• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး
  • စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ
  • သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ
  • လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဝေဒနာရှင်များခိုလှုံရာ တရားအိမ်
ဆောင်းပါး

ဝေဒနာရှင်များခိုလှုံရာ တရားအိမ်

thanlwinkhetBy thanlwinkhetSeptember 17, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

စက်တင်ဘာ ၂၃၊ ၂၀၂၄။

ထိုင်းနိုင်ငံတွင် ခရိုင် ၇၆ ခရိုင်ရှိသည့်အနက် နခွန်ရာချာဆီမား (Nakhon Ratchasima) သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ နခွန်ရာချာဆီမားခရိုင်သည် ထိုင်းနိုင်ငံ၏အရှေ့မြောက်ပိုင်းတွင်တည်ရှိကာ နိုင်ငံ၏ တတိယမြောက်အကြီးမားဆုံးမြို့ဖြစ်သလို မြေဧရိယာအားဖြင့်ဆိုလျှင်လည်း အကြီးမားဆုံးခရိုင်တစ်ခုဖြစ် ပေသည်။ တစ်ခါတစ်ရံတော့လည်း နခွန်ရာချာဆီမားမြို့ကို ခိုရတ်(Khorat) မြို့ဟူ၍ ခေါ်ဝေါ်လေ့ရှိကြပါ သေးသည်။ လူဦးရေအားဖြင့် ၂ ဒဿမ ၇ သန်းခန့်ရှိပါသည်။

ယင်းခရိုင်တွင်းမှာပဲ ချုတ်ချိုင်း (Chok Chai) မြို့တည်ရှိနေသည်။ ချုတ်ချိုင်းမြို့ကို ယခင်တုန်းကတော့ ခရာသော့ (Krathok) မြို့ဟူ၍ခေါ်ဆိုခဲ့ကြသည်။ သို့သော် ၁၉၄၅ ခုနှစ်မှာတော့ ‘Lucky Victory’ ဟု အဓိပ္ပါယ်ရသော ချုတ်ချိုင်းမြို့ဟု အမည်သညာပြောင်းလဲခဲ့ပါသည်။

အထက်တွင် ဖော်ပြခဲ့သောနခွန်ရာချာဆီမားခရိုင်ရှိ ချုတ်ချိုင်းမြို့တွင် ဝပ်ဖနွမ် ဆတ်အ(တ်) ဟု အမည်ရ သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိနေပြန်ပါသေးသည်။ ယင်းဘုန်းတော်ကြီး‌ကျောင်း သည် ပြင်းထန်ဝေဒနာခံစားနေရသော နောက်ဆုံးအဆင့်ရောဂါဝေဒနာရှင်များ၊ ရောဂါအရှင်းပျောက်ကင်း သွားအောင် ကုသ၍မရနိုင်တော့သော ဝေဒနာရှင်များအတွက် နောက်ဆုံးခိုလှုံအားထားစရာနေရာတစ်ခု လည်းဖြစ်နေပါသည်။

ဝပ်ဖနွမ်ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းတွင် ဆေးကုနေသည့် သံဃာတစ်ပါး
ဝပ်ဖနွမ်ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းတွင် ဆေးကုနေသည့် သံဃာတစ်ပါး

ထိုကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်ကြကုန်သောရဟန်းတော်များသည် ဘာသာရေးနှင့်သက်ဆိုင် သောရဟန်းတို့နေ့စဥ်ပြုဖွယ်ရာကိစ္စရပ်များအား ဆောင်ရွက်ကြရသည့်အပြင် ရောဂါဝေဒနာတစ်မျိုးမျိုးကို အပြင်းအထန်ခံစားနေကြရသူများ သို့မဟုတ် ရောဂါကျွမ်းသဖြင့် ဝေဒနာနောက်ဆုံးအဆင့်ရောက်နေရှာ

ကြသောလူနာများ၏စိတ်တွင်းပိုင်းငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေရန်အတွက်လည်း ကူညီပေးနေကြပါ သည်။

ဝေဒနာရှင်များအတွက် ရဟန်းတော်များအသုံးပြုသောနည်းလမ်းမှာ ဗုဒ္ဓ၏အဆုံးအမများ အားညွှန်ကြား ပေးခြင်း (တရားရှုမှတ်စေခြင်း) ဖြင့် စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုရရှိစေခြင်းဖြစ်သည်။ သို့ပါမှလည်း ဝေဒနာ ရှင်များသည် ၎င်းတို့ဘဝ၏နောက်ဆုံးအချိန်များကို ငြိမ်းငြိမ်းချမ်းချမ်းကျော်ဖြတ်နိုင်ကြပေလိမ့်မည်။

