• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်
  • ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
  • ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
  • ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ပြန်ရွေးချယ်ခံရ
  • အမေရိကန် ထောက်လှမ်းရေးအကြီးအကဲများ၏ ထွက်ဆိုချက် နှင့် ထရမ့်၏ အီရန် စစ်ပွဲဆင်နွှဲရခြင်း အကြောင်းပြချက်အကြား ကွဲလွဲမှုများရှိနေ
  • ကျောက်ဖြူ၊ ဒိုးတောင်ရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲ၊ စစ်ဘေးရှောင်တစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသာလျှင် နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်သူဟု NLD ဆို
နေ့စဉ်သတင်း

ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသာလျှင် နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်သူဟု NLD ဆို

thanlwinkhetBy thanlwinkhetMarch 28, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသာလျှင် နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်သူဟု NLD ဆို

******************

သံလွင်ခက်

မတ် ၂၈ ၊ ၂၀၂၄။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟုစွပ်စွဲကာ အဓမ္မအာဏာသိမ်းလိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး အလွန်ကြီးမားသော ရာဇဝတ်မှုဖြစ်သည့် နိုင်ငံတော်ပုန်ကုန်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD၊ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက သံလွင်ခက်သတင်းဌာနကို ပြောသည်။

ယမန်နေ့ ၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ၂၀၂၀ ပြည့်နှစ်၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမဲစာရင်းများကို စိစစ်ကြည့်သောအခါ ကမ္ဘာတွင် လွန်စွာကြီးမားသည့် မဲမသမာမှုပြုလုပ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဆောက်ရွက်ခဲ့ခြင်းစိစစ်တွေ့ရှိရသည်ဟု ဒေါသအပြည့်နှင့်ပြောကြားချက်အပေါ် NLD တာဝန်ရှိသူက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ” ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းမှားယွင်းမှုရှိတယ်ဆိုရင်တောင်မှပဲ ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့အညီ တိုင်ကြားဖြေရှင်းရတဲ့လုပ်ငန်းစဉ်တွေရှိရဲ့သားနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အဓမ္မအာဏာသိမ်းလိုက်တာက အဲဒီကာလ တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီးတော့ အလွန်ကြီးမားတဲ့ရာဇဝတ်မှု၊ နိုင်ငံတော်ပုန်ကုန်မှုကို ကျူးလွန်လိုက်တာဖြစ်ပါတယ် “ဟု ဆိုသည်။

ထိုကဲ့သို့သောအခြေအနေများကို ကာကွယ်တားဆီးနိုင်ရန်အတွက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို ခေတ္တရယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်ခေါင်းဆောင်က ၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟူသော စွပ်စွဲပြောဆိုချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က အာဏာသိမ်းချိန်ကစ၍ ယခုအချိန်ထိ အတွင်တွင်ပြောကြားနေခဲ့ပြီး ပြီးခဲ့သည့် နှစ် ၅၀ မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာ၌လည်း အဆိုပါစွပ်စွဲချက်ကို ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟု စစ်ကောင်စီကစွပ်စွဲကာ နိုင်ငံတော်အာဏာ အဓမ္မသိမ်းယူခဲ့သော်လည်း အမေရိကန်၊ ဗြိတိန်၊ EU – ဥ‌ရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက နိုင်ငံခေါင်းဆောင်များနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများကတော့ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကထွက်ပေါ်လာသည့် မဲရလဒ်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒဖြစ်သည်ဟု လက်ခံထားဆဲဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိသည်ဟုလည်း ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သည်။

NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ” နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ ပြောဆိုကြမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ အခြေခံပြီးတော့ ချဉ်းကပ်ပြောနေတာကို ကြည့်ခြင်းအား ဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ လွတ်လပ်ပြီးတော့ တရားမျှတမှုရှိတယ်ဆိုတာကို အလွယ်တကူသိနိုင်ပါတယ် ” ဟု ဆိုသည်။

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအတိုင်းဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲပြုလုပ်သွားမည် ဟု စစ်ကောင်စီခေါင်းဆောင်က ပြောကြားထားသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း အများစုလက်မခံနိုင်သည့် အဖြေရလဒ်မျိုးထွက်လျှင် ပြည်သူများက ပြန်လည်တော်လှန်နေဦးမည်သာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။

၎င်းက ” အများစုလက်မခံနိုင်တဲ့ အဖြေမျိုးဖြစ်နေတယ်ဆိုရင်တော့ ဘယ်လိုပုံစံနည်းနဲ့ပဲ ရွေးကောက်ပွဲလုပ်လုပ်၊ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာထွက်လာ လူတွေက လက်ခံနိုင်မှာ မဟုတ်ဘူး။ ပူးပေါင်းကြမှာလည်းမဟုတ်ဘူး။ မတတ်သာလို့ ခေါင်းငုံ့ခံရင်ခံမယ်။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးကြီးတစ်လုံး ရင်ဝယ်ပိုက်ထားသလို အကြောင်းတရားတစ်ခုတိုက်ဆိုင်လာရင် နာကျည်းမှုတွေက ပြန်ပွင့်ထွက်လာဦးမှာပဲ ” ဟု ဆိုသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံI TAR-TASS Media က ရုရှား – မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းရာတွင် စစ်ခေါင်းဆောင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းသွားပြီ ဆိုလျှင် ရွေးကောက်ပွဲကိုဥပဒေအတိုင်းမကျင်းပနိုင်ပါကလည်း တတ်နိုင်သမျှ သက်ဆိုင်ရာကဏ္ဍများတွင် ကျင်းပ သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပုံစာ – ၇၉ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာသော စစ်ခေါင်းဆောင်။

************

Telegram– > https://t.me/newstlk/4036

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >   https://thanlwinkhet.net/?p=8758

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ရှုံးနေသည့်စစ်ကောင်စီက အမ်းမြို့တွင် ဂျက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်နေ
Next Article ဖာပွန်မြို့ကို KNU ထိန်းချုပ်၊ မြို့ပေါ်လူထုများကိုခေါ်ထုတ်ပေးထား
thanlwinkhet
  • Website

Related Posts

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

March 19, 2026

ပြစ်ဒဏ်နှင့် စည်းကမ်းချက်များ ပိုတင်းကြပ်သည့် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ဥပဒေသစ် ကြေညာ

March 18, 2026

Leave A Reply Cancel Reply

Recent Posts

  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်
  • ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
  • ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

March 21, 2026

ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

March 20, 2026

ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

March 20, 2026

ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

March 19, 2026

ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ပြန်ရွေးချယ်ခံရ

March 19, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.