• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး
  • စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ
  • သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ
  • လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ
ဆောင်းပါး

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

thanlwinkhetBy thanlwinkhetApril 12, 2026No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကိုဏီတာ(သံလွင်ခက်)/ဧပြီလ ၁၂။
ဧပြီလ၏ နေပြင်းပြင်းအောက်တွင် သောင်ရင်းမြစ်ရေသည် ခန်းခြောက်လုနီးပါး ဖြစ်နေ၏။ ၎င်းကမ်းပါးတွင် ရှိနေသာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့လေးမှာမူ မြန်မာတို့၏ ဓလေ့၊ မြန်မာတို့၏ ယဉ်ကျေးမှုများဖြင့် စည်ကားသက်ဝင်လျက်ရှိသည်။
သိန်းနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပဋိပက္ခရှောင်များ ခိုလှုံရာ ဤမြို့လေးတွင် နွေရာသီ၏ အပူဒဏ်ထက် ဒေသလွမ်းစိတ်က ပို၍ ပူလောင်လှသည်။
သို့သော် မနက်ဖြန်တွင် သင်္ကြန်အကြိုနေ့သို့ ရောက်ပြီဖြစ်ရာ အမိမြေကို လွမ်းဆွတ်နေကြသည့် မြန်မာတို့သည် ရွှေ့ပြောင်းသယ်ဆောင်လာသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခုကို ယနေ့တွင် အသက်သွင်းရန် ပြင်ဆင်နေကြသည်။
၎င်းမှာ အခြားမဟုတ်။ သိကြားမင်းကို ကြိုဆိုမည့် “အတာအိုး” လေးများပင် ဖြစ်ပါသည်။
ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာကာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအဖြစ် အမြစ်တွယ်နေသော သင်္ကြန်ဒဏ္ဍာရီအရ ယခုကာလသည် မှတ်သားဖွယ်ရာကောင်းလှသည်။ ဒဏ္ဍာရီမှတ်တမ်းများအရတွင် သိကြားမင်းနှင့် အာသီဗြဟ္မာမင်းကြီးတို့ အလောင်းအစားလုပ်ရာမှ အနိုင်ရသော သိကြားမင်းက ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ဖြတ်ယူခဲ့သည်။
တန်ခိုးကြီးလှသော အဆိုပါဦးခေါင်းကို မြေပေါ်ချလျှင် ကမ္ဘာမီးလောင်မည်။ ရေထဲပစ်လျှင် သမုဒ္ဒရာခန်းမည်။ လေထဲလွှင့်လျှင် သတ္တဝါတို့ သေကြေမည်ဖြစ်၍ နတ်သမီး ခုနစ်ဖော်ကို တစ်နှစ်တစ်ပါးစီ အလှည့်ကျ ကိုင်ဆောင်ထိန်းသိမ်းစေခဲ့သည်။ ထိုသို့ နတ်သမီးတစ်ပါးမှ တစ်ပါးသို့ လွှဲပြောင်းပေးအပ်သည့် ကာလကို “သင်္ကန္တ” ဟုခေါ်ရာမှ “သင်္ကြန်” ဖြစ်လာခဲ့သည်ဟု ကြားသိမှတ်သားခဲ့ရသည်။
ဤသို့ နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းချိန် သင်္ကြန်ကျချိန်တွင် သိကြားမင်းသည် လူ့ပြည်သို့ ဆင်းသက်လာပြီး လူသားတို့၏ အကောင်း၊ အဆိုး လုပ်ရပ်များကို စောင့်ကြည့်လေ့လာတတ်သည်ဟု အဖိုးအဖွား၊ ရှေးလူကြီးသူမများက ယုံကြည်လေ့ရှိခဲ့သည်။ သိကြားမင်းပါလာလေ့ရှိသော မှတ်တမ်းစာအုပ် နှစ်အုပ်အနက် မိဘဆရာကို ရိုသေပြီး ကုသိုလ်ပြုသူများကို “ရွှေပုရပိုက်” တွင် ရေးမှတ်ကာ မကောင်းမှုဒုစရိုက်ကျူးလွန်သူများကို “ခွေးသားရေ ပုရပိုက်” တွင် ရေးမှတ်သည်ဟု သွန်သင်ဆုံးမရာတွင် ထည့်သွင်းပြောဆိုလေ့ရှိသည်။
