• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
  • ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးကို နေရပ်ပြန်ပို့
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ထီးကပလယ်စခန်းက တပ်ဖွဲ့ဝင်များ လက်နက်ချရန် အချိန်ပေးထား
တိုက်ပွဲသတင်း

ထီးကပလယ်စခန်းက တပ်ဖွဲ့ဝင်များ လက်နက်ချရန် အချိန်ပေးထား

thanlwinkhetBy thanlwinkhetMarch 28, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ထီးကပလယ်စခန်းက တပ်ဖွဲ့ဝင်များ လက်နက်ချရန် အချိန်ပေးထား

*******

နန်းဆုပန်ခန့်

မတ် ၂၈၊ ၂၀၂၄။

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် မြဝတီမြို့တောင်ဘက်ရှိ ထီးကပလယ်စခန်းက စစ်ကောင်စီတပ်သားများအား ကရင်ပူးပေါင်းတပ်ဘက်က လက်နက်ချရန်ပြောသော်လည်း လက်မခံဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြန် လည်ခုခံနေသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံက သိရသည်။

ထီးကပလယ်စခန်းရှိ စစ်ကောင်စီတပ်ရင်းမှူးထံသို့တယ် လီဖုန်းဖြင့် သတိပေးပြောဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းများဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေသည်ဟု KTLA အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စလုံး က သံလွင်ခက်ကိုပြောသည်။

၎င်းက “ ကျွန်တော်ရောက်လာတဲ့ ပထမတစ်ရက်ကတော့ သူတို့တပ်ရင်းမှူးနဲ့ စကားပြောနေရတယ်။ လာပူးပေါင်းပါ၊ NUG ဘက် PDF ခေါင်းဆောင်ဘက်ကလည်း မင်းတို့ကို အကောင်းဆုံးစောင့်ရှောက်ပေးမယ်၊ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ အကောင်းဆုံးဆောင်ရွက်ပေးမယ်၊ စကား ပြောထားတာပဲ။ တကယ်နောင်တမရဘူးဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ တိုက်ရမှာပဲ။ ဒါပေမယ့် သူတို့ဘက်ကတော့ ကြည့်ရတဲ့ပုံကတော့ နောင်တမရဘူးထင်တယ်။ လေယာဉ်နဲ့လာကြဲတယ်။ ကျွန်တော်တို့ကိုတစ်ခေါက်ပြီးတစ်ခေါက်လာကြဲတယ်” ဟု ဆိုသည်။

ထီးကပလယ်စခန်းတွင် စစ်ကောင်စီ၏ ခလရ – ၃၂ နှင့် ခမရ – ၅၈၅ တပ်တို့ အခြေချတပ်စွဲထားပြီး အင်အား ၅၀ ကျော်ရှိသည်ဟု တော်လှန်တပ်ဖွဲ့များထံက သိရသည်။

ယခုလက်ရှိအချိန်တွင်တော့ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် စစ်ကောင်စီတပ်ဖွဲ့အား အချိန်‌ပေးထားသည်ဟု ဗိုလ်စလုံးက ပြောသည်။

၎င်းက “ သူတို့ကိုတော့ အချိန်ပေးသေးတယ်။ ပြန်လာပူးပေါင်းဖို့၊ လက်နက်ချဖို့။ ပူးပေါင်းရင်လည်း သူတို့ဒုက္ခမရောက်ဘူးလေ။ အခုအချိန်မှာ သူတို့ဒုက္ခရောက်နေတာတော့ နားလည်ပေးတယ်။ လူသားအချင်းချင်း အတူတူပဲလေ။ သူတို့ တကယ်လက်နက်မချဘူး၊ မပူးပေါင်းဘူးဆိုရင်တော့ အမြစ်ဖြတ်ပါမယ်။ သူတို့လည်း ငါမသေ ငါ့စခန်းမကျရ၊ ငါတို့ မဟာမိတ်ပူးပေါင်းတပ်တွေကလည်း ထီးကပလယ်စခန်းမကျရင် အိမ်မပြန်ဘူးလေ။ စမ်းကြည့်တာပေါ့“ ဟု ဆိုသည်။

