ရခိုင်ပြည်နယ်တွင် ငွေထုတ်ခများအဆမတန်မြင့်တက် ********************************************* ယမင်းဖူးပွင့်အောင် မတ် ၁၉၊ ၂၀၂၄။ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ငွေထုတ်ခများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ စစ်တွေမြို့ကို စစ်ကောင်စီက ဝင်ထွက်ခွင့်ပိတ်လိုက်သည့်အတွက် ကုန်ဈေးနှုန်းများသာမက ငွေထုတ်ခဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု စစ်တွေမြို့ဒေသခံ ၁…