ထို့ကြောင့် မိမိတို့နာမည်ကို ရွှေပုရပိုက်တွင် ရေးမှတ်စေချင်သော ဆန္ဒ၊ ဘေးရန်ကင်းကွာလိုသော ဆန္ဒများဖြင့် သိကြားမင်းကို ကြိုဆိုရန် “အတာအိုး” ကို ပြင်ဆင်ကြခြင်းဖြစ်သည်။
အတာအိုးထဲရှိ ပန်း ခုနစ်မျိုးသည် ၇ ရက်သားသမီးများကို ကိုယ်စားပြုသလို ဗြဟ္မာဦးခေါင်းကို ကိုင်ဆောင်ရသည့် နတ်သမီး ခုနစ်ဖော်ကိုလည်း ကိုယ်စားပြုသည်။ အဆိုပါအချက်များမှာ သမိုင်းနှင့် ဗုဒ္ဓဘာသာ ပိဋကတ်တော်များတွင် တိုက်ရိုက်မပါဝင်သော်လည်း မြန်မာတို့၏ ယုံကြည်မှု ယဉ်ကျေးမှုနှင့် ပေါင်းစပ်သွားသော ချစ်စရာ ဓလေ့တစ်ခုဖြစ်ခဲ့သည်။
အဆိုပါ အတာအိုးကို သင်္ကြန်အကြိုနေ့ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး အိမ်ဦးခန်း၊ ဘုရားစင်ရှေ့ (သို့မဟုတ်) အိမ်ရှေ့ဘက်ရှိ သင့်တော်ရာနေရာများတွင် တလေးတစားထားလေ့ရှိ၏။ အချို့ဒေသများ၊ အထူးသဖြင့် အညာဒေသများတွင် သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးထဲမှ ရေကို သွန်ပစ်လေ့ရှိကြသည်။ အချို့က ထိုရေဖြင့် ဦးခေါင်းဆေးလျှော်ခြင်းများ ပြုလုပ်ကြပြီး အတာပန်းနှင့် အညွန့်များကိုတော့ အိမ်ဦးဝင်းထရံ၊ အိမ်ခေါင်မိုး စသည်တို့တွင် အန္တရာယ်ကင်းအဖြစ် ထိုးစိုက်ထားလေ့ရှိခဲ့ကြသည်။
အဆိုပါ သင်္ကြန်လေးရက်တာအတွင်း ကြိုဆိုထားသော အတာအိုးအား နှစ်ဆန်းတစ်ရက်နေ့ ရောက်သောအခါတွင် သဲဖြူနှင့် ချည်ကြိုးများ ထပ်ဖြည့်ပြီး ရွာထိပ်၊ ရပ်ကွက်ထိပ်၊ လမ်းထိပ်များတွင် သံဃာတော်များ ပရိတ်ရွတ်ဖတ်သည့်အခါတွင် “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းသွား၏။ ယင်းနောက်ပိုင်းတွင် အဆိုပါ ပရိတ်ရေ၊ ပရိတ်သဲများကို အိမ်ပတ်လည်၊ ခြံပတ်လည်တွင် ပတ်ဖျန်းလေ့ရှိကြပေသည်။
သို့သော် ဤကဲ့သို့ ငြိမ်းချမ်းသည့် ပြယုဒ် ရိုးရာဓလေ့လေးတစ်ခုသည် ယနေ့ မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်၊ အဖြေမထွက်လာနိုင်သော ပဋိပက္ခများကြားတွင် အကွဲအအက်များစွာဖြင့် ဖြတ်သန်းလာခဲ့ရသည်။
မဲဆောက်ဈေးတန်းများတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော မြေအိုးလေးတစ်လုံးသည် ယခုအခါတွင် ခက်ခဲလှသော ခရီးကြမ်းကို ဖြတ်ကျော်လာခဲ့ရသည်။ ၎င်းအတာအိုးလေးများ မြန်မာပြည်မှ မဲဆောက်သို့ ရောက်လာရန် ခရီးစဉ်ကြား လက်နက်ကြီးလက်နက်ငယ်သံများ၊ ယမ်းငွေ့များနှင့် လူသားဆန်မှု ကင်းမဲ့ခြင်းများကြား ရင်ဆိုင်ဖြတ်သန်းလာခဲ့ရသည်။