ဤရဟန်းတော်များသည် ဗုဒ္ဓညွှန်ကြားခဲ့သော တရားရှုမှတ်ခြင်းနှင့်သက်ဆိုင်သည့်နည်းလမ်းများကို အသုံး ပြုနေကြသည်ဖြစ်ရာ ယင်းနည်းလမ်းနှင့် အလေ့အကျင့်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မစ် ရှင်နှင့်လည်း ကိုက်ညီမှုရှိနေပါသည်။ WHO သည် လူနာများ၏ဘဝအရည်အသွေးများကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဝေဒနာများက သက်သာရာရစေနိုင်မည့်နည်းလမ်းမျိုးစုံကို မြှင့်တင်နိုင် ရန် ကြိုးပမ်းအားထုတ်နေပါသည်။

ဝေဒနာရှင်များအပေါ် ရဟန်းတော်များ၏ကူညီပေးနေမှုက အမျိုးသားကျန်းမာရေးဥပဒေပုဒ်မ ၁၂ နဲ့လည်း ကိုက်ညီမှုရှိပါသည်။ ပုဒ်မ ၁၂ တွင် နောက်ဆုံးအဆင့်ဝေဒနာရှင်များသည် ဆေးကုသမှုငြင်းပယ်ပိုင်ခွင့် ရှိ သည်ဟု ဖော်ပြထားရာ အဆိုပါဝေဒနာရှင်များအပေါ် ရဟန်းတော်များက ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းသည် တရားဝင်သောလုပ်ရပ်တစ်ခုဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

သေခြင်းတရားက မိမိတို့နှင့် အစဥ်တွဲပါလာလေ့ရှိသော်လည်း လူတွေကတော့ သေခြင်းတရားအကြောင်း မေ့ထားတတ်ကြပါသည်။ သေခြင်းဆိုသည်နှင့် ဆက်၍မစဥ်းစားချင်ကြတော့။ ယင်းက အမှားတစ်ခုသာ ဖြစ်သည်။ စင်စစ်တော့ လူတို့မည်သည်မှာ သေခြင်းတရားအကြောင်း (အနုလုံပဋိလုံမဟုတ်သည့်တိုင်) တစ် နေ့လျှင်တစ်ခေါက်လောက်တော့ တွေးတောသင့်ပါသည်။ ဆင်ခြင်သင့်ပါသည်။ သို့ပါမှလည်း သေခြင်း တရားက ပြုပြင်ပေးသဖြင့်ရရှိလာသော စိတ်ပိုင်းဆိုင်ရာစွမ်းအားများကို လက်တွေ့ခံစားရမည်လည်းဖြစ် သည်။

ဝပ်ဖနွမ်ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းသည် နောက်ဆုံးအဆင့်ရောဂါဝေဒနာရှင်များအား သမာရိုးကျ ဆေးကုသပေးခြင်းအပြင် လူနာများအတွက်နီးကပ်လာပြီဖြစ်သော သေခြင်းတရားအကြောင်း ကောင်းစွာ နားလည်သဘောပေါက်လာစေရန် သင်ပြပေးရာ နေရာတစ်နေရာလည်းဖြစ်ပါသည်။ ဘဝ၏နောက်ဆုံးနေ့ ရက်များကို ငြိမ်းချမ်းစွာနေထိုင်နိုင်စေရန်နှင့် မိမိတို့အတွေ့အကြုံများအား တစ်ပါးသောသူများထံသို့ဝေမျှ ပေးရန် ရဟန်းတော်များက အာရုံစိုက်ကာဖြင့်ကူညီပေးနေပါသည်။

“ကုသလို့မရတော့တဲ့ ရောဂါတစ်မျိုးမျိုးဖြစ်နေတယ်လို့ သိထားတယ်ဆိုရင်တောင် ဝေဒနာရှင်တိုင်းက ချက် ချင်းကြီး အိပ်ရာထဲလှဲနေဖို့မလိုပါဘူး” ဟု နခွန်ရာချာဆီမားခရိုင်၏ခရိုင်ကျန်းမာရေးမှူးချုပ် ဒေါက်တာ Suphol Tatiyanuntaporn က ပြောသည်။