ထီးကပလယ်စခန်းကို ကရင်ပူးပေါင်းတပ်များက လက် နက်ချရန်ပြောဆိုခဲ့ပြီး  KNLA တပ်ရင်း – ၁၀၃ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး စောသေဂေးနှင့် KNDO တပ်ရင်း ၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောအယ်မြထူး တို့က ဝေါလေ၊ စုကလိထစခန်းရှိ ခမရ – ၅၆၀ က တပ်ရင်းမှူး ဒုတိ ယဗိုလ်မှူးကြီး သူရိန်ဦး အား လက်နက်ချပူးပေါင်းရန် ယမန်နေ့တွင် သတိပေးခဲ့သည်။

စခန်းသိမ်းတိုက်ပွဲကာလတွင် ပူးပေါင်းတပ်ဘက်က စခန်းကုန်းပေါ်အထိ တက်ရောက်တိုက်ခိုက်နိုင်ခဲ့သော် လည်း စစ်ကောင်စီ ဝေါလေဗျူဟာကုန်းကနေ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ၅ ကြိမ်တိုင် တိုက်ခိုက် ခဲ့သည့်အတွက် စခန်းအပြီးသိမ်းပိုက်ရန် ခက်ခဲသည့်အနေအထားတွင်ရှိသည်ဟု KTLA ဘက်က ယမန်နေ့တွင်ထုတ်ပြန်ပြောဆိုလာသည်။

ယနေ့တွင် ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ထားပြီး စစ်ကောင်စီတပ်ဖွဲ့များလက်နက်ချကြရန်ကမ်းလှမ်းထားပြီး စောင့်ကြည့်နေဆဲဖြစ်သောကြောင့် စစ်တပ်ဘက်ကလည်း လက်နက်ကြီးပစ်ခတ်မှုမရှိဟု ဗိုလ်စလုံးက ဆက်ပြောသည်။

“ဒီနေ့ ကျွန်တော်တို့ဆီမှာတော့ လေယာဉ်၊ လက်နက်ကြီးနဲ့ ပစ်တာမရှိဘူး။ ကျွန်တော်တို့ကလည်း ဒီနေ့ စစ်ရေးလှုပ်ရှားမှုတွေမရှိသေးဘူး။ အခြေအနေတွေစောင့်ကြည့်တယ်။ သူတို့ ဖုန်းဆက်လာမလား။ လက်နက်လာချမလား။ ပူးပေါင်းမလားပေါ့” ဟုဆိုသည်။

အဆိုပါစခန်းကို မတ်လ ၁၂ရက်ကစတင်၍ ယနေ့ မတ်ဘလ ၂၈ ရက်အထိ KTLA ၏ Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန် မန်ဒိုတပ်ရင်း ၊ Karen Special Black Forces တပ်ရင်းနှင့် ဗဟိုဌာနချုပ်တို့ပါဝင်သော ဗျူဟာစစ်ကြောင်း ၂  ကြောင်း၊ KNLA ၁၀၃ တပ်ရင်းနှင့် DKBA ခွဲထွက်တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ယခုမတ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ခမရ – ၃၅၅ အပြင် ခမရ – ၃၅၅ အနီးရှိ တာဝါတိုင်ကုန်း၊ ခမရ – ၃၅၆ ၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာကုန်း၊ မဲသရောထစခန်းနှင့် ရေတလျောက်စခန်း၊ ကော့ဘိန်းနယ်မြေရဲစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နှင့် ကာကွယ်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ပုံစာ – KTLA တပ်ဖွဲ့ဝင်တစ်ဦး။

************

Telegram– > https://t.me/newstlk/4039

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8767

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်စစ်ရှောင်များ၏နေအိမ်များ ဖောက်ထွင်းခံနေရ
Next Article လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်
thanlwinkhet
  • Website

Related Posts

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

May 19, 2025

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.