• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို
  • ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
  • ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ
  • ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်
  • တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်
  • ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့် မောင်မောင်လွင်ကို ၆ လ ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်
  • DKBA နယ်မြေရှိ ကျားဖြန့်ရုံကို စစ်ကော်မရှင် လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၄၀ ကျော် ဒဏ်ရာရ
  • မြဝတီဘက်ခြမ်း ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၂၃ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»KNU တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
နေ့စဉ်သတင်း

KNU တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

thanlwinkhetBy thanlwinkhetMarch 2, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

KNU တပ်မဟာ ၃ နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

***************************

မေသံလွင်

မတ် ၂၊ ၂၀၂၄။

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရ သည်။

ယနေ့ မတ်လ ၂ ရက် နံနက် ၂ နာရီကျော်တွင် နတ်သံကွင်းမြို့အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ ၁ ဦးက ” တောင်စု၊ တမာခေါ ၊ ရန်မျိုးအောင် ၊ နတ်သံကွင်းနဲ့ နောင်ကုန်းကြားကို လာပစ်သွားတာ။ မနက် ၂ နာရီခွဲလောက်မှာ ၁ ကြိမ်၊ ၃ နာရီ မထိုးခင်မှာ ၁ ကြိမ် လာပစ်သွားတာ ” ဟုဆိုသည်။

နတ်သံကွင်းမြို့ရဲစခန်းနှင့် တံတားထိပ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချကာ စစ်ရေးအရအရေးပါသည့် စစ်တောင်းမြစ်ကူးတံတား ( နတ်သံကွင်းတံတား ) ကို ပြန်လည်ပြုပြင်နေသည်ဟု ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်း နတ်သံကွင်းမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် – KNLA၊ တပ်မဟာ  ၃  ရင်း ၉ ၊ ၃၇၀၂ PDF တပ်ရင်း ပူးပေါင်းစစ်ကြောင်းများကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများခဲ့သည်ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း က ထုတ်ပြန်ထားသည်။

အထိနာခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် နတ်သံကွင်းမြို့ပေါ်ရှိ နေအိမ်တချို့ကို မီးရှို့မှုများလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ယမန်နေ့ မတ်လ ၁ ရက် ည ၉ နာရီဝန်းကျင်တွင် ပဲနွယ်ကုန်းမြို့အရှေ့ဘက် အုန်းနှဲရိုးကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ – ၃၀၇ တပ်က တပ်ဖွဲ့ဝင်များသည် အုန်းနှဲရိုးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဒေသခံ ၁ ဦးက ” ညက လက်နက်ငယ်သံတွေ အရင်ကြားရတာ။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာပဲ။ လက်နက်ကြီးကျလို့  အုန်းနှဲရိုးက အိမ် ၂ လုံး မီးလောင်သွားတယ် ” ဟုဆိုသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၉ ရက်အထိ ၆ ရက်တာအတွင်း ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) ၊ ကျောက်ကြီး မြို့နယ် ( လယ်ဒိုမြို့နယ် ) တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်သော လေယာဉ်ဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ပစ်ခတ်ခြင်း ၃၆ ကြိမ်အပြင် လက်နက်ကြီး ၃၀၃ လုံး ပစ်ခတ်ခဲ့သည်ဟု KNU က မတ်လ ၂ ရက် ၌ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ထိုကဲ့သို့ လေကြောင်း၊ ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျောက်ကြီးမြို့နယ် ( လယ်ဒိုမြို့နယ် ) အတွင်းက နေအိမ် ၇ လုံး၊ ဆေးခန်း ၁ လုံးထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၁၃ ဦး ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၁ ဦးနှင့် နွား ၂ ကောင်သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး KNU ။

ပုံစာ – ဖေဖော်ဝါရီလတွင် ကျောက်ကြီးမြို့နယ်အတွင်းကို‌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း။ ( ပုံ/ အဟောင်း )

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3605

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=8063

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ
Next Article ရှမ်းတောင် – ရှမ်းရှေ့ ကုန်စည်စီးဆင်းမှုအတွက်အရေးပါသည့် မိုင်းပွန်တံတားပြန်ဖွင့်
thanlwinkhet
  • Website

Related Posts

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

March 14, 2026

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

March 14, 2026

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

March 13, 2026

Leave A Reply Cancel Reply

Recent Posts

  • TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို
  • ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
  • ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ
  • ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်
  • တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

TNLA ဘက်က စတင်ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ရခြင်းဟု MNDAA ဆို

March 14, 2026

ပဲခူးမှ ထိုင်းနိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ

March 14, 2026

ညောင်လေးပင်ဖြစ်စဉ် အပါအဝင် ၅ နှစ်အတွင်း အစုအပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ငါးရာ ကျော်ရှိလာ

March 14, 2026

ICRC နှင့် တွေ့ဆုံမှုကြောင့် နိုင်ငံရေးအကျဉ်းသားကို ထောင်ဝန်ထမ်းအဖွဲ့က ဝိုင်းရိုက်

March 13, 2026

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် BWM ပစ်ခတ်တိုက်ခိုက်

March 13, 2026

ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သည့် မောင်မောင်လွင်ကို ၆ လ ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်

March 13, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.