ထို့ပြင် အဆိုပါဗုဒ္ဓဘာသာဆေးရုံဆေးခန်းကြီး၏အကြီးအမှူးဖြစ်သော ကျောင်းထိုင်ဆရာတော် ဖရာ့အာ ချန်ဆန်ဖရာ့ချ်ပန်ရာခမိုက “ကောင်းသောသေခြင်းဆိုတာက သူတို့ဘာတွေ အားထုတ်ခဲ့ကြသလဲ. . .? ဘာ တွေပြီးမြောက်ခဲ့ကြသလဲ. . .? ဆိုတာတွေနဲ့ပဲ ဆိုင်ပါတယ်။ ဘုန်းကြီးတို့ ဒီနေရာမှာ အသုံးပြုနေတဲ့နည်း လမ်းကတော့ ‘သတိပဋ္ဌာန်’ နည်းလမ်းပါ” ဟုပြောသည်။

ဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများတွင် သတိရှိခြင်း၊ မိမိကိုယ်မိမိထိန်းချုပ်ခြင်း၊ ကြောက်ရွံမှုကင်း ခြင်းနှင့် ဝီရိယရှိခြင်းတို့ပါဝင်နေကြသည်။ ယင်းတို့က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ နာကျင်မှုများ ကိုသက်သာစေနိုင်သည့်အပြင် ယခင်ကရှိခဲ့ဖူးသော ချမ်းသာသုခများကပြန်လည်ရရှိအောင်လည်း ကူညီ ပေးနိုင်ပါသည်။

သို့သော် လူအများစုအဖို့ကတော့ နောက်ဆုံးအဆင့်အဖြစ်ခံစားနေရသော ရောဂါဝေဒနာကို သေဒဏ်အဖြစ် ယူဆထားလေ့ရှိတတ်ကြသည်။ ထိုသို့ယူဆခြင်းက လူနာများ၏စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အ ပြင်ရုပ်ပိုင်းဆိုင်ရာခွန်အားများ ရုတ်တရက်ဆုံးရှုံးကာ အရွယ်မတိုင်ခင်မှာဘဲ ဘဝ၏နောက်ဆုံးအဆင့်ကို ရောက်သွားစေနိုင်ပါသည်။

နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်သော ရောဂါဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ပေးနေသည့် ဝပ်ဖနွမ် ဆတ်အ(တ်)ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီးကတော့ ‘ပေးကမ်းစွန့်ကြဲခြင်း၏ စွမ်း အား”အပေါ် ယုံကြည်သူလည်းဖြစ်သည်။ ဆရာတော်ကြီးဆိုလိုသော ‘ပေးကမ်းစွန့်ကြဲခြင်း’ဆိုသည်က ‘အ တွေ့အကြုံများမျှဝေခြင်း’ဖြစ်သည်။ လူနာများ၏ ပေးကမ်းစွန့်ကြဲခြင်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ က လူနာများကိုယ်တိုင်အတွက်လည်း ကောင်းမွန်သောအလေ့အကျင့်ပင်ဖြစ်ပါသည်။

ဖော်ပြခဲ့သောအရာများအားလုံးထက် ပို၍အရေးကြီးသည်က နောက်ဆုံးထွက်သက်အထိ သတိထားရှုမှတ် နေဖို့ပင်ဖြစ်၏။ (မည်သူမဆို) လောကကြီးကနေ ငြိမ်းချမ်းငြိမ်သက်စွာစွန့်ခွာသွားနိုင်ရန်အတွက် အရေး အကြီးဆုံးမှာ ရှုမှတ်မှုပင်ဖြစ်ပါသည်ဟု ဤနေရာကလေးတွင် ယုံကြည်ထားကြပါသည်။ ဆရာတော်ကြီးက သူယုံကြည်ထားသည့်အတိုင်းလည်း ခေတ်ပေါ်ဆေးဝါးများနှင့် နှိုင်းယှဥ◌်ပြခဲ့ပါသည်။ ကျန်းမာရေး ကောင်း မွန်လာစေရန်အတွက် ဤနေရာကလေးတွင် ဘက်ပေါင်းစုံကနေ အလေးထားဆောင်ရွက်နေပါသည်။ ရုပ် ပိုင်းဆိုင်ရာမှသည် စိတ်ပိုင်း၊ လူမှုရေးပိုင်းနှင့် ဝိညာဥ်ပိုင်းဆိုင်ရာအထိ ဆရာတော်ကြီးနှင့် ရဟန်းတော်များ က အထူးကူညီစောင့်ရှောက်ပေးနေကြပါသည်။

