Month: May 2023

Loading

သံလွင်ခက် မေ ၁၅၊ ၂၀၂၃။ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် PNO တပ်များ ပူးပေါင်း၍ စစ်ကြောင်းထိုးနေမှုကြောင့် ၃ လနီးပါးအကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ရှမ်း-ကယားနယ်စပ်တွင် မိုးရွာသွန်းနေသောကြောင့် ရှေ့တန်းရဲဘော်များမိုးကာအင်္ကျီ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက…

Read More

Loading

သံလွင်ခက် မေ ၁၅၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရိုက်ခတ်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးပလက်ဝ CDF တပ်ရင်း ၂ ဌာနချုပ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ညပိုင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများကြောင့် CDF တပ်ရင်း ၂ ဌာနချုပ်အ​ဆောင်များ ထက်ဝက်​ကျော် ပျက်စီးမှုရှိခဲ့သည်ဟု…

Read More

Loading

သံလွင်ခက် မေ ၁၄၊ ၂၀၂၃။ မိုခါမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်မြို့နယ်တချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများရှိကာ ယနေ့နံနက်ပိုင်း၌ ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိမုန်တိုင်းဝင်ရောက်နေရာ ရခိုင်ပြည်နယ်နှင့်အနီးဆုံး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ကမ်းရိုးတမ်းဖုန်းများပင် ဆက်သွယ်၍ မရတော့ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။…

Read More

Loading

သံလွင်ခက် မေ ၁၄၊ ၂၀၂၃။ မုန်တိုင်းအရှိန်ကြောင့် နှစ်ရက်ဆက် မိုးရွာသွန်းလျက်ရှိနေသည့် စစ်ကိုင်းတိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံ တစ်သောင်းကျော် မိုးရေထဲ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ မေလ ၁၂ ရက်နံနက်ပိုင်းတွင် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ အင်အား…

Read More

Loading

ယမင်းဖူးပွင့်အောင် မေ ၁၄ ၊ ၂၀၂၃။ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က  နေပြည်တော်ရှိ ခြောက်လုံးတန်းနေအိမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။ အသက် ၉၀ ခန့်ရှိပြီဖြစ်သည့်  အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆယ်နှစ်ကျော်ကာလအတွင်း   နိုင်ငံရေးလောကနှင့်…

Read More

Loading

သံလွင်ခက် မေ ၁၃၊ ၂၀၂၃။ ဆိုင်းကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ရာ လမ်းကြောင်းတွင် ရခိုင်ပြည်နယ်ပြီးလျှင် ဒုတိယအနီးဆုံးဖြစ်သည့်ချင်းပြည်နယ်တွင် မုန်တိုင်းသတိပေးမှုများ အချိန်မီ ရရှိနိုင်ရန် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အခက်အခဲဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ရခိုင်ပြည်နယ်နှင့် ထိစပ်ပြီး မုန်တိုင်းအန္တရာယ် ပိုမို ကျရောက်နိုင်သည့် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်အများစုတွင် ယနေ့…

Read More

Loading

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မိုခါမုန်တိုင်း အနီရောင်အဆင့် သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့က ပြည်သူအများအပြား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။ ယနေ့ မေလ ၁၃ မနက်ပိုင်းမှ ညနေပိုင်းအထိ တစ်နေ့တည်းတွင် စစ်တွေမြို့ အဝေးပြေးကားကြီးကွင်းမှ မြောက်ဦး၊ ကျောက်တော်ဘက်သို့ တိမ်းရှောင်နေသူ ထောင်ချီရှိနေသည်။ ယနေ့နံနက်ပိုင်းမှ စတင်ပြီး နေ့လယ်ပိုင်းအထိ ကုန်တင်ကားကြီး…

Read More

Loading

သံလွင်ခက် မေ ၁၃၊ ၂၀၂၃။ လက်ရှိဖြစ်ပေါ်လျက်ရှိနေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် လွန်ခဲ့သည့် ၁၅ နှစ်က ပြည်သူ တစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းထက် ပြင်းအားနှင့် အရွယ်အစားမှာ ပိုကြီးမားသည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာ လေ့လာနေသူ ဦးဝင်းနိုင်က သံလွင်ခက်ကို ပြောသည်။ မိုခါမုန်တိုင်းနှင့် နာဂစ်မုန်တိုင်းတို့၏ ပြင်းအား၊ အရွယ်အစား၊ လမ်းကြောင်းနှင့်…

Read More

Loading

ယမင်းဖူးပွင့်အောင် မေ ၁၃၊ ၂၀၂၃။ မိုးတွင်းကာလ စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်များ လုံခြုံသည့် အမိုးအကာအောက်တွင် နေထိုင်နိုင်ရန်  ကူညီသူများက ယာယီနေအိမ်များ ဆောက်လုပ်ပေးနေသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအစား ပြန်လည် ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။ မိုးရာသီမတိုင်မီ အိမ်အလုံးရေ တစ်ထောင် …

Read More

Loading

သံလွင်ခက် မေ ၁၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သောက်သုံးရေပြတ်လပ်နေသဖြင့် ပဇီကြီးကျေးရွာက စစ်ရှောင်ပြည်သူများချောင်းရေ ၊မြောင်းရေများ တူးသောက်နေရပြီး ဆေးဝါးအကူညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ရေမသန့်မှုကြောင့် ပဇီးကြီးကျေးရွာက စစ်ရှောင်ကလေးနှင့် သက်ကြီးရွယ်အို အများစုမှာ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်နေသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။…

Read More