ဒီမိုကရေစီစနစ်ခိုင်မာရန် တိုင်းပြည်အာဏာကို ခေတ္တရယူထားခြင်းဟု စစ်ခေါင်းဆောင်ဆို
*******
သံလွင်ခက်
မတ် ၂၉၊ ၂၀၂၄။
ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန်ရည်ရွယ်ချက်ဖြင့် တိုင်းပြည်အာဏာကို ခေတ္တခဏရယူထားခြင်းဖြစ်သည်ဟု ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ညပိုင်းကကျင်းပခဲ့သည့် တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့သည်။
မကြာခင်တွင်လည်း တရားမျှတသည့်ရွေးကောက်ပွဲကျင်းပပေးသွားရန်စီစဥ်ထားသည်ဟု စစ်ခေါင်းဆောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာရှင်သန်ခဲ့ဖူးသည့် ဒီမိုကရေစီစနစ်ရပ်တန့်သွားအောင် ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်ကအာဏာသိမ်းယူခဲ့သည်။
ပြည်သူထံပြန်လည်အပ်နှင်းရန်ရည်ရွယ်ထားသည့် နိုင်ငံတော်အာဏာကို လက်နက်ကိုင်အုပ်စုများကလုယူရန် ကြိုးပမ်းနေသည်ဟု အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုသွားခဲ့သည်။
အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က (အချိန်ကာလသတ်မှတ်ချက်မပေးထားသော)ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထပ်ခါထပ်ခါပြောဆိုထားပြီး အဆိုပါရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု – PR (Proportional Representation) စနစ်ဖြင့် ကျင်းပသွားမည်ဟုဆိုသည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများ သည် ဘိန်း၊ ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးရောင်းချမှုများ ၊ လောင်းကစားဝိုင်းများကတဆင့်ရရှိသည့်ဝင်ငွေများဖြင့် လက်နယ်များဝယ်ယူကာ အကြမ်းဖက်လုပ်ရပ်များပြုလုပ်နေသည် ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
Ref: Reuters
************
Telegram– > https://t.me/newstlk/4042
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8773