• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကြောင်းထိုးလာသည့်အတွက် ဇရပ်ကြီးဒေသခံများ ထပ်မံတိမ်းရှောင်နေရ၊ ဒေသခံ တချို့ ဖမ်းဆီးခံနေရမှုများ ရှိနေ
တိုက်ပွဲသတင်း

စစ်ကြောင်းထိုးလာသည့်အတွက် ဇရပ်ကြီးဒေသခံများ ထပ်မံတိမ်းရှောင်နေရ၊ ဒေသခံ တချို့ ဖမ်းဆီးခံနေရမှုများ ရှိနေ

thanlwinkhetBy thanlwinkhetMarch 12, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကြောင်းထိုးလာသည့်အတွက် ဇရပ်ကြီးဒေသခံများ ထပ်မံတိမ်းရှောင်နေရ၊ ဒေသခံ တချို့ ဖမ်းဆီးခံနေရမှုများ ရှိနေ

****************************************************

ယမင်းဖူးပွင့်အောင်

မတ် ၁၂၊ ၂၀၂၄။

စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် ဇရပ်ကြီးမြို့အရှေ့ဘက်ရှိ ဂွအိုင်၊ တလိုင်းအိုင်၊ သရက်တန်းစသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ထိုကဲ့သို့ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်နေသည့်အပြင် ဒေသခံများကိုလည်း ဓားစာခံအနေဖြင့် ဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု သိရသည်။

မတ်လ ၂၀ ရက်တွင် တလိုင်းအိုင်ရွာက ဒေသခံ ၂၀ ဦးခန့် နေရပ်စွန့်ခွာနေစဉ် အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည်ဟု ဇရပ်ကြီးဒေသခံ ၁ ဦးက သံလွင်ခက်ကို ပြောသည်။

၎င်းက ” တလိုင်းအိုင်ရွာထဲမှာပဲ ဖမ်းထားတာ။ ရွာသားတွေက အစားအစာလည်းမစားရဘူး။ လက်နက်ကြီးနဲ့ ရွာထဲကိုပစ်ဝင်ပြီး ပြည်သူတွေကိုမတရားဖမ်းထားတာ။ တောင်ငူကို ပြေးတဲ့သူကလည်း ပြေးကုန်ပြီ။ တောင် တွေပေါ်မှာ ထမင်းငတ်တဲ့သူကလည်း ငတ်ပေါ့နော်” ဟုဆိုသည်။

တလိုင်းအိုင်ရွာ၊ ဂွအိုင်ရွာနှင့် သရက်တန်းရွာများသည် ဇရပ်ကြီးမြို့အရှေ့ဘက်တွင်တည်ရှိပြီး ရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းစစ်ကြောင်းထိုးနေကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA အပါအဝင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား ၃ ရက်ဆက်တိုက် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိ သည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဂွအိုင်ရွာနှင့် တလိုင်းအိုင်ရွာတွင် ထိခိုက်ပျက်စီးမှုများရှိနေပြီး မသန်စွမ်းသူ များနှင့် သက်ကြီးရွယ်အိုများသည် ထွက်ပြေးတိမ်းရှောင်ရာ၌ အခက်အခဲများရှိနေသည်ဟု လူမှုကူညီရေးအသင်းဝင် ၁ ဦးက ပြောသည်။

၎င်းက “ရွာအခြေအနေကလည်း တော်တော်ကြီးပျက်စီးသွားတယ်။ ထန်းတပင်နဲ့ ဇရပ်ကြီးကြားက ရွာလေးကို သွားခေါ်ရတာ။ ပြေးလာတဲ့အချိန် တွားသွားပြီးလာရတာ။ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ မသန်စွမ်းတွေ လည်းပါတယ်။ ဒုက္ခရောက်ကြတာပေါ့” ဟုဆိုသည်။

တလိုင်းအိုင်ရွာနှင့် ဂွအိုင်ရွာအပါအဝင် ရွာပေါင်း ၄ ရွာခန့်က ဒေသခံ ၁,၀၀၀ ကျော်သည် တောင်ငူမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအပါအဝင် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ရှောင်အရေအတွက်ပိုမိုများပြားလာသလို အချိန်ကာလလည်းကြာမြင့်လာသဖြင့် နေရာထိုင်ခင်းနှင့် စားနပ် ရိက္ခာ အခက်အခဲများရှိလာသည်ဟု လူမှုကူညီရေးအသင်းများထံက သိရသည်။

လူမှုကူညီရေးအသင်းဝင် ၁ ဦးက “ ဘုန်းကြီးကျောင်းတွေကလည်း စာဖြေရက်နီးလာလို့ နေရာတွေမလောက်ဘူး ဆိုပြီး ပြောကြတာပေါ့။ ရက်ကြာတော့လည်း လှူတဲ့ ကူတဲ့သူတွေပန်းလာကြပြီလေ။ တချိူ့ကလည်း ပြန်ကြ တယ်။ ဒီရက်တွေက စိုက်ခင်းရိတ်တဲ့ရက်တွေလေ။ စစ်ရှောင်တွေကို ထမင်းပဲကျွေးတာ။ ပိုက်ဆံပေးတာမှ မဟုတ်တာ” ဟုဆိုသည်။

ပြီးခဲ့သည့် ၁ လ ခန့်က ဒေသတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသောဒေသခံများသည် ယခု လပထမပိုင်းတွင်  ဇရပ်ကြီးမြို့နှင့် ကျေးရွာများသို့ ပြန်လာနေမှုများရှိနေပြီး လုံခြုံစိတ်ချရသော အခြေအနေ ရောက်မှသာနေရပ်ပြန်ရန် ကူညီသူများက တိုက်တွန်းထားကြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ တပ်မဟာ ၂ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇရပ် ကြီးရဲစခန်း၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချားစခန်း၊ ရှားစေလိုးစခန်းများကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၂ နာရီခန့်တွင် တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာကစ၍ ဇရပ်ကြီးမြို့အပါအဝင် အနီးတ ဝိုက်ကျေးရွာများ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဇရပ်ကြီးဒေသခံများ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3714

YouTube – >  https://youtu.be/QqbTWiv8qdA?si=t_-oGmGKSvk_jV-Z

Website – >   https://thanlwinkhet.net/?p=8272

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article၂၀၂၄ ခုနှစ်အတွင်း ဘေးဒဏ်သင့်မြန်မာပြည်သူ ၁၈ ဒဿမ ၆ သန်းကျော်အတွက် အရေးပေါ်အကူအညီလိုအပ်
Next Article နှစ်ဖက်တပ်စွဲထားသော မိုးမိတ်မြို့တွင် ဒေသခံအများစု နေရပ်မပြန်နိုင်သေး
thanlwinkhet
  • Website

Related Posts

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ
  • နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်
  • ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ

June 16, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်သားများ လက်နက်ချ

June 16, 2025

နယ်စပ်ဂိတ်အားလုံးပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်တားမြစ်မယ်လို့ ဟွန်ဆန်ခြိမ်းခြောက်

June 16, 2025

ကျားဖြန့်မှ ကယ်ထုတ်ခဲ့‌သော ပါကစ္စတန်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်း

June 16, 2025

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

June 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.