• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»တနင်္သာရီတိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ် ၂ စင်းဖြင့်တိုက်ခိုက်၊ ဒေသခံများတိမ်းရှောင်နေရ
တိုက်ပွဲသတင်း

တနင်္သာရီတိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ် ၂ စင်းဖြင့်တိုက်ခိုက်၊ ဒေသခံများတိမ်းရှောင်နေရ

thanlwinkhetBy thanlwinkhetMarch 2, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တနင်္သာရီတိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ် ၂ စင်းဖြင့်တိုက်ခိုက်၊ ဒေသခံများတိမ်းရှောင်နေရ

***************************************

သဇင်

မတ်လ ၂၊ ၂၀၂၄။

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ ရောင်းမော်ရွာကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ် ၂ စင်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည်ဟု ဒေသခံများထံက ကနဦးသိရှိရသည်။

ယနေ့ မတ်လ ၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် ရောင်းမော်ရွာထိပ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ စခန်းချနေထိုင်သည့်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးပတ်ဝန်းကျင်ကို လေကြောင်းပစ်ကူသုံးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့မနက် ၅ နာရီခွဲကနေ နေ့လယ် ၁၁ နာရီ အထိ Mi-2 ရဟတ်ယာဉ် ၂ စင်းဖြင့် ရောင်းမော်ရွာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံများထိခိုက်သေဆုံးမှုရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီ သူ ၁ ဦးက ပြောသည်။

“လက်ရှိမှာတော့ လေယာဉ်ကငြိမ်သွားပြီ။ ရောင်းမော်ရွာထဲမှာတော့ လေကြောင်းပစ်လို့ ပြည်သူထိခိုက်မှုတော့ များနေတယ်။ ရွာထဲမှာတော့ ပြည်သူအလောင်းတွေရှိနေတယ်လို့ပြောတယ် ။ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။

ထို့ပြင် ရောင်းမော်ရွာအနီး ဆေးဖြတ်ကုန်းမှ ဆိုင်ကယ်ဖြင့် စစ်ရှောင်နေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၏ ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ယနေ့ နေ့လယ် ၁၁ နာရီခန့်တွင် သေဆုံးခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆို သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် လေကြောင်းအပြင် မြေပြင်ကလည်း အင်အား ၂၀၀ ကျော်ဖြင့် ပြင်ကွက်သား ကျေးရွာ၊ ရောင်းမော်ကျေးရွာအတွင်းဝင်ရောက်စီးနင်းထားပြီး ရောင်းမော်ရွာဘုန်းကြီးကျောင်းအတွင်း စစ်ဘေး ရှောင်တချို့ တိမ်းရှောင်နေသည်ဟု သရက်ချောင်းဒေသခံ ၁ ဦးက ဆိုသည်။

“ရောင်းမော်ရွာမှာတော့ အခုလက်ရှိသိရသေးတာတော့ အိမ် ၃ လုံးတော့ပျက်စီးမှုရှိတယ်။ စစ်ဘေးရှောင်တွေ တော့ ရောင်းမော်ဘုန်းကြီးကျောင်းမှာ အခုလက်ရှိ ရှောင်နေရတယ်”ဟုဆိုသည်။

ထိုကဲ့သို့ အခြေအနေများကြောင့် ရောင်းမော်ရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ရှမ်းမတွင်း၊ ပြင်ကွက်သား၊ ဆေးဖြတ် ကုန်း၊ ကျောက်လှေကားနှင့် ကင်းရှေ့ရွာကဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၃ ရက်အတွင်း ဝကုန်းနှင့် ကျောက်မဲတောင်ရွာကြားတွင်  ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် – KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် များကြားဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ရွာပေါင်း၁၂ ရွာက ဒေသခံ ၇,၀၀၀ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။

Video – ရောင်းမော်ရွာအတွင်း လေကြောင်းတိုက်ခိုက်မှု ရုပ်သံ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3608

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=8072

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်းတောင် – ရှမ်းရှေ့ ကုန်စည်စီးဆင်းမှုအတွက်အရေးပါသည့် မိုင်းပွန်တံတားပြန်ဖွင့်
Next Article တရုတ်အရှိုက်ထိုးမယ့် ”ဝ” ပြည်သံဖြူသတ္တုသိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.