ဒီနေ့ည သွေးသစ်ဝင်းလှိုင်ပွဲရှိပါတယ်
********************
သံလွင်ခက်
စက်တင်ဘာ ၂၀၊ ၂၀၂၄။
ဒီနေ့ည One Friday Fight 80 မွှေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ချန်ပီယံ သွေးသစ်ဝင်းလှိုင်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသား မာလွန်ဘတ် ခါခိုရောတို့ ထိုးသတ်သွားဖို့ရှိပါတယ်။
သွေးသစ်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့ One ပွဲဦးထွက်မှာ ထိုင်းဖိုက်တာခွန်ဆုကို ရှုံးနိမ့်ထားခဲ့တာကြောင့် ဒုတိယမြောက် ဒီပွဲကိုတော့ အနိုင်ရဖို့ လိုအပ်နေပါတယ်။
ပြိုင်ဘက် ဥဇဘက်ကစ္စတန်နိုင်ငံသားဟာ ထိုင်းဖိုက်တာလိုပဲ အရပ် ၅ ပေ ၁၀ လက်မရှိပြီး သွေးသစ်ဝင်းလှိုင်ထက် ၃ လက်မ ပိုမြင့်တဲ့အနေအထားပါ။
ဒီပွဲမှာ အနိုင်ရရှိဖို့ဆိုရင် သွေးသစ်ဝင်းလှိုင်အနေနဲ့ ကြိုးဝိုင်းအတွင်းမှာ ကစားပုံနည်းစနစ်ပြောင်းလား၊ အရင်ကစားပုံအတိုင်းပဲ သွားမလားဆိုတာက စိတ်ဝင်စားစရာပါ။
ဒီကနေ့ သွေးသစ်ပွဲမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို သံလွင်ခက်ပရိသတ်တွေအနေနဲ့ ခန့်မှန်းပေးကြပါဦး။