ဝပ်ဖနွမ် ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းသည် ဆေးကုသရာမှဖြစ်ပေါ်လာတတ်သည့် ဘေးထွက်ဆိုး ကျိုးများအားရင်ဆိုင်နိုင်ရန် ကူညီပေးသည့်အပြင် ဝေဒနာများကနေသက်သာရာရရှိစေရန် အာရုံစိုက်ကာ အထူးဂရုပြုဆေးကုသလေ့ရှိသောကြောင့် ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အသိအမှတ်ပြုလက်မှတ် ရရှိထားပါသည်။ လက်ရှိအချိန်မှာတော့ ရဟန်းတော်များ၊ သီလရှင်ဆရာကလေးများနှင့် ခရိုင်တွင်းရှိ ဆေး ဘက်ဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ရှင်များစုပေါင်းကာ လူနာ ၅၀ နီးပါးအား အခမဲ့ဆေးကုသမှုပေးနေ ပါသည်။ လူနာအများစုက မရှိဆင်းရဲနွမ်းပါးသူများဖြစ်ကြသည်။

နောက်ဆုံးအဆင့်ရောဂါဝေဒနာရှင်များအား ဆေးကုသမှုများပေးနေသည့်အတွက် ဝပ်ဖနွမ်ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းကို အများပြည်သူအတွက် ဆေးကုသရေးဌာနအဖြစ် အသိအမှတ်ပြုထားသော် လည်း အမျိုးသားကျန်းမာရေးဖူလှုံရေးရုံး (လူမှုဖူလှုံရေးရုံး) – NHOS က ဝေဒနာရှင်တစ်ဦးလျှင် တစ်နှစ် ဘတ်ငွေ ၁၀,၀၀၀ ထောက်ပံ့ပေးရန်ကိုတော့ ပယ်ချခဲ့ပါသည်။

တစ်လအတွက်အသုံးစရိတ်အား ဘတ်ငွေ ၅၀၀,၀၀၀ သတ်မှတ်ထားပြီး အလှူရှင်များ၏လှူဒါန်းငွေများဖြင့် လည်ပတ်နေရသည်ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။ ကျန်းမာရေးဌာန၏ တင်းကြပ်သောစည်း ကမ်းချက်များကြောင့် ဂေဟာအနေဖြင့် နိုင်ငံတော်ထောက်ပံ့ကြေးရရှိရန်ခက်ခဲနေသေးသည်ဟုလည်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါသည်။

“ဘုန်းကြီးတို့က ကျန်းမာရေးဝန်ထမ်းတွမဟုတ်တဲ့ ရဟန်းတော်တွေပါ။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာအလေ့ အကျင့်ကိုအခြေခံပြီး ပြည်သူတွေကိုကူညီပေးနေကြတာပါ။ ဒါကြောင့်လည်း လူမှုဖူလှုံရေးရုံး (NHOS) အနေနဲ့ သင့်တော်တဲ့ငွေကြေးအကူအညီပေးဖို့လိုပါတယ်” ဟုလည်း ဆရာတော်ကမိန့်သည်။

ဝပ်ဖနွမ်ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်း၏ကျေးဇူးကြောင့် ခရိုင်တွင်းရှိဆေးရုံများ၌ အလုပ်တာဝန် များ လျော့ပါးသွားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ခရိုင်တိုင်းတွင် ကုသရေးဂေဟာ (အနည်းဆုံး) တစ်ခုဆီရှိကြကာ နောက်ဆုံးအဆင့်ဝေဒနာရှင်များအတွက် ကုသရေးစရိတ်များလျှော့ချရန် ကျန်းမာရေးဝန်ကြီးဌာနက မူဝါဒ ချမှတ်ထားသည်ဟု ချုတ်ချိုင်းပြည်သူ့ဆေးရုံကြီး၏ဒါရိုက်တာဖြစ်သူ ဒေါက်တာ Kriengsak Kruthakool က ပြောသည်။

