ထိုင်းရောက်မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ဒုက္ခများကို ကူညီဖြေရှင်းပေးမှုများလုပ်ဆောင်နေသည်ဟု NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက သံလွင်ခက်ကိုပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဒုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယခုလ တတိယအပတ်တွင်း၌ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့၊ LPN Foundation တို့နှင့်တွေ့ဆုံခဲ့ကြသည်။ “အထောက်ထားရှိတဲ့သူရော မရှိတဲ့သူရောထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ကိစ္စတွေ၊ စက်ရုံတွင်းနစ်နာမှုတွေ စာရွက်စာတမ်းအခက်အခဲတွေအဲ့ဒါတွေကအစရှေ့ဆက်ပြီး AACရဲ့ဆောင်ရွက်မှုတွေအပေါ်မှာ…