ပထမဆုံး ကြုံတွေ့ရသည့် အခက်အခဲမှာ လက်ရှိကမ္ဘာ့စစ်ပွဲဂယက်နှင့် ပြည်တွင်းရေး ပျက်စီးမှုများကြောင့် အဆမတန် မြင့်တက်နေသည့် လောင်စာဆီ ပြဿနာပင် ဖြစ်သည်။ စုံမပြသနာများ၊ လောင်စာရှားပါးမှုများ၊ ဆီဈေးကြီးမြင့်မှုများဖြစ်၏။
ထို့ထက်ဆိုးသည်မှာ ပုံမှန် အသုံးပြုသွားလာနေကျ အာရှလမ်းမကြီးမှာ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်ရေးပဋိပက္ခများကြောင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ခြင်း မရှိသည့် အခက်အခဲဖြစ်သည်။
အဆိုပါအခြေနေကြောင့် ချောမွေ့သော ကတ္တရာလမ်းအစား ကျောက်ခဲ၊ ဖုန်မှုန့်များနှင့် ပြည့်နှက်နေသော တောင်ကျော်လမ်း၊ ဒေသချင်းဆက်လမ်းကြမ်းများကို မောင်းနှင်ကြရသည်။
ထိုလမ်းကြမ်းများထက် ပို၍ ကြမ်းတမ်းသည်မှာ လမ်းတစ်လျှောက်ရှိ လက်နက်ကိုင်ဂိတ် အသီးသီးပင် ဖြစ်သည်။ အစိုးရယန္တရား ပျက်ပြားနေချိန်တွင် စစ်အုပ်စုအပါအဝင် မိမိတို့ ထိန်းချုပ်ရာ နယ်မြေအလိုက် ဂိတ်များဖွင့်ကာ “ဆက်ကြေးသဖွယ် ဂိတ်ကြေး” များ ကောက်ခံနေကြခြင်း၊ ထည့်သွင်းလာသော ခြင်းများ၊ စက္ကူဖာများကို ကြမ်းတမ်းစွာ ဖွင့်ဖောက်စစ်ဆေးခြင်းက ကုန်သည်များအတွက် ငရဲခန်းတစ်ခု ဖြစ်လာသည်။
မြေမှ ရွှံ့ကို ယူ၍ ဖုတ်ထားသော တန်ဖိုးနည်း အတာအိုးလေးများသည် ထိုဆက်ကြေးဂိတ်များကို ဖြတ်သန်းတိုင်း အခွန်အခများ ထပ်ခါ ထပ်ခါ ပေါင်းထည့်ခံရသည်။ ဂိတ်များတွင် ကြမ်းတမ်းစွာ စစ်ဆေးမှုများ၊ လမ်းကြမ်းတွင် ဆောင့်မိ ခုန်မိမှုများကြောင့် မဲဆောက်သို့ မရောက်မီ လမ်းခုလတ်၌ပင် ကောက်ရိုးများကြားမှ အတာအိုးများစွာ အကွဲအအက် အကြေအမွ ဖြစ်ခဲ့ရသည်။
ကွဲသွားသော အတာအိုးများအတွက် အရင်းအနှီးကို ကျန်ရစ်သော အိုးများအပေါ် စုပုံတင်လိုက်ရသည့်အခါ မဲဆောက်ရောက် မြန်မာများ လက်ထဲသို့ ရောက်လာချိန်တွင် အတာအိုးလေးများ၏ ဈေးနှုန်းမှာ ဘတ် ၂၀ မှ ဘတ် ၄၀ (မြန်မာငွေ ၄၀၀၀ ကျပ်ဝန်းကျင်) ရောင်းချကြရသည်။ အညွန့် ၇မျိုးပါ ပန်းစည်းနှင့် တွဲဖက်လိုက်သောအခါတွင် ဘတ် ၆၀ မှ ၇၀ (မြန်မာကျပ်ငွေ ၈၅၀၀) အထိ ကုန်ကျစရိတ်ရှိလာခဲ့သည်။ အဆိုပါပမာဏမှာ ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ အသားဟင်းတစ်မျိုးပါ အဝစားနိုင်သော ထမင်းတစ်နပ်စာဖြစ်၏။
သို့တိုင်အောင် မဲဆောက်မှ မြန်မာရွှေ့ပြောင်းများသည် ထိုအကုန်အကျခံရသော အတာအိုးလေးများကို မဖြစ်မနေ ဝယ်ယူနေကြဆဲ ဖြစ်သည်။
၎င်းတို့ ဝယ်ယူလိုက်သည်မှာ မြေအိုးတစ်လုံး မဟုတ်ဘဲ ဇာတိမြေကို လွမ်းဆွတ်ခြင်း၊ မိမိတို့၏ ဓလေ့ကို မမေ့ပျောက်ခြင်းနှင့် အာဏာရှင်စနစ် မြန်မြန်ချုပ်ငြိမ်းပါစေဟူသော ဆုတောင်းများပင် ဖြစ်သည်။
ယခုနှစ် သင်္ကြန်တွင် သိကြားမင်း လူ့ပြည်သို့ ဆင်းလာသည့်အခါ မဲဆောက်မြို့ရှိ မြန်မာအိမ်လေးများရှေ့က အတာအိုးများကို မြင်တွေ့ရမည် ဖြစ်သည်။