မကြာသေးခင်ကမှပြုလုပ်ခဲ့သော ခရိုင်သတင်းစာရှင်းလင်းပွဲတွင်လည်း ဒေါက်တာက “မိသားစုက မစောင့် ရှောက်နိုင်တော့လို့ ဆေးရုံတွေမှာပစ်ထားခံလိုက်ရတဲ့ ဆင်းရဲနွမ်းပါးတဲ့လူနာတွေ ဆေးရုံတွေမှာ များများ လာတယ်။ ဒီလိုမျိုးများပြားလာတာက ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတွေကိုသာ ဖြစ်စေပါတယ်”ဟု မီဒီယာများ ကို ပြောကြားခဲ့သည်။

သို့သော် ဝပ်ဖနွမ် ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းကတော့ ဤသို့သောစွန့်ပစ်လူနာများအားကူညီကာ တရားတော်၏ရင်ငွေ့အောက်၌ ခိုလှုံစရာနေရာပေးခဲ့သောကြောင့် ခရိုင်အတွင်းကဆေးရုံများအပေါ် အကူ အညီအများကြီး ပေးနိုင်ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်ထားသောအချက်အလက်များအရဆိုလျှင်မူ နှစ်စဥ် လူပေါင်း ၅၆ ဒဿမ ၈ သန်းဝန်းကျင်သည် နာကျင်မှုနှင့် စိတ်ဖိစီးမှုများကသက်သာစေသော ဆေးကုသမှုများလိုအပ် လျက်ရှိနေပြီး အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ၊ ရောဂါများတိုးပွားလာသည်နှင့်အမျှ ဝေဒနာခံစား နေရသူအရေအတွက်က ပိုမိုများပြားလာနိုင်သည်ဟု သိရသည်။

ဝပ်ဖနွမ် ဆတ်အ(တ်) ဘုန်းတော်ကြီးကျောင်းသည် လူနာအများအပြားတို့အား ရေရှည်စောင့်ရှောက်မှုပေး ခြင်း၊ ရောဂါကျွမ်းနေသူများအား စောင့်ရှောက်မှုပေးခြင်းနှင့် ဘဝ၏နောက်ဆုံးလက်ကျန်အချိန်ကို စောင့် မျှော်နေသူများအား စောင့်ရှောက်မှုပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေပါသည်။

ကျောင်းထိုင်ဆရာတော် ဖရာ့ အာ ချန် ဆန်ဖရာ့ချ် ပန်ရာခမို ကတော့ ယခုကဲ့သို့မိန့်ကြားခဲ့ပါသည်။

“ဒါက လူအဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့စံနမူနာတစ်ခုဖြစ်သလို လူအချင်းချင်း စောင့်ရှောက်လိုစိတ်ရှိ တဲ့ တကယ့်ကိုယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ စံနမူနာကောင်းပါပဲ” ဟူ၏. . . . . .။

Ref: Bangkok Post, วัดป่าโนนสะอาด ศูนย์พุทธวิธีดูแลพระสงฆ์อาพาธและผู้ป่วยระยะสุดท้าย‘s Facebook Page

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာနိုင်ငံက လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်ခဲ့ဟု UNOCHA ထုတ်ပြန်
Next Article စစ်ကောင်စီနှင့် ပျူတပ်များကြောင့် ခင်ဦးဒေသခံ သောင်းချီ နေရပ်မပြန်နိုင်သေး
thanlwinkhet
  • Website

Related Posts

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

April 12, 2026

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

Leave A Reply Cancel Reply

Recent Posts

  • မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး
  • စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ
  • သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ
  • လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး

စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မင်းတပ်မှာ စစ်ကော်မရှင် ဗုံးကြဲလို့ နေအိမ် ၃၀ နီးပါး ပျက်စီး

April 12, 2026

စစ်တပ် တပ်ရင်းမှူးပါ ဖမ်းဆီးနိုင်ခဲ့သည့် လေးကေစခန်းကုန်းသိမ်းပွဲ

April 12, 2026

သွေးစွန်းနေသော ပုရပိုက်နှင့် နယ်စပ်ဖြတ်ကျော် အတာအိုးလေးများ

April 12, 2026

လေကြောင်းဒဏ်သင့် ဘီးလင်းစစ်ရှောင် တစ်သောင်းကျော် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်

April 12, 2026

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

April 11, 2026

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.