• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်
  • ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်
  • စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
  • ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်
  • မြောက်ဦးတွင် ဗုံးဆော့ကစားမိ၍ ၃ နှစ်အရွယ် ကလေးငယ်များ သေဆုံးဒဏ်ရာရ
  • ကျားဖြန့်ဝန်ထမ်းများအား အာရက္ခတပ်တော် တရုတ်ထံလွှဲပြောင်း
  • ဝေါ်လေဗျူဟာမကျရေး စစ်တပ်ဘက်မှ လေကြောင်းပိုမိုအသုံးပြုလာ
  • စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တရုတ်အရှိုက်ထိုးမယ့် ”ဝ” ပြည်သံဖြူသတ္တုသိုက်
ဆောင်းပါး

တရုတ်အရှိုက်ထိုးမယ့် ”ဝ” ပြည်သံဖြူသတ္တုသိုက်

thanlwinkhetBy thanlwinkhetMarch 2, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တရုတ်အရှိုက်ထိုးမယ့် ”ဝ” ပြည်သံဖြူသတ္တုသိုက်
**************************
ကောင်းချစ်အောင်
မတ် ၃၊ ၂၀၂၄။

တရုတ်နိုင်ငံ သံဖြူထုတ်လုပ်မှုအတွက်ကုန်ကြမ်းကို ”ဝ”  ပြည်သွေးစည်းညီညွတ်ရေးပါတီ – UWSP ထိန်းချုပ်နယ် မြေမှာရှိ တဲ့ သတ္ထုမိုင်းတွေကနေ အဓိကထောက်ပံ့ပေးနေပါတယ်။

ဖေဖော်ဝါရီ ၇ရက်မှာတော့ UWSP က သူ့ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သံဖြူတင်ပို့မှုအားလုံးကို အခွန် ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ သံဖြူလက်ကျန်နည်းပါးလာမှု၊ ကုန်ကျစရိတ်ကြီးလာမှုစတဲ့အချက်တွေကြောင့် UWSP က သံဖြူတင်ပို့မှုကန့်သတ်ချက်တွေ ဆက်တိုက်လုပ်ဆောင်ခဲ့ဖူးပေမယ့်ခုတစ်ကြိမ်မှာတော့ တရုတ်နိုင်ငံ ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ထိခိုက်‌မှုများနိုင်တယ်လို့ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

သံဖြူကို တရုတ်က ဘယ်နေရာတွေမှာ အသုံးပြုနေလဲ?
******************

လျှပ်စစ်ကားထုတ်လုပ်ရေးနယ်ပယ်မှာ ထိပ်သီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာအီလက်ထရွန်းနစ်ပစ္စည်းတွေမှာ ဘက်ထရီနဲ့ အောက်ခံပြားတွေ ပြုလုပ်ဖို့ သံဖြူကိုကြားခံအဖြစ်အသုံးပြုနေပါတယ်။

လျှပ်ကူးဂုဏ်သတ္တိအားနည်းတဲ့အတွက် လျှပ်စီးပတ်လမ်း ဘုတ်ပြား(microchip circuit) တွေမှာ semi-conductor အနေနဲ့ အသုံးပြုနေတာပါ။ အဲဒါကြောင့် လျှပ်စစ်နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေတိုင်းမှာ သံဖြူကမပါ မဖြစ်တဲ့သတ္တုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သံဖြူ ၆၀ ရာခိုင်နှုန်းကျော်ရောနှောပါဝင်တဲ့ သတ္တုစပ် alloy အဖြစ်လည်းအသုံးများပြီးအစားအစာ စည်သွတ်ဗူးပြုလုပ်ရာမှာလည်း သံဖြူနဲ့ coating လုပ်ထားတဲ့ သံဗူးတွေကိုအများဆုံးအသုံးပြုပါတယ်။

နည်းပညာမထွန်းကားသေးတဲ့ ကာလမှာတော့ သံဖြူသုံးစွဲမှုက ကွဲပြားခဲ့ပါတယ်။

ဘီစီ ၃၀၀၀ ဝန်းကျင်မှာ လူသားတွေဟာ ပထမဆုံးသတ္တုစပ်အဖြစ် ကြေးနီနဲ့သံဖြူရောစပ်ထားတဲ့ကြေးညိုကို အသုံးပြုခဲ့ကြပြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ထုတ်လုပ်ရေးအတွက်အဓိကဖြစ်ခဲ့ပါတယ်။

သံဖြူထုတ်လုပ်ရေးမှာ မြန်မာနိုင်ငံက ဘယ်လောက်အရေးပါသလဲ?
*********************

သံဖြူသတ္တုရိုင်းကြောအများဆုံးထွက်ရှိရာဒေသက အရှေ့တောင်အာရှဒေသဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားတို့ပြီးရင် မြန်မာနိုင်ငံဟာ တတိယအကြီးဆုံး သံဖြူထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးကရင်နီ ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ သံဖြူထုတ်လုပ်နေပါတယ်။