ထိုအတာအိုးများထဲရှိ ပန်းခုနစ်မျိုး၏ နောက်ကွယ်တွင် လောင်စာဆီ အခက်အခဲ၊ လမ်းခရီးကြမ်း၏ ဒဏ်ရာဒဏ်ချက်များ၊ လက်နက်ကိုင်အစုအဖွဲ့များ၏ ဆက်ကြေးသဖွယ် ဂိတ်ကြေးတောင်းခံမှုများနှင့် အကွဲအက်ခံကာ ဖြတ်သန်းသယ်ဆောင်လာရသည့် မြန်မာပြည်သူများ၏ ဘဝအမောများကိုပါ သိကြားမင်းအနေဖြင့် မြင်တွေ့နိုင်ပါစေဟု ဆုတောင်းရမည့်အခြေအနေသဖွယ် ပုံဖော်လျက်ရှိသည်။
ရှေးဘိုးဘွားတို့၏ ယုံကြည်မှုလမ်းစဉ်အတိုင်းဟု သတ်မှတ်လျှင် ယခုနှစ်တွင် သိကြားမင်း၏ ရွှေပုရပိုက်၌ မတူညီသော အခက်အခဲကြားမှ မိမိတို့၏ လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုကိုတန်ဖိုးထား ထိန်းသိမ်းကာ သွေးချွေးများဖြင့် ရုန်းကန်နေရသည့် ပြည်သူများ၏ နာမည်များ ပြည့်နှက်နေမည်ဖြစ်သည်။
ထို့အတူ ခွေးသားရေပုရပိုက်တွင်မူ ပြည်သူကို နှိပ်စက်နေသော အာဏာရှင်များနှင့် လမ်းခုလတ်တွင် အခွင့်အရေးယူ ဆက်ကြေးကောက် အမြတ်ထုတ်နေသူများ၏ နာမည်များဖြင့် ပြည့်လျှံနေမည်မှာ သေချာလှသည်။
မဲဆောက်ရောက် အတာအိုးလေးများမှတဆင့် ပက်ဖျန်းလိုက်မည့် သင်္ကြန်ရေစက်များသည် နှစ်ဟောင်းမှ အညစ်အကြေးများကိုသာမက မြန်မာနိုင်ငံကို အမှောင်ဖုံးစေသည့် စစ်အာဏာရှင်စနစ်ဆိုးကြီးကိုပါ အပြီးတိုင် ဆေးကြောဖယ်ရှားနိုင်ပါစေဟု ဆုတောင်းနေကြရဆဲပင် ဖြစ်သည်။
#ပုရပိုက် #အတာအိုးလေးများ #သတင်းဆောင်းပါး #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
Next Article စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ
thanlwinkhet
  • Website

Related Posts

မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး

April 12, 2026

စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ

April 12, 2026

လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

April 12, 2026

Leave A Reply Cancel Reply

Recent Posts

  • မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး
  • စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ
  • သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ
  • လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး

စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး

April 12, 2026

စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ

April 12, 2026

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

April 12, 2026

လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

April 12, 2026

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

April 11, 2026

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.