တစ်ချိန်က မူးယစ်ဘုရင်၊ အခုတော့ နတ်ဖုရား ******************** ဘုန်းမောင် ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄။ ရွှေတြိဂံဒေသသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည့် နေရာတစ်နေရာအဖြစ်ထင်ရှားကျော်ကြားပါသည်။ ရွှေတြိဂံဒေသတွင်းက တောတွင်းတစ်နေရာမှာတော့မြင်းစီးကြေးရုပ်တုတစ်ခုရှိနေသည်။ လူငယ် ၄ ဦး သည် အမွှေးတိုင်များထွန်းညှိထားသောအဆိုပါမြင်းစီးကြေးရုပ်တုကြီးရှေ့တွင်ဆုတောင်းရန် ဒူးထောက်လိုက်ကြ သည်။ ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့နယ်နိမိတ်ချင်းဆုံနေကြသော အဆိုပါတောင်တန်းဒေသကိုရောက်ရှိရန်တောရိုင်း…