စဉ် ရမ်းသမ်းပြီး ပစ်ခတ်မူများရှိနေသညဟု ဒေသခံများထံမှသိရသည်။