မြန်မာတွင် လူကုန်ကူးခံခဲ့ရသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်ပို့ဆောင်နေ
************************
နန်းဆုပန်ခန့်
မတ် ၂၊ ၂၀၂၄။
ထိုင်း – ကရင်နယ်စပ် သောင်ရင်းမြစ်ဘေး၊ မြဝတီမြို့အနီးရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းများ တွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသားအပါအဝင် အခြားနိုင်ငံအသီးသီးမှ နိုင်ငံခြားသားများကိုလည်း ချိတ်ဆက်ပို့ဆောင်ပေးနေသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ လူ KK Park အပါအဝင် တခြားသော လောင်းကစားရုံများတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၉၉၇ ဦးအား ထိုင်း – မြန်မာ – တရုတ် ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၅ ရက်အတွင်း မဲဆောက်လေဆိပ်ကနေတဆင့် ပြန်လည်ပို့ဆောင်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
၎င်းက “ သူတို့ အဲ့ဒါက တစ်နေ့ကို မှန်လုံကား ၃ စီးနဲ့တော့ပို့တယ်။ ပို့တယ်ဆိုတာ မြန်မာကနေထိုင်းဘက်ကို ပို့ တာ။ မဲဆောက်လေယာဉ်ကွင်းအထိ ထိုင်းနဲ့ မြန်မာနဲ့ပူးပေါင်းပြီးတော့ လုပ်တာ။ တရုတ်က ကြားကနေပြီးတော့ လာကြိုပေးတာ။ တိုက်ရိုက်ပဲ” ဟု ပြောပါသည်။
ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန်အတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ လူကုန်ကူးခံနေရသည့် ဖြစ်စဉ်များကို ဖော်ထုတ်ခြင်းနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများ၌လုပ်ကိုင်နေသည့် စာရင်းတွင်ပါဝင်သော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ပို့ခြင်းဖြစ် သည်။
ထိုကဲ့သို့ပြန်ပို့ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားသားများ ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဥ်အစည်းအဝေးကို တက်ရောက်ခဲ့သူ ၁ ဦးကပြောသည်။
ကရင်နယ်ခြားစောင့်တပ် – BGF ၏ ဗိုလ်မှူးကြီးစောချစ်သူက ရှမ်းပြည်နယ်၊ လောက်ကိုင်ကဲ့သို့ဖြစ်ရပ်များ မရှိစေရန်အတွက် တရုတ်နိုင်ငံခြားသားများဝင်ရောက်လာပါက တာဝန်အရပြန်လည်လွှဲပြောင်းပေးမှုများရှိသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် RFA သတင်းဌာနကို ဖြေကြားထားသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှိမ်နင်းရေးအစီအစဉ်တွင် ကရင်နယ်ခြားစောင့်တပ် – BGF က လုံခြုံရေးဂိတ်အသီးသီးတွင် လုံခြုံရေးလုပ်ဆောင်ပေးမှုများရှိသည်ဟု အမည်မဖော်လိုသူ BGF ခေါင်းဆောင် ၁ ဦး က ဆိုသည်။
ထိုင်း – မြန်မာနယ်စပ်သောင်ရင်းမြစ်ဘေးရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် ကာစီနိုရုံများတွင် ကရင်နယ်ခြားစောင့်တပ် BGF ပတ်သက်နေခြင်းသည် စားဝတ်နေရေးအရဖြစ်ပြီး လူကုန်ကူးသည့်ကိစ္စနှင့်ပတ်သက်လျှင်လည်း သက်ဆိုင် ရာတာဝန်ရှိလူကြီးများက အတတ်နိုင်ဆုံးဖြေရှင်းသွားရန်ရှိသည်ဟုလည်း အဆိုပါ BGF ခေါင်းဆောင်ကပြော သည်။
၎င်းက “ လူကုန်ကူးတာတွေကတော့ သက်ဆိုင်ရာလူကြီးတွေက သူတို့အတတ်နိုင်ဆုံးဖြေရှင်းပြီးတော့ ဟုတ် တယ်ဆိုလည်း ဟုတ်တယ်ပေါ့နော်။ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့၊ သူတို့ အတတ်နိုင်ဆုံးဖြေရှင်းပြီး ဆောင် ရွက်သွားဖို့တော့ရှိပါတယ်။ များသောအားဖြင့်ကတော့ နိုင်ငံတကာမီဒီယာတွေက ပြောတဲ့ဥစ္စာတွေကလေ သုံးပုံပုံ ရင် တစ်ပုံလောက်ပဲ မှန်တာရှိတယ်။ ” ဟု ပြောသည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကျားဖြန့်လုပ်ငန်းများ တွင် KNU အနေဖြင့် ပါဝင်ပတ်သက်မှုမရှိဘဲ အဆိုပါလုပ်ငန်းများကိုနှိမ်နင်းရန် တရုတ်အစိုးရ၊ ထိုင်းအစိုးရနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ဇန်နဝါရီလအစောပိုင်းက ပြောကြားထားသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park နှင့် တခြားသော ကာစီနို၊ လောင်းကစားရုံများတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၃၆၈ ဦးကို ထိုင်း- မြန်မာ – တရုတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ယမန်နေ့ မတ်လ ၁ ရက်တွင် မဲဆောက်လေဆိပ်ကတဆင့် ပြန်လည်ပို့ဆောင်ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ၂၉ ရက်ကလည်း တရုတ်လူမျိုး ၁၅၀ ကို မြန်မာဘက်ခြမ်း အမှတ်၂ ချစ်ကြည်ရေးတံတားကနေ ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့ပြီး မဲဆောက်လေဆိပ်ကတဆင့် လေယာဉ် ၂ စီးဖြင့် နန်ကျင်းလေဆိပ် ကို ပို့ဆောင်ပေးခဲ့သည်။
ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကို တိုက်ဖျက်ရန် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျကရာပေါင် ဂျန်ပန်ပင် တို့ နေပြည်တော်၌ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပိုင် မီဒီယာများက ဖော်ပြထားသည်။
ထိုသို့ နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဖို့အရေး ဆွေးနွေးအပြီး ၂ လကျော်အကြာတွင် ကရင်ပြည်နယ်အတွင်းရှိ ကာစီနိုလုပ်ငန်းခွင်များသို့ ရောက်ရှိနေသော နိုင်ငံခြားသားများကို ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – ဖေဖော်ဝါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတဆင့် တရုတ်နိုင်ငံသားများကို ပြန်လည်ပို့ဆောင်နေသည့်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3601
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8054