မြန်မာရွှေ့ပြောင်းများနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိသေးဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော ******************************* သံလွင်ခက် ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။ ထိုင်းနိုင်ငံကိုရောက်ရှိလာသော မြန်မာနိုင်ငံသားများ၏ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂရုတစိုက်ကြပ် မတ်စောင့်ကြည့်နေပြီး ထိန်းသိမ်းဆောင်ရွက်နိုင်သောအခြေအနေမျိုုးတွင်ရှိနေသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် က ပြီးခဲ့သောရက်ပိုင်းတွင်ပြောကြားခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံကိုရောက်ရှိလာသည့် အခြားသောမြန်မာရွှေ့ပြောင်းများနှင့် စစ်ကောင်စီဆန့်ကျင်ရေးတက် ကြွလှုပ်ရှားသူများကို ကွဲပြားစွာပြုမူဆက်ဆံသင့်သည်ဟုလည်း သူကဆိုသည်။…