ကရင်နီပြည်နယ်က မော်ချီးသတ္တုတွင်း၊ ထားဝယ်မြို့နယ်က ဟိန္ဒားသတ္ထုတွင်းနဲ့”ဝ”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က မန်းမောသတ္ထုတွင်းတို့ဟာ ထင်ရှားတဲ့ ခဲမဖြူ(သံဖြူ)ထုတ်လုပ်တဲ့သတ္ထုတွင်းတွေပါပဲ။

ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်လုပ်ငန်းတွေမှာအသုံးပြုခဲ့တဲ့သံဖြူစုစုပေါင်းပမာဏရဲ့ ၇၂ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကနေ ဝယ်ယူခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ တန်ချိန် ၁၈၇,၀၀၀ ကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ တန်ချိန် ၁၈၀,၀၀၀အထိရှိခဲ့ တယ်လို့ ကုန်သွယ်မှုအချက်အလက်လေ့လာစောင့်ကြည့်ရေး (TDM) က ဖော်ပြထားပါတယ်။

 ”ဝ” ပြည်ရဲ့ အဓိကဝင်ငွေလမ်းကြောင်းဖြစ်လာတဲ့ သံဖြူ
*********************

”ဝ” ပြည်နယ်မှာ သံဖြူသိုက်တန်ချိန် သန်း ၅၀ ကျော်ရှိပြီး မြန်မာ့သံဖြူတင်ပို့မှုရဲ့ ၉၅ ရာခိုင်နှုန်းကိုတင်ပို့နေတာဖြစ်တယ်လို့ အမေရိကန်အစိုးရ အမျိုးသားတွင်းထွက်သတင်းအချက်အလက်ဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ ဘိန်းဖြူနဲ့မူးယစ်ဆေးဝါးလုပ်ငန်းတွေကို အဓိကအားထားပြီး တပ်အင်အားတိုးချဲ့ရေး၊လက်နက်တပ်ဆင်ရေးအတွက် ဝင်ငွေရှာဖွေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ UWSP/UWSA ထိန်းချုပ်နယ်မြေမှာရှိတဲ့ မန်းမောရွာအနီးကတောင်ကြောတွေမှာသံဖြူသတ္တုရိုင်း အများအပြား စတင်တွေ့ရှိလာခဲ့ပါတယ်။ အစပိုင်းမှာကိုယ်ထူကိုယ်ထတူးဖော်ရေးသာလုပ်ဆောင်ခဲ့ပေမယ့် UWSPရဲ့ပါတီခေါင်းဆောင်တွေပိုင်ဆိုင်တဲ့ကုမ္ပဏီတွေက စက်ယန္တရားကြီးတွေနဲ့ တူးဖော်လာခဲ့ပါတယ်။

မန်းမောမိုင်းတွင်းကထွက်ရှိတဲ့ သံဖြူသတ္တုဟာ အဆင့်မြင့်အမျိုးအစားဖြစ်ပြီး တစ်နှစ်ကိုသန့်စင်ပြီးသားသံဖြူ တန်ချိန် ၃၃,၀၀၀ ကျော်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီထုတ်လုပ်မှုနှုန်းက ကမ္ဘာအဆင့် ၁၀ ရှိတယ်လို့ ဆိုပါတယ်။

Reuters သတင်းဌာနရဲ့ ၂၀၁၆ ခုနှစ်ဖော်ပြချက်အရ မန်းမော်သံဖြူတွင်းကို ကုမ္ပဏီ ၇ ခုကထိန်းချုပ်ထားပြီး သတ္တုရိုင်းခွန် ၂၅ ရာခိုင်နှုန်း၊ မြေငှားခ၊ သတ္တုတူးဖော်ခွင့်ကြေးတွေကို ”ဝ”ပြည်နယ်အစိုးရကို နှစ်စဉ် ပေးဆောင်ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် UWSA တပ်မှူးတွေဒုဝန်ကြီးတွေနဲ့ စက်မှုနှင့် သတ္တုတူးဖော်ရေး အကြီးအကဲတွေကသာ အဲဒီကုမ္ပဏီတွေကိုပိုင်ဆိုင်တယ်လို့လည်း ဆိုပါတယ်။

UWSP/UWSA ရဲ့ သံဖြူကွန်ရက် ဘယ်လောက်အထိ ကျယ်ပြန့်လဲ.?
*********************

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်ကစပြီး UWSP/UWSA ခေါင်းဆောင်ပိုင်းကိုမူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့အတွက် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မူလပြဋ္ဌာန်းချက်မှာအတိုင်းဆိုရင်တော့ ကုမ္ပဏီတွေအနေနဲ့ပိတ်ဆို့အရေးယူခံထားရတဲ့နေရာကပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေအရောင်းအဝယ်လုပ်ခွင့်မရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှု ဆိုင်ရာကျွမ်းကျင်သူတွေကပြောဆိုထားပါတယ်။

ဒါပေမယ့် UWSP/UWSA ရဲ့သံဖြူတွေဝယ်ယူနေတဲ့ ကုမ္ပဏီ ၅၀၀ ထဲမှာ အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့Apple, Starbucks ကော်ဖီနဲ့ Tiffany လက်ဝတ်ရတနာကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်အခြေစိုက် အစိုးရပိုင် Yunnan Cultural IndustryInternational (YCII) က အဲဒီကုမ္ပဏီတွေနဲ့ UWSA တို့အကြား ကြားခံသဖွယ်ဆောင်ရွက်ပြီး
တင်ပို့ပေးနေတာလည်းဖြစ်ပါတယ်။

Apple ကိုတင်ပို့မယ့်ကုန်ကြမ်းအတွက် တရုတ်နိုင်ငံရဲ့ အကြီးဆုံးသံဖြူထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Yunnan Tin Co. Ltd နဲ့ ထိုင်ဝမ်အခြေစိုက် semiconductor ထုတ်လုပ်တဲ့ Shenmao Technology တို့ဟာ ”ဝ”  ဒေသက သံဖြူ သတ္ထုရိုင်းတွေကို ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ဝန်းကျင်ကာလတွေမှာ Yunnan Tin ကုမ္ပဏီက အမေရိကန်ပြည်ထောင်စုကို သတ္တု တန်ချိန်၁၂,၀၀၀ တင်ပို့ခဲ့တယ်လို့ အမေရိကန်အခြေစိုက် ကုန်သွယ်ရေးလေ့လာမှုကုမ္ပဏီ Panjiva ရဲ့အချက်အလက်တွေအရ သိရ ပါတယ်။

”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဦးဆောင်တဲ့ ”ဝ” ပြည်နယ်သာ သီးခြားအချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာ မယ်ဆိုရင်တော့ ”ဝ” ဒေသဟာ ကမ္ဘာ့တတိယအကြီးဆုံးသံဖြူထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပါလိမ့်မယ်။

UWSP/UWSA ရဲ့ သံဖြူသတ္တုရိုင်းထုတ်လုပ်မှုကန့်သတ်ချက်တွေက ကမ္ဘာ့သံဖြူဈေးကွက်ကိုရောတရုတ်ရဲ့ စီးပွားရေးဈေးကွက်ကိုပါ လှုပ်ခတ်မှု အနည်းနဲ့အများရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတနင်္သာရီတိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ် ၂ စင်းဖြင့်တိုက်ခိုက်၊ ဒေသခံများတိမ်းရှောင်နေရ
Next Article ရန်ကုန်မြစ်တွင်း ဆီသင်္ဘောမီးလောင်မှု ဒီဇယ်ဆီဂါလံ ၈၀၀ နှင့် ကျပ်သိန်း ၈၀ တန်ဖိုးဆုံးရှုံးဟု ဆို
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြေရှားသတ္တုများအပေါ် မျက်စိကျနေသည့် ထရန့်ပ်က မြန်မာကို တရုတ်လက်ထဲ ထိုးအပ်နေ

August 1, 2025

Leave A Reply Cancel Reply

Recent Posts

  • ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်
  • ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်
  • စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်
  • ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်
  • မြောက်ဦးတွင် ဗုံးဆော့ကစားမိ၍ ၃ နှစ်အရွယ် ကလေးငယ်များ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်

စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်သည့်ကြားမှ ထီးသပိတ်ပြုလုပ်

August 8, 2025

ယာယီသမ္မတ ဦးမြင့်ဆွေကွယ်လွန်ပြီဟု ကာလုံ အတည်ပြု၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည်

August 7, 2025

စစ်တွေမြို့နယ် ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

August 7, 2025

ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု မြင့်တက်၍ သေဆုံးသူ ထက်ဝက်ခန့် မြင့်တက်

August 7, 2025

မြောက်ဦးတွင် ဗုံးဆော့ကစားမိ၍ ၃ နှစ်အရွယ် ကလေးငယ်များ သေဆုံးဒဏ်ရာရ

August 7, 2025

ကျားဖြန့်ဝန်ထမ်းများအား အာရက္ခတပ်တော် တရုတ်ထံလွှဲပြောင်း

August